YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ရာ 21:1-6

၁ ရာ 21:1-6 BCL

ဒါ​ဝိဒ်​သည်​ယဇ်​ပု​ရော​ဟိတ်​အ​ဟိ​မ​လက်​ရှိ ရာ နော​ဗ​မြို့​သို့​သွား​၏။ အ​ဟိ​မ​လက်​သည် ကြောက်​လန့်​တုန်​လှုပ်​လျက် ဒါ​ဝိဒ်​အား​လာ ရောက်​တွေ့​ဆုံ​ပြီး​လျှင်``သင်​သည်​အ​ဘယ် ကြောင့်​တစ်​ကိုယ်​တည်း​ဤ​အ​ရပ်​သို့​လာ ပါ​သ​နည်း'' ဟု​မေး​၏။ ဒါ​ဝိဒ်​က``အ​ကျွန်ုပ်​သည်​ဘု​ရင့်​အ​မှု​တော်​ကို ထမ်း​ဆောင်​ရန်​ရောက်​ရှိ​လာ​ခြင်း​ဖြစ်​ပါ​သည်။ မင်း​ကြီး​က မိ​မိ​စေ​ခိုင်း​သည့်​အ​မှု​ကိစ္စ​ကို အ​ဘယ်​သူ့​အား​မျှ​မ​ပြော​ရန်​မှာ​ကြား လိုက်​ပါ​သည်။- ယ​ခု​ကိုယ်​တော်​၏​ထံ​တွင်​ရိက္ခာ​မည်​မျှ​ရှိ ပါ​သ​နည်း။ အ​ကျွန်ုပ်​အား​မုန့်​ငါး​လုံး​သို့ မ​ဟုတ်​ကိုယ်​တော့်​ထံ​၌​ရှိ​သော​အ​စား အ​စာ​တစ်​စုံ​တစ်​ခု​ကို​ပေး​ပါ'' ဟု​တောင်း​၏။ ယဇ်​ပု​ရော​ဟိတ်​က``ငါ​၏​ထံ​တွင်​မုန့်​ရိုး​ရိုး မ​ရှိ။ ရှေ့​တော်​မုန့်​သာ​လျှင်​ရှိ​၏။ သင့်​ငယ် သား​တို့​သည်​မ​ကြာ​သေး​မီ​အ​ခါ​က ကာ​မ​ရာ​ဂ​စပ်​ယှက်​မှု​မ​ပြု​ခဲ့​ကြ​ပါ​မူ သင်​သည်​ထို​မုန့်​ကို​ယူ​နိုင်​ခွင့်​ရှိ​ပါ​၏'' ဟု​ဆို​၏။ ဒါ​ဝိဒ်​က``အ​ကျွန်ုပ်​၏​ငယ်​သား​တို့​သည်​ကာ​မ ရာ​ဂ​စပ်​ယှက်​မှု​နှင့်​ကင်း​လွတ်​ကြ​ပါ​၏။ သူ​တို့ သည်​သာ​မန်​ကိစ္စ​နှင့်​ခ​ရီး​ထွက်​သည့်​အ​ခါ​၌ ပင်​လျှင် ဘာ​သာ​ရေး​ကျင့်​ဝတ်​အ​ရ​သန့်​စင်​မှု ရှိ​အောင်​နေ​ထိုင်​ကြ​သည်​ဖြစ်​၍ ယ​ခု​ကဲ့​သို့ အ​ထူး​ကိစ္စ​နှင့်​ခ​ရီး​ထွက်​ချိန်​၌​ပို​၍​သန့် စင်​အောင်​နေ​ကြ​ပါ​သည်'' ဟု​ပြော​၏။ ထို့​ကြောင့်​ယဇ်​ပု​ရော​ဟိတ်​သည်​မိ​မိ​ထံ တွင်​အ​ခြား​မုန့်​လည်း​မ​ရှိ​သ​ဖြင့် ထာ​ဝ​ရ ဘု​ရား​အား​ပူ​ဇော်​ထား​သည့်​ရှေ့​တော်​မုန့် ကို​ဒါ​ဝိဒ်​အား​ပေး​လေ​သည်။ ထို​မုန့်​ဟောင်း ကို​မုန့်​သစ်​ဖြင့်​အ​စား​ထိုး​ပူ​ဇော်​ရန်​ဖြစ် သည်။