YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ပေ 2:11-17

၁ ပေ 2:11-17 BCL

ချစ်​ဆွေ​တို့၊ သင်​တို့​သည်​ဤ​လော​က​တွင်​ဧည့် သည်​အာ​ဂန္တု​အ​ဖြစ်​နှင့် မိ​မိ​တို့​အား​အ​မြဲ စစ်​ပြိုင်​တိုက်​ခိုက်​လျက်​နေ​သော​ကာ​ယ​တပ် မက်​မှု​များ​ကို​အ​ရှုံး​မ​ပေး​ရန် ငါ​တိုက်​တွန်း နှိုး​ဆော်​၏။- မ​ယုံ​ကြည်​သူ​တို့​သည်​သင်​တို့​အား​မ​ကောင်း မှု​ပြု​ကြ​သူ​များ​ဟု ပြစ်​တင်​စွပ်​စွဲ​လျက်​နေ ကြ​စဉ် သင်​တို့​၏​အ​ကျင့်​ကောင်း​များ​ကို​မြင် သ​ဖြင့်​ဘု​ရား​သ​ခင်​ကြွ​လာ​တော်​မူ​ရာ​နေ့ ၌ ကိုယ်​တော်​၏​ဘုန်း​အ​သ​ရေ​တော်​ကို​ချီး​ကူး ကြ​စေ​ရန် သင်​တို့​သည်​ထို​သူ​တို့​ရှေ့​တွင်​တင့် တယ်​လျောက်​ပတ်​စွာ​ပြု​မူ​ကျင့်​ကြံ​လျက် နေ​ကြ​လော့။ သ​ခင်​ဘု​ရား​၏​မျက်​နှာ​တော်​ကို​ထောက်​၍ လူ​အာ​ဏာ​ပိုင်​ရှိ​သ​မျှ​တို့​၏​အုပ်​စိုး​ခြင်း ကို​ဝန်​ခံ​ကြ​လော့။ ဘု​ရင်​ဧ​က​ရာဇ်​မင်း​အား အ​ချုပ်​အ​ခြာ​အာ​ဏာ​ပိုင်​အ​ဖြစ်​ဖြင့်​လည်း ကောင်း၊- ဘု​ရင်​ခံ​များ​အား​လူ​ဆိုး​တို့​ကို​အ​ပြစ်​ပေး ရန်​နှင့်၊ လူ​ကောင်း​တို့​ကို​ချီး​မြှင့်​ရန်​ဘု​ရင် ဧ​က​ရာဇ်​ခန့်​ထား​သော​သူ​များ​အ​ဖြစ်​ဖြင့် လည်း​ကောင်း​လက်​ခံ​ကြ​လော့။- သင်​တို့​သည်​မိ​မိ​တို့​၏​အ​ကျင့်​ကောင်း​အား​ဖြင့် အ​သိ​ဉာဏ်​ကင်း​မဲ့​သည့်​လူ​မိုက်​တို့​၏​နှုတ်​ကို ပိတ်​ရန်​ဘု​ရား​သ​ခင်​အ​လို​တော်​ရှိ​တော်​မူ​၏။- သင်​တို့​သည်​လွတ်​လပ်​သူ​များ​အ​နေ​ဖြင့်​ပြု​မူ နေ​ထိုင်​ကြ​လော့။ သို့​ရာ​တွင်​ဆိုး​ညစ်​မှု၊ တစ်​စုံ တစ်​ရာ​ကို​ဖုံး​ကွယ်​ရန်​အ​တွက်​မိ​မိ​တို့​၏ လွတ်​လပ်​မှု​ကို​အ​သုံး​မ​ပြု​ကြ​နှင့်။ သို့​ရာ တွင်​သင်​တို့​သည်​ဘု​ရား​သ​ခင်​၏​ကျွန်​များ အ​ဖြစ်​ဖြင့်​ပြု​မူ​နေ​ထိုင်​ကြ​လော့။- ခပ်​သိမ်း​သော​သူ​တို့​ကို​လေး​စား​ကြ​လော့။ ယုံ​ကြည် သူ​တို့​ကို​ချစ်​ကြ​လော့။ ဘု​ရား​သ​ခင်​ကို​ကြောက်​ရွံ့ ကြ​လော့။ ဘု​ရင်​ဧ​က​ရာဇ်​မင်း​အား​ရို​သေ​ကြ​လော့။

​၁ ပေ 2:11-17 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။