ထွက်မြောက် 40
40
ထာဝရဘုရားစံတော်မူရာတဲတော်ကို စိုက်ထူခြင်းနှင့်ဆက်ကပ်ခြင်း
1ထာဝရဘုရားကမောရှေအား၊
2``ပထမလ၊ ပထမနေ့ရက်တွင်ထာဝရ ဘုရားစံတော်မူရာတဲတော်ကိုစိုက်ထူလော့။- 3တဲတော်တွင်ပညတ်တော်ဆယ်ပါးပါရှိ သောသေတ္တာတော်ကိုသွင်းထား၍၊ သေတ္တာ အရှေ့တွင်ကန့်လန့်ကာကို၊ ကာထားလော့။- 4တဲတော်ထဲသို့စားပွဲတော်ကိုသွင်း၍၊ ဆိုင် ရာပစ္စည်းများကို စားပွဲပေါ်တွင်တင်ထား လော့။ ဆီမီးတိုင်ကိုလည်းသွင်း၍ မီးခွက် များကိုတင်ထွန်းရမည်။- 5နံ့သာပေါင်းမီးရှို့ရာရွှေပလ္လင်ကို၊ ပညတ် တော်ဆယ်ပါးပါရှိသော ပဋိညာဉ်သေတ္တာရှေ့ တွင်ထား၍၊ တဲတော်တံခါးဝတွင်ကန့်လန့် ကာကိုတပ်ဆင်လော့။- 6ယဇ်ကောင်မီးရှို့ရာပလ္လင်ကိုထာဝရဘုရား စံတော်မူရာ တဲတော်တံခါးဝရှေ့တွင်ထား လော့။- 7အင်တုံကိုထာဝရဘုရားစံတော်မူရာတဲ တော်နှင့် ယဇ်ပလ္လင်စပ်ကြားတွင်ထား၍၊ အင်တုံ ၌ရေဖြည့်လော့။- 8တဲတော်ပတ်လည်တွင်ဝင်းကာ၍၊ ဝင်း တံခါးဝ၌ ကန့်လန့်ကာကိုတပ်ဆင်လော့။
9``တဲတော်နှင့်တဲတော်အတွင်း၌ရှိသမျှ သောအရာတို့ကို ဘိသိက်ဆီသွန်းလောင်း ၍၊ ထာဝရဘုရားထံဆက်ကပ်လော့။- 10ထိုနောက်ယဇ်ကောင်မီးရှို့ရာပလ္လင်နှင့်ဆိုင် ရာပစ္စည်းရှိသမျှတို့ကိုလည်းဘိသိက် ဆီသွန်းလောင်း၍၊ အလွန်သန့်ရှင်းစေလော့။- 11ထိုနည်းအတိုင်းအင်တုံနှင့်အောက်ခံခုံများ ကိုဆက်ကပ်လော့။
12``အာရုန်နှင့်သားများကိုထာဝရဘုရား စံတော်မူရာတဲတော်တံခါးဝသို့ခေါ်ဆောင် ၍၊ ရေဖြင့်ဆေးကြောသန့်စင်စေလော့။- 13အာရုန်အားယဇ်ပုရောဟိတ်အဝတ်တန်ဆာ များကိုဝတ်ဆင်စေ၍၊ ဘိသိက်ဆီလောင်း လျက်သူ့အားဆက်ကပ်၍၊ ငါ့အတွက်ယဇ် ပုရောဟိတ်အဖြစ်ဆောင်ရွက်စေလော့။- 14သူ၏သားများကိုလည်းခေါ်၍အင်္ကျီဝတ် ပေးလော့။- 15ထိုနောက်သူတို့အားယဇ်ပုရောဟိတ်အမှု ကိုဆောင်ရွက်စေရန် သူတို့၏အဖအားဘိ သိက်ပေးသကဲ့သို့၊ သူတို့အားဘိသိက်ဆီ လောင်း၍ဆက်ကပ်လော့။ သူတို့အားဤကဲ့ သို့ဘိသိက်ဆီလောင်းခြင်းအားဖြင့်၊ သူတို့ ၏သားစဉ်မြေးဆက်တို့သည် ယဇ်ပုရော ဟိတ်အရာကိုအမြဲဆက်ခံရကြ လိမ့်မည်'' ဟုမိန့်တော်မူ၏။ 16မောရှေသည်ထာဝရဘုရားမိန့်တော်မူ သမျှအတိုင်းဆောင်ရွက်လေ၏။- 17သူတို့သည်အီဂျစ်ပြည်မှထွက်ခွာခဲ့ပြီး နောက် ဒုတိယနှစ်ပထမလ၊ ပထမနေ့ တွင်ထာဝရဘုရားစံတော်မူရာတဲ တော်ကိုစိုက်ထူကြ၏။- 18မောရှေသည်တဲတော်၏အောက်ခံခုံများကို နေရာချထား၏။ ထိုနောက်ဘောင်ခွေများကို ထောင်၍ ကန့်လန့်ကျင်များကိုလျှိုလျက်တိုင် များကိုထူ၏။- 19ထာဝရဘုရားကသူ့အားမိန့်တော်မူသည့် အတိုင်းတဲတော်အမိုးကိုဖြန့်မိုးလျက် ထို အမိုးအထက်အပေါ်ထပ်အမိုးကိုမိုး ပြန်၏။- 20ထိုနောက်သူသည်ကျောက်ပြားကိုသေတ္တာ တော်ထဲ၌ထည့်ထား၏။ သေတ္တာတော်ကွင်း များတွင်ထမ်းပိုးများကိုလျှို၍၊ သေတ္တာ တော်အဖုံးကိုတင်၏။- 21ထိုနောက်သူသည်သေတ္တာတော်ကိုတဲတော် အတွင်း၌သွင်း၍ ကန့်လန့်ကာကိုကာသ ဖြင့်၊ ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း သေတ္တာကိုကာထားလေ၏။- 22သူသည်ထာဝရဘုရားမိန့်တော်မူသည့် အတိုင်းစားပွဲကိုထာဝရဘုရားစံတော် မူရာတဲတော်အတွင်း မြောက်ဘက်၊ ကန့်လန့် ကာအပြင်ဘက်တွင်နေရာချထား၍၊- 23ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ထာဝရဘုရားရှေ့တော်၌ဆက်သရန် မုန့်ကိုစားပွဲပေါ်၌တင်ထား၏။- 24သူသည်ဆီမီးတိုင်ကိုထာဝရဘုရား စံတော်မူရာတဲတော်အတွင်း၊ တောင်ဘက် စားပွဲ၏တစ်ဘက်တွင်ထား၏။- 25ထိုနောက်ထာဝရဘုရားမိန့်တော်မူသည့် အတိုင်း ထာဝရဘုရားရှေ့တော်တွင်မီး ခွက်များကိုထွန်းညှိလေ၏။- 26ရွှေပလ္လင်ကိုလည်းထာဝရဘုရားစံတော်မူ ရာတဲတော်အတွင်း၊ ကန့်လန့်ကာအရှေ့တွင် နေရာချထား၏။- 27ထိုနောက်ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ပလ္လင်ပေါ်တွင်နံ့သာပေါင်းကိုမီးရှို့လေ၏။- 28သူသည်တဲတော်တံခါးဝတွင်ကန့်လန့်ကာ ကိုတပ်ဆင်ပြီးနောက်- 29ထာဝရဘုရားစံတော်မူရာတဲတော်တံခါး ဝရှေ့တွင် မီးရှို့ရာယဇ်ပလ္လင်ကိုနေရာချထား ၏။ ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း သူသည်မီးရှို့ရာယဇ်ကိုလည်းကောင်း၊ ဘောဇဉ် ပူဇော်သကာကိုလည်းကောင်းပလ္လင်ပေါ်တွင် ပူဇော်လေ၏။- 30သူသည်အင်တုံကိုထာဝရဘုရားစံတော်မူ ရာတဲတော်နှင့် ယဇ်ပလ္လင်အကြားတွင် နေရာချ ထား၍ရေထည့်ထား၏။- 31-32ထာဝရဘုရားမိန့်တော်မူသည့်အတိုင်းမောရှေ၊ အာရုန်နှင့်သူ၏သားများသည်ထာဝရဘုရား စံတော်မူရာတဲတော်ထဲသို့ဝင်သောအခါ၌ လည်းကောင်း၊ ယဇ်ပလ္လင်ရှိရာသို့ချဉ်းကပ်သော အခါ၌လည်းကောင်း သူတို့၏ခြေလက်များ ကိုထိုနေရာတွင်ဆေးကြောကြ၏။- 33ထိုနောက်သူသည်တဲတော်နှင့်ယဇ်ပလ္လင်ပတ် လည်တွင်ဝင်းကာ၍ ဝင်းတံခါးဝ၌ကန့်လန့် ကာကိုတပ်ဆင်လေ၏။ သို့ဖြစ်၍မောရှေသည် လုပ်ငန်းရှိသမျှကိုလုပ်ဆောင်ပြီးစီးလေ သည်။
ထာဝရဘုရားစံတော်မူရာ တဲတော်ပေါ်သို့မိုးတိမ်လွှမ်းခြင်း
( တော၊ ၉:၁၅-၂၃)
34ထိုအခါထာဝရဘုရားစံတော်မူရာတဲ တော်ကို မိုးတိမ်တိုက်လွှမ်း၍ထာဝရဘုရား ၏တောက်ပသောဘုန်းအသရေတော်သည် တဲတော်တွင်း၌ထွန်းတောက်လေ၏။-#တော၊ ၉:၁၅-၂၃။ ၃ရာ၊ ၈:၁၀-၁၁။ ဟေရှာ၊ ၆:၄။ ယေဇ၊ ၄၃:၄-၅။ ဗျာ၊ ၁၅:၈။ 35ထိုအခြင်းအရာကြောင့်မောရှေသည် ထာဝရ ဘုရားစံတော်မူရာတဲတော်တွင်းသို့မဝင် နိုင်ချေ။- 36ဣသရေလအမျိုးသားတို့သည်တဲတော်မှ မိုးတိမ်တိုက်အထက်သို့တက်ခွာသောအခါ မှသာ ရှေ့စခန်းသို့ခရီးထွက်ကြသည်။- 37တဲတော်ကိုမိုးတိမ်တိုက်လွှမ်းလျက်နေသည့် ကာလပတ်လုံး သူတို့သည်ခရီးမထွက် ကြချေ။- 38ဣသရေလအမျိုးသားတို့သည်လှည့်လည်၍ ခရီးသွားရာလမ်းတစ်လျှောက်လုံးတွင်တဲ တော်ပေါ်၌နေ့အခါထာဝရဘုရား၏မိုး တိမ်တိုက်လွှမ်းလျက်ရှိသည်ကိုလည်းကောင်း၊ ညအခါမီးတောက်လျက်ရှိသည်ကိုလည်း ကောင်းတွေ့မြင်ရကြသတည်း။ ရှင်မောရှေစီရင်ရေးထားသောထွက်မြောက်ရာ ကျမ်းပြီး၏။
လက်ရှိရွေးချယ်ထားမှု
ထွက်မြောက် 40: BCL
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
© 2005 Bible Society of Myanmar