ယေဇကျေလ 43
43
ဗိမာန်တော်သို့ထာဝရဘုရားပြန်လည် ကြွလာတော်မူခြင်း
1ထိုလူသည်ငါ့အားအရှေ့ဘက်သို့မျက် နှာမူနေသည့်မုခ်ပေါက်သို့ခေါ်ဆောင်သွား ၏။- 2ထိုအရပ်တွင်ဣသရေလအမျိုးသားတို့ ၏ဘုရားသခင်၏တောက်ပသောဘုန်း အသရေတော်သည်အရှေ့အရပ်မှပေါ် ထွက်လာသည်ကိုငါမြင်ရ၏။ ဘုရားသခင်၏အသံတော်သည်ပင်လယ်မြည် ဟည်းသံနှင့်တူ၏။ ကမ္ဘာမြေကြီးသည် လည်းကိုယ်တော်၏ဘုန်းအသရေတော် နှင့်တောက်ပလျက်ရှိ၏။-#ယေဇ၊ ၁၀:၃-၄၊ ၁၈-၁၉၊ ၁၁:၂၂-၂၃။ ဗျာ၊ ၁:၁၅။ 3ဤဗျာဒိတ်ရူပါရုံသည်ယေရုရှလင်မြို့ ကိုဖျက်ဆီးတော်မူရန်ထာဝရဘုရား ကြွလာတော်မူချိန်၌ငါမြင်ခဲ့ရသော ဗျာဒိတ်ရူပါရုံနှင့်ခေဗာမြစ်အနီး၌ ငါမြင်ခဲ့ရသောဗျာဒိတ်ရူပါရုံတို့နှင့် တူ၏။ သို့ဖြစ်၍ငါသည်မြေပေါ်သို့ဝမ်း လျားမှောက်လှဲချပျပ်ဝပ်၏။- 4တောက်ပသောဘုန်းအသရေတော်သည် အရှေ့မုခ်ပေါက်ကိုဖြတ်၍ဗိမာန်တော် ထဲသို့ဝင်တော်မူ၏။
5ထာဝရဘုရား၏ဝိညာဉ်တော်သည်ငါ့အား ချီဆောင်တော်မူပြီးလျှင်တံတိုင်းအတွင်း ဝင်းထဲသို့ယူဆောင်သွားတော်မူ၏။ ဗိမာန်တော် သည်ထာဝရဘုရား၏ဘုန်းအသရေတော် ဖြင့်ပြည့်လျက်နေသည်ကိုထိုအရပ်မှမြင် ရ၏။- 6ကူရိုးနှင့်လူသည်ငါ၏အနီးတွင်ရပ်၍ နေစဉ်ဗိမာန်တော်အထဲမှထာဝရ ဘုရားမိန့်တော်မူသံကိုငါကြားရ၏။- 7ကိုယ်တော်က``အချင်းလူသား၊ ဤအရပ် တွင်ငါ၏ရာဇပလ္လင်ရှိ၏။ ငါ၏ခြေနင်း ရာနေရာဖြစ်၏။ ငါသည်ဤအရပ်တွင် ဣသရေလအမျိုးသားတို့နှင့်အတူ ကျိန်းဝပ်တော်မူ၍သူတို့အားထာဝစဉ် အုပ်စိုးတော်မူမည်။ ဣသရေလအမျိုး သားများဖြစ်စေ၊ သူတို့၏ဘုရင်များ ဖြစ်စေ၊ ဝိညာဉ်ဆိုင်ရာပြည့်တန်ဆာ လုပ်ငန်းဖြင့်လည်းကောင်း၊ ဘုရင်တို့၏ အလောင်းများကိုမြင့်သောအရပ်များ တွင် ကိုးကွယ်ခြင်းအားဖြင့်လည်းကောင်း ငါ၏သန့်ရှင်းမြင့်မြတ်သောနာမတော် ကိုနောက်တစ်ဖန်မရှုတ်ချရ။- 8ရှင်ဘုရင်များသည်မိမိတို့၏တံခါးတိုင် များနှင့်တံခါးအောက်ခံဘောင်များကိုငါ ၏ဗိမာန်တော်တံခါးတိုင်များ၊ တံခါး အောက်ခံဘောင်များနှင့်ကပ်လျက်ပြုလုပ် ထားကြ၏။ ဤနည်းအားဖြင့်ငါနှင့်သူ တို့၏ကြားတွင်နံရံသာခြား၍နေ၏။ သူတို့သည်စက်ဆုပ်ရွံရှာဖွယ်ကောင်းသော အမှုအပေါင်းကိုပြုကျင့်ကာငါ၏ သန့်ရှင်းမြင့်မြတ်သောနာမတော်ကို ရှုတ်ချကြ၏။ သို့ဖြစ်၍ငါသည်အမျက် ထွက်၍သူတို့အားဖျက်ဆီးတော်မူ၏။- 9ယခုအခါသူတို့သည်ပြည့်တန်ဆာလုပ် ငန်းဖြင့် အခြားဘုရားများအားကိုးကွယ် မှုကိုရပ်စဲ၍ဘုရင်တို့၏အလောင်းများ ကိုဖယ်ရှားရကြမည်။ ယင်းသို့ပြုပါမူ ငါသည်သူတို့ထံတွင်ထာဝစဉ်ကျိန်းဝပ် တော်မူမည်'' ဟုမိန့်တော်မူ၏။
10ထိုနောက်ထာဝရဘုရားကဆက်လက်၍ ``အချင်းလူသား၊ ဣသရေလအမျိုး သားတို့သည်မိမိတို့ပြုသောမကောင်း မှုများအတွက်ရှက်ကြောက်ခြင်းငှာ ဗိမာန်တော်ပုံစံကိုသူတို့အားဖော်ပြ၍ လေ့လာစေလော့။- 11အကယ်၍သူတို့သည်မိမိတို့အကျင့်ဆိုး များအတွက်အကယ်ပင်ရှက်ကြောက်လာ ကြပါမူဗိမာန်တော်ပုံသဏ္ဌာန်၊ အဝင် အထွက်အပေါက်များ၊ အစီအစဉ်အလုံး စုံ၊ ဗိမာန်တော်၏ဥပဒေများနှင့်စည်းမျဉ်း သတ်မှတ်ချက်အပေါင်းကိုရှင်းပြလော့။ သူတို့ပြင်နိုင်ရန်နှင့်လိုက်နာနိုင်ရန်ယင်း တို့ကိုရေးသားလော့။- 12ဗိမာန်တော်ဆိုင်ရာဥပဒေသကားဗိမာန် တော်တည်ဆောက်ထားရာတောင်ထိပ်တစ်ခု လုံးသည်သန့်ရှင်းမြင့်မြတ်၏ဟူ၍ဖြစ် သတည်း'' ဟုမိန့်တော်မူ၏။
ယဇ်ပလ္လင်
13ဗိမာန်တော်ကိုတိုင်းသည့်စံကိုပင်အသုံးပြု ၍တိုင်းထွာကြည့်ရာယဇ်ပလ္လင်၏အတိုင်းအ တာများမှာဤသို့တည်း။ ယဇ်ပလ္လင်၏အောက် ခြေဖိနပ်ပတ်လည်၌အနက်လက်မနှစ်ဆယ်၊ အကျယ်လက်မနှစ်ဆယ်ရှိသောရေစီးမြောင်း ရှိ၏။ ထိုမြောင်း၏အပြင်နှုတ်ခမ်းသည်ဆယ် လက်မထူ၏။-#ထွ၊ ၂၇:၁-၂။ ၆ရာ၊ ၄:၁။ 14ယဇ်ပလ္လင်၏အနိမ့်ဆုံးအဆင့်သည်လေးပေ မြင့်၏။ နောက်တစ်ဆင့်မှာပထမဆင့်၏အနား လေးဘက်စလုံးမှလက်မနှစ်ဆယ်ခွာ၍ထား ပြီးလျှင်အမြင့်ခုနစ်ပေရှိလေသည်။ နောက် တစ်ဆင့်သည်လည်းထိုနည်းတူဒုတိယ အဆင့်အနားလေးဘက်စလုံးမှလက်မ နှစ်ဆယ်ခွာ၍ထားလေ၏။- 15ယဇ်ကောင်များကိုမီးရှို့ရာဖြစ်သည့်ဤ ထိပ်ဆုံးအဆင့်သည်လည်းခုနစ်ပေမြင့် လေသည်။ ယင်း၏ထောင့်လေးထောင့်တို့သည် ယဇ်ပလ္လင်ပေါ်တွင်အစွန်းများထွက်နေ၏။- 16ယဇ်ပလ္လင်၏ထိပ်သည်စတုရန်းပုံသဏ္ဌာန် ဖြစ်၍အလျားအနံပေနှစ်ဆယ်စီရှိ၏။- 17အလယ်ဆင့်သည်လည်းစတုရန်းပုံသဏ္ဌာန် ပင်ဖြစ်၍အလျားအနံနှစ်ဆယ့်လေးပေစီ ရှိ၏။ ယင်းအဆင့်ပတ်လည်အနားတွင်အနက် ဆယ်ပေရှိသောဘောင်ရှိ၏။ (ရေစီးမြောင်းသည် လက်မနှစ်ဆယ်ကျယ်သတည်း။) ယဇ်ပလ္လင်သို့ တက်ရန်လှေကားမှာအရှေ့ဘက်၌ရှိ၏။
ယဇ်ပလ္လင်ကိုသန့်စင်စေခြင်း
18အရှင်ထာဝရဘုရားကငါ့အား``အချင်း လူသား၊ ငါပြောသည်ကိုနားထောင်လော့။ ယဇ် ပလ္လင်ကိုတည်ဆောက်ပြီးသောအခါသင်သည် ယဇ်ကောင်များကိုမီးရှို့ပူဇော်ခြင်း၊ ယဇ်ကောင် များ၏သွေးဖြင့်ယဇ်ပလ္လင်ကိုပက်ဖျန်းခြင်း ဖြင့်ယဇ်ပလ္လင်ကိုသန့်စင်စေရမည်။- 19ငါ၏ရှေ့တော်သို့ဝင်၍အမှုတော်ဆောင်သူ များမှာဇာဒုတ်၏သားမြေး၊ လေဝိအနွယ် ဝင်ယဇ်ပုရောဟိတ်များဖြစ်ရမည်။ ဤကား ငါအရှင်ထာဝရဘုရားမိန့်တော်မူသော စကားဖြစ်၏။ သင်သည်အပြစ်ဖြေရာယဇ် ပူဇော်ရန်အတွက်နွားထီးပျိုတစ်ကောင် ကိုသူတို့အားပေးရမည်။- 20သင်သည်ထိုနွား၏သွေးအနည်းငယ်ကိုယူ ၍ယဇ်ပလ္လင်ထိပ်ထောင့်ချွန်များ၊ အလယ်ဆင့် ထောင့်များနှင့်ယဇ်ပလ္လင်ပတ်လည်အနားတို့ အပေါ်မှာတင်ရမည်။ ဤနည်းအားဖြင့်သင် သည်ယဇ်ပလ္လင်ကိုသန့်စင်စေ၍ဆက်ကပ် ရမည်။- 21အပြစ်ဖြေရာယဇ်အဖြစ်ဖြင့်ပူဇော်သည့် နွားကိုယူ၍ဗိမာန်တော်အပြင်ဘက်သတ် မှတ်ထားသည့်အရပ်တွင်မီးရှို့ရမည်။- 22နောက်တစ်နေ့၌အပြစ်အနာအဆာကင်း သည့်ဆိတ်ထီးတစ်ကောင်ကိုယူ၍အပြစ် ဖြေရာယဇ်အဖြစ်ဖြင့်ပူဇော်ရမည်။- 23ဤအမှုကိုပြုပြီးသောအခါအပြစ် အနာအဆာကင်းသောနွားပျိုတစ်ကောင် နှင့်သိုးထီးပျိုတစ်ကောင်ကိုယူ၍၊- 24ထာဝရဘုရားထံသို့ဆောင်ခဲ့လော့။ ယဇ် ပုရောဟိတ်တို့သည်ထိုယဇ်ကောင်များကို ထာဝရဘုရားအားမီးရှို့ရာယဇ်ပူဇော် ရန်ဆားပက်၍မီးရှို့ကြလိမ့်မည်။- 25သင်သည်ခုနစ်ရက်တိုင်တိုင်နေ့စဉ်နေ့တိုင်း ဆိတ်ထီးတစ်ကောင်၊ နွားထီးတစ်ကောင်နှင့်သိုး ထီးတစ်ကောင်ကိုအပြစ်ဖြေရာယဇ်အဖြစ် ဖြင့်ပူဇော်ရမည်။ ထိုသတ္တဝါအားလုံးတွင် အပြစ်အနာအဆာမရှိစေရ။- 26ယဇ်ပုရောဟိတ်တို့သည်ခုနစ်ရက်တိုင်တိုင် ယဇ်ပလ္လင်ကိုသန့်စင်စေပြီးနောက်အသုံး ပြုနိုင်ရန်အသင့်ထားရှိရကြမည်။- 27သီတင်းတစ်ပတ်ကုန်ဆုံးသွားသောအခါ ယဇ်ပုရောဟိတ်တို့သည် လူတို့အတွက်မီးရှို့ ပူဇော်ရာယဇ်များ၊ မိတ်သဟာယယဇ်များ ကိုယဇ်ပလ္လင်ပေါ်တွင်စတင်ပူဇော်ရကြ မည်။ ထိုအခါငါသည်သင်တို့အပေါင်းကို နှစ်သက်တော်မူလိမ့်မည်။ ဤကားငါအရှင် ထာဝရဘုရားမြွက်ဟတော်မူသော စကားဖြစ်၏'' ဟုမိန့်တော်မူ၏။#ထွ၊ ၂၉:၃၅-၃၇။
လက်ရှိရွေးချယ်ထားမှု
ယေဇကျေလ 43: BCL
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
© 2005 Bible Society of Myanmar