ယေရမိ 50
50
ဗာဗုလုန်မြို့ကိုသိမ်းယူခြင်း
1ထာဝရဘုရားသည်ဗာဗုလုန်မြို့နှင့် ထို ပြည်သူပြည်သားတို့ကိုရည်မှတ်၍ငါ့ အားဗျာဒိတ်ပေးတော်မူ၏။ ကိုယ်တော်က၊#ဟေရှာ၊ ၁၃:၁-၁၄:၂၃၊ ၄၇:၁-၁၅။
2``ဗာဗုလုန်မြို့သည်ကျဆုံးလေပြီ။ ထိုမြို့ ၏မေရောဒပ် ဘုရားသည်လည်းကျိုးပဲ့ကြေမွ၍သွားလေပြီ။
ဗာဗုလုန်မြို့ရှိစက်ဆုပ်ရွံရှာဖွယ်ကောင်းသည့် ရုပ်တုများသည်
အရှက်ကွဲလျက်ချေမှုန်းခြင်းကိုခံရကြပါသည် တကား။
ဤသတင်းကိုထိုလူမျိုးတကာတို့အား ပြောကြားကြေညာလော့။
အချက်ပြအလံဟူ၍ကြော်ငြာလော့။ ထိုသတင်းကိုလျှို့ဝှက်၍မထားနှင့်။
3``မြောက်အရပ်မှလူမျိုးတစ်ရပ်သည်ဗာဗုလုန် မြို့ကိုတိုက်ခိုက်ရန်ချီတက်လာပြီးလျှင် ထိုမြို့ ကိုသဲကန္တာရဖြစ်စေကြလိမ့်မည်။ လူနှင့်တိရစ္ဆာန် များထွက်ပြေးကြမည်ဖြစ်၍ထိုအရပ်သည် လူသူဆိတ်ငြိမ်ရာဖြစ်လိမ့်မည်'' ဟုမိန့်တော် မူ၏။
ဣသရေလအမျိုးသားတို့ပြန်လာကြခြင်း
4ထာဝရဘုရားက``ထိုအချိန်ကာလကျ ရောက်လာသောအခါ ဣသရေလနှင့်ယုဒ ပြည်သားတို့သည်ငိုယိုကာ မိမိတို့ဘုရားသခင်တည်းဟူသောငါ့အားလိုက်လံရှာဖွေ ကြလိမ့်မည်။- 5သူတို့သည်ဇိအုန်မြို့သို့သွားရာလမ်းကို မေးမြန်းစုံစမ်းလျက် ထိုမြို့သို့ရှေ့ရှု၍ သွားကြလိမ့်မည်။ သူတို့သည်ထာဝရ ဘုရားနှင့်ထာဝစဉ်ပဋိညာဉ်ဖွဲ့ပြီးလျှင် ထိုပဋိညာဉ်ကိုအဘယ်အခါ၌မျှချိုး ဖောက်ကြလိမ့်မည်မဟုတ်။
6``ငါ၏လူစုတော်သည်တောင်များပေါ်တွင် သိုးထိန်းတို့ကလမ်းလွဲစေသည့်သိုးများ နှင့်တူကြ၏။ သူတို့သည်တစ်တောင်တက် တစ်တောင်ဆင်းသွားလာကာ မိမိတို့သိုးခြံ ကိုမေ့လျော့သွားသည့်သိုးများကဲ့သို့ လှည့်လည်သွားလာခဲ့ကြလေပြီ။- 7သူတို့သည်မိမိတို့နှင့်ကြုံတွေ့ရသူလူ အပေါင်းတို့၏တိုက်ခိုက်မှုကိုခံရကြ၏။ သူတို့၏ရန်သူများက`ထိုသူတို့သည် ထာဝရဘုရားကိုပြစ်မှားကြသည်ဖြစ်၍ သူတို့အားငါတို့ပြုသည့်အမှုသည်မမှား။ သူတို့၏ဘိုးဘေးများသည်ထာဝရဘုရား ကိုယုံကြည်ကိုးစားခဲ့သူများဖြစ်သဖြင့် သူတို့ကိုယ်တိုင်သည်လည်းကိုယ်တော်အား သစ္စာစောင့်သင့်ကြပေသည်' ဟုဆိုကြ၏။
8``အို ဣသရေလပြည်သားတို့၊ ဗာဗုလုန်မြို့ မှထွက်ပြေးကြလော့။ ထိုပြည်မှထွက်ခွာ သွားကြလော့။ အဦးအဖျားထွက်ခွာ သွားကြလော့။-#ဗျာ၊ ၁၈:၄။ 9ငါသည်မြောက်အရပ်ရှိခွန်အားကြီးမား သည့်နိုင်ငံများကိုလှုံ့ဆော်ကာ ဗာဗုလုန်မြို့ ကိုတိုက်ခိုက်စေမည်။ သူတို့သည်စစ်ရေးစစ် ရာခင်းကျင်းလျက်ထိုမြို့ကိုတိုက်ခိုက်သိမ်း ယူကြလိမ့်မည်။ သူတို့သည်ပစ်မှတ်ကိုအစဉ် ထိမှန်အောင်ပစ်ခတ်နိုင်သူမုဆိုးကျော် များကဲ့သို့မိမိတို့လေးများကိုပစ်ခတ် တတ်ကြ၏။- 10ဗာဗုလုန်ပြည်သည်လုယက်ခြင်းကိုခံရ လိမ့်မည်။ လုယက်သူတို့သည်လည်း မိမိတို့ အလိုရှိသည့်ပစ္စည်းဥစ္စာမှန်သမျှကိုသိမ်း ယူကြလိမ့်မည်။ ဤကားငါထာဝရဘုရား မြွက်ဟသည့်စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
ဗာဗုလုန်မြို့ကျဆုံးခြင်း
11ဗာဗုလုန်မြို့သားတို့၊ သင်တို့သည်ငါ၏ နိုင်ငံတော်ကိုလုယက်ခဲ့ကြ၏။ သင်တို့သည် ကောက်နယ်သည့်နွားမကဲ့သို့သော်လည်း ကောင်း၊ ဟီလျက်နေသောမြင်းကဲ့သို့သော် လည်းကောင်း ဝမ်းမြောက်ရွှင်လန်းစွာသွား လာနေကြသော်လည်း၊- 12သင်တို့၏မြို့သည်အရှက်ကွဲ၍အသရေ ပျက်လိမ့်မည်။ နိုင်ငံတကာတို့တွင်ဗာဗုလုန် နိုင်ငံသည် အသိမ်ငယ်ဆုံးသောနိုင်ငံဖြစ် လိမ့်မည်။ ယင်းသည်ခြောက်သွေ့၍ရေမရှိ သည့်သဲကန္တာရဖြစ်လိမ့်မည်။- 13ငါ၏အမျက်တော်ကြောင့်ဗာဗုလုန်မြို့ တွင် အဘယ်သူမျှနေထိုင်ရကြလိမ့်မည် မဟုတ်။ ထိုမြို့သည်ယိုယွင်းပျက်စီးလျက် ကျန်ရစ်လိမ့်မည်။ အနီးမှဖြတ်သန်းသွား လာသူအပေါင်းတို့သည်ထိုမြို့ကြုံတွေ့ ရသည့်အဖြစ်အပျက်ကိုမြင်၍ လန့်ဖျပ် တုန်လှုပ်ကာအံ့သြ၍သွားကြလိမ့်မည်။
14``လေးသမားတို့၊ စစ်ရေးစစ်ရာခင်းကျင်း လျက်ဗာဗုလုန်မြို့ကိုတိုက်ခိုက်ဝိုင်းရံကြ လော့။ ဗာဗုလုန်မြို့သည်ငါထာဝရဘုရား အားပြစ်မှားလေပြီ။ သို့ဖြစ်၍သင်တို့၏ မြားရှိသမျှကိုထိုမြို့ထဲသို့ပစ်လွှတ် ကြလော့။- 15မြို့ပတ်လည်တွင်စစ်တိုက်သံများကိုကြွေး ကြော်ကြလော့။ ယခုဗာဗုလုန်မြို့သည် လက်နက်ချလေပြီ။ မြို့တံတိုင်းတို့သည် ကျိုးပေါက်ပြိုကျသွားလေပြီ။ ငါသည် ဗာဗုလုန်အမျိုးသားတို့အားလက်စား ချေလျက်နေသည်ဖြစ်၍ သင်တို့သည်သူတို့ အပေါ်၌လက်စားချေကြလော့။ သူတစ်ပါး တို့အားသူတို့ပြုကျင့်ခဲ့ကြသည့်အတိုင်း သူတို့အားပြုကျင့်ကြလော့။- 16ဗာဗုလုန်ပြည်တွင်ပျိုးကြဲခွင့်မပြုကြ နှင့်။ သူတို့ကိုလည်း အသီးအနှံများရိတ် သိမ်းခွင့်မပေးကြနှင့်။ ထိုအရပ်တွင်နေ ထိုင်လျက်ရှိသည့်လူမျိုးခြားမှန်သမျှ သည် ယခုစစ်ဆင်လျက်ရှိသည့်တပ်မတော် ကိုကြောက်သဖြင့် မိမိတို့ပြည်သို့ပြန် ကြလိမ့်မည်။
ဣသရေလအမျိုးသားတို့ပြန်လာကြခြင်း
17ထာဝရဘုရားက``ဣသရေလပြည်သား တို့သည်ခြင်္သေ့များကိုက်သဖြင့် ကွဲလွင့်သွား သည့်သိုးများနှင့်တူကြ၏။ ဦးစွာပထမ အာရှုရိဘုရင်သည်သူတို့အားတိုက်ခိုက်၏။ ထိုနောက်ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာ ကသူတို့၏အရိုးများကိုတတိတိကိုက် ဖဲ့လေသည်။- 18ဤအကြောင်းကြောင့်ဣသရေလအမျိုး သားတို့၏ဘုရားသခင်အနန္တတန်ခိုးရှင် ငါထာဝရဘုရားသည် အာရှုရိဘုရင် ကိုအပြစ်ဒဏ်ခတ်သည့်နည်းတူနေဗုခဒ် နေဇာမင်းနှင့်သူ၏နိုင်ငံကိုအပြစ်ဒဏ် ခတ်မည်။- 19ဣသရေလပြည်သားတို့အားမိမိတို့ ပြည်သို့ငါပြန်လည်ပို့ဆောင်မည်။ သူတို့ သည်ကရမေလတောင်ထိပ်နှင့်ဗာရှန်ဒေသ တွင်စိုက်ပျိုးသည့်အသီးအနှံများကိုစား ရကြလိမ့်မည်။ ဧဖရိမ်နှင့်ဂိလဒ်နယ်မြေ များတွင်ပေါက်ရောက်သမျှသောအသီး အနှံများကိုအဝစားရကြလိမ့်မည်။- 20ထိုအချိန်ကာလကျရောက်လာသောအခါ ငါသည်မိမိအသက်ရှင်ခွင့်ပေးထားသူတို့ ၏အပြစ်များကိုဖြေလွတ်ဖြေရှင်းမည်ဖြစ် ၍ ဣသရေလပြည်တွင်အပြစ်ဒုစရိုက်တစ် စုံတစ်ခုမျှတွေ့ရှိရလိမ့်မည်မဟုတ်။ ယုဒ ပြည်တွင်လည်းဆိုးညစ်မှုတစ်စုံတစ်ရာမျှ တွေ့ရှိရလိမ့်မည်မဟုတ်။ ဤကားငါထာဝရ ဘုရားမြွက်ဟသည့်စကားဖြစ်၏'' ဟုမိန့် တော်မူ၏။
ဗာဗုလုန်ပြည်အားဘုရားသခင်အပြစ်ဒဏ် စီရင်တော်မူခြင်း
21``ပုန်ကန်တတ်သောပြည်သားနှင့် အပြစ်ဒဏ် သင့်သည့်ပြည်သားတို့အားတိုက်ခိုက်ကြ လော့။ သူတို့အားသတ်ဖြတ်သုတ်သင်ကြ လော့။ ငါမိန့်မှာသမျှတို့ကိုပြုကြလော့။ ဤကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏။- 22ထိုပြည်တွင်စစ်တိုက်သည့်အသံဗလံများ ကိုကြားရ၏။ ဆုံးပါးပျက်စီးမှုကား ကြီးလှပေ၏။- 23ဗာဗုလုန်မြို့သည်တစ်ကမ္ဘာလုံးကိုသံတူ နှင့်ရိုက်နှက်ခဲ့၏။ သို့ရာတွင်ယခုအခါထို သံတူသည်အစိတ်စိတ်အမြွှာမြွှာကျိုးပဲ့၍ သွားလေပြီတကား။ လူမျိုးတကာတို့သည် ဗာဗုလုန်မြို့ကြုံတွေ့ရသည့်အဖြစ်အပျက် ကိုမြင်၍လန့်ဖျပ်တုန်လှုပ်ကြကုန်၏။- 24အို ဗာဗုလုန်မြို့၊ သင်သည်ငါ့ကိုတိုက်ခိုက် ခဲ့၏။ ငါထောင်ထားသည့်ထောင်ချောက်တွင် အမှတ်မထင်ဖမ်းမိလေပြီ။- 25ငါသည်အမျက်ထွက်သဖြင့်မိမိ၏လက် နက်တိုက်ကိုဖွင့်၍လက်နက်များကိုထုတ် ယူတော်မူလေပြီ။ အဘယ်ကြောင့်ဆိုသော် ဗာဗုလုန်မြို့တွင်အနန္တတန်ခိုးရှင်ငါထာ ဝရဘုရားပြုရန်အမှုရှိသောကြောင့် ဖြစ်၏။- 26ထိုမြို့ကိုအဘက်ဘက်မှနေ၍တိုက်ခိုက်ကြ လော့။ စပါးကျီများကိုဖောက်ဖျက်ကြလော့။ တိုက်ခိုက်လုယက်၍ရသောဥစ္စာပစ္စည်းတို့ကို စပါးပုံများကဲ့သို့စုပုံထားကြလော့။ မြို့ ကိုသုတ်သင်ဖျက်ဆီးကြလော့။ အဘယ် အရာကိုမျှချန်လှပ်မထားကြနှင့်။- 27စစ်သည်တပ်သားအပေါင်းကိုသတ်ဖြတ်ကြ လော့။ အစုလိုက်အပြုံလိုက်သတ်ကြလော့။ ဗာဗုလုန်ပြည်သားတို့သည်အမင်္ဂလာရှိ ကြ၏။ သူတို့အပြစ်ဒဏ်ခံရမည့်နေ့ရက် ကာလသည်ကျရောက်လာလေပြီ'' ဟု မိန့်တော်မူ၏။
28(ဗာဗုလုန်ပြည်မှလွတ်မြောက်လာသောစစ် ပြေးဒုက္ခသည်များသည်ဇိအုန်မြို့သို့လာ ရောက်ပြီးလျှင် ကိုယ်တော်၏ဗိမာန်တော်ကို ဗာဗုလုန်ပြည်သားတို့ဖျက်ဆီးကြသည့် အတွက် ငါတို့ဘုရားသခင်ထာဝရ ဘုရားသည်သူတို့အားအဘယ်သို့လက် စားချေတော်မူကြောင်းကိုပြောပြကြ၏။)
29``ဗာဗုလုန်မြို့ကိုတိုက်ခိုက်ရန်လေးသမား တို့အားပြောကြားကြလော့။ လေးနှင့်မြား ကိုအသုံးပြုတတ်သူမှန်သမျှကိုစေလွှတ် ကြလော့။ မြို့ကိုဝိုင်းရံထားကြလော့။ အဘယ် သူမျှထွက်မပြေးစေနှင့်။ ထိုမြို့သားတို့အား လက်စားချေကြလော့။ သူတို့သည် သူတစ်ပါး တို့အားပြုကျင့်ခဲ့ကြသည့်အတိုင်းသူတို့ အားပြုကျင့်ကြလော့။ အဘယ်ကြောင့်ဆို သော်သူတို့သည်ဣသရေလအမျိုးသားတို့ ၏သန့်ရှင်းမြင့်မြတ်တော်မူသောအရှင် ဖြစ်သူငါ့ကိုမာနထောင်လွှားစွာဆန့် ကျင်ခဲ့ကြပြီ။-#ဗျာ၊ ၁၈:၆။ 30သူတို့၏လူငယ်လူရွယ်များသည်မြို့လမ်း များပေါ်တွင်အသတ်ခံရကြလိမ့်မည်။ သူ တို့၏စစ်သည်တပ်သားအပေါင်းတို့သည် လည်းထိုနေ့၌သုတ်သင်ပယ်ရှင်းခြင်းကို ခံရကြလိမ့်မည်။ ဤကားငါထာဝရ ဘုရားမြွက်ဟသည့်စကားဖြစ်၏။
31``အို ဗာဗုလုန်မြို့၊ သင်သည်မာန်မာနနှင့် ပြည့်ဝလျက်နေသဖြင့် အနန္တတန်ခိုးရှင် ဘုရားသခင်၊ ငါထာဝရဘုရားသည်သင့် ကိုအတိုက်အခံပြုမည်။ သင့်အားငါ အပြစ်ဒဏ်ခတ်ရမည့်နေ့ရက်ကာလ သည်ကျရောက်လာလေပြီ။- 32မာန်မာနထောင်လွှားသည့်သင်တို့နိုင်ငံသည် ခြေချော်၍လဲလိမ့်မည်။ သင့်အားပြန်ထရန် အဘယ်သူမျှကူမလိမ့်မည်မဟုတ်။ ငါ သည်သင်တို့၏မြို့များကိုမီးလောင်ကျွမ်း စေမည်ဖြစ်၍ သင်တို့ပတ်လည်တွင်ရှိသမျှ သောအရာတို့သည်ပျက်စီးလိမ့်မည်'' ဟု မိန့်တော်မူ၏။
33အနန္တတန်ခိုးရှင်ထာဝရဘုရားက``ဣသ ရေလနှင့်ယုဒပြည်သားတို့သည်ညှင်းပန်း နှိပ်စက်ခြင်းကိုခံရကြ၏။ ဖမ်းဆီးသိမ်းယူ သွားသူများသည်သူတို့အားကြပ်တည်းစွာ အစောင့်ချ၍ထားကြ၏။ သူတို့ကိုထွက်ခွာ သွားခွင့်မပြုကြ။- 34သို့ရာတွင်ထိုသူတို့အားကယ်ဆယ်တော်မူ မည့်အရှင်သည်ခွန်အားကြီးမားတော်မူ၏။ ထိုအရှင်၏နာမတော်မှာအနန္တတန်ခိုးရှင် ထာဝရဘုရားဖြစ်သတည်း။ ထိုအရှင်ကိုယ် တော်တိုင်သူတို့၏အကျိုးကိုပြုစုတော်မူ ၍ ပြည်တော်တွင်ငြိမ်းချမ်းသာယာမှုရှိစေ တော်မူလိမ့်မည်။ ဗာဗုလုန်အမျိုးသားတို့ ကိုမူကားဒုက္ခရောက်စေတော်မူလိမ့်မည်'' ဟုမိန့်တော်မူ၏။
35ထာဝရဘုရားက``ဗာဗုလုန်ပြည်သည် ပျက်ပြုန်း ရလိမ့်မည်။
ပြည်သူပြည်သားများ၊အုပ်စိုးသူများနှင့် ပညာရှိများသည်သေဆုံးရကြလိမ့်မည်။
36ထိုပြည်၏မိစ္ဆာပရောဖက်တို့သည်သေဆုံး ရကြလိမ့်မည်။
သူတို့သည်အလွန်မိုက်မဲသူများဖြစ်၏။
ထိုပြည်၏စစ်သည်တပ်သားတို့သည် သေဆုံးရကြလိမ့်မည်။
သူတို့သည်အလွန်ကြောက်လန့်တုန်လှုပ်လျက် ရှိကြ၏။
37သူတို့၏မြင်းများ၊စစ်ရထားများကို ဖျက်ဆီးပစ်ကြလော့။
ငှားရမ်းထားသည့်စစ်သည်တပ်သားတို့ သည် သေဆုံးရကြလိမ့်မည်။
သူတို့သည်အလွန်အားအင်ချည့်နဲ့လျက် နေကြ၏။
ဗာဗုလုန်မြို့၏ပစ္စည်းဘဏ္ဍာများကို ဖျက်ဆီးပစ်ကြလော့။
ယင်းတို့ကိုတိုက်ခိုက်လုယက်ကြလော့။
38ထိုပြည်တွင်မိုးခေါင်စေ၍မြစ်များကိုခန်း ခြောက် စေကြလော့။
ဗာဗုလုန်ပြည်သည်ထိတ်လန့်ဖွယ်ကောင်းသည့် ရုပ်တုပေါများသည့်ပြည်ဖြစ်ပေသည်။
ထိုရုပ်တုများကြောင့်ပြည်သူတို့သည် မိုက်မဲသူများဖြစ်ကြလေပြီ။
39``သို့ဖြစ်၍ဗာဗုလုန်မြို့သည်နတ်ဆိုးများ၊ ဆိုးညစ်သောဝိညာဉ်များနှင့် ငှက်ဆိုးများ ခိုအောင်းရာဖြစ်လိမ့်မည်။ ထိုမြို့သည်နောင် ကာလအစဉ်အဆက်လူသူကင်းမဲ့ရာ အရပ်ဖြစ်လိမ့်မည်။-#ဗျာ၊ ၁၈:၂။ 40သောဒုံမြို့၊ ဂေါမောရမြို့နှင့်နီးနားဝန်းကျင် ကျေးရွာများသည် ငါ၏ဖျက်ဆီးခြင်းကိုခံခဲ့ ရသည့်နည်းတူ ဗာဗုလုန်မြို့သည်လည်းခံရ လိမ့်မည်။ ကာလအနည်းငယ်မျှပင်လျှင်ထို မြို့တွင်နေထိုင်သူတစ်ဦးတစ်ယောက်မျှရှိ လိမ့်မည်မဟုတ်။ ဤကားငါထာဝရဘုရား မြွက်ဟသည့်စကားဖြစ်၏။#က၊ ၁၉:၂၄-၂၅။
41``မြောက်ဘက်နိုင်ငံတစ်ခုမှလူတို့သည် ချီတက်၍လာလိမ့်မည်။
ရပ်ဝေးမှတန်ခိုးကြီးမားသည့်နိုင်ငံဖြစ်သည်။
ဘုရင်များသည်စစ်တိုက်ရန်ပြင်ဆင်လျက်ရှိ၏။
42သူတို့သည်မိမိတို့လေးများနှင့်ဋ္ဌားများကို ကိုင်စွဲကြလေပြီ။
သူတို့သည်ရက်စက်ကြမ်းကြုတ်၍ ကရုဏာကင်းမဲ့သူများဖြစ်ပေသည်။
သူတို့၏မြင်းခွာသံများသည်ပင်လယ်ရေ မြည်ဟီးသံနှင့်တူ၏။
သူတို့သည်ဗာဗုလုန်မြို့ကိုတိုက်ရန် အသင့်ရှိကြလေပြီ။
43ဗာဗုလုန်ဘုရင်သည်ထိုသတင်းကိုကြား သောအခါ မိမိ၏လက်များကိုပင်မလှုပ်မရှားနိုင် တော့ချေ။
သူသည်စိတ်ဒုက္ခရောက်လျက်သားဖွားသည့် အမျိုးသမီးကဲ့သို့ဝေဒနာခံရလေသည်။
44``ငါထာဝရဘုရားသည်ယော်ဒန်မြစ်တစ် လျှောက်ရှိထူထပ်သောတောအုပ်ထဲမှ စိမ်းလန်း သောမြက်ခင်းပြင်သို့ထွက်လာသည့်ခြင်္သေ့ကဲ့ သို့ထွက်လာပြီးလျှင် ဗာဗုလုန်မြို့သားတို့ အားမိမိတို့မြို့မှရုတ်တရက်ထွက်ပြေးစေ မည်။ ထိုနောက်ထိုမြို့ကိုအုပ်စိုးရန်ဘုရင် တစ်ပါးကိုငါရွေးချယ်ခန့်ထားမည်။ ငါနှင့် အဘယ်သူကိုနှိုင်းယှဉ်၍ရမည်နည်း။ အဘယ် သူသည်ငါနှင့်အံတုဖက်ပြိုင်ဝံ့မည်နည်း။ အဘယ်မည်သောမင်းသည်ငါ့အားအတိုက် အခံပြုနိုင်မည်နည်း။- 45သို့ဖြစ်၍ဗာဗုလုန်မြို့အတွက်ငါပြုလုပ် ထားသည့်အကြံအစည်ကိုလည်ကောင်း၊ မြို့ သူမြို့သားများအတွက်ငါကြံစည်ထား သည့်အမှုအရာကိုလည်းကောင်းနားထောင် ကြလော့။ ရန်သူသည်သူတို့၏သားသမီး များကိုပင်လျှင်ဒယဥ့်တိုက်ဆွဲ၍ခေါ်ဆောင် သွားလိမ့်မည်။ တွေ့မြင်ရသူအပေါင်းတို့ သည်လန့်ဖျပ်တုန်လှုပ်ကြလိမ့်မည်။- 46ဗာဗုလုန်မြို့ပြိုလဲသောအခါကြီးစွာ သောအသံဖြစ်ပေါ်လာသဖြင့် ကမ္ဘာမြေ ကြီးသည်တုန်လှုပ်၍သွားလိမ့်မည်။ ကြောက် လန့်အော်ဟစ်ကြသောအသံများကိုလည်း လူမျိုးတကာတို့ကြားရကြလိမ့်မည်'' ဟု မိန့်တော်မူ၏။
လက်ရှိရွေးချယ်ထားမှု
ယေရမိ 50: BCL
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
© 2005 Bible Society of Myanmar