YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 9

9
အ​မိ​ဝမ်း​တွင်း​က​ပင်​မျက်​စိ​ကန်း​သူ
1လမ်း၌​သွား​တော်​မူ​စဉ်၊ အ​မိ​ဝမ်း​တွင်း​က​ပင် မျက်​စိ​ကန်း​သော​သူ​တစ်​ယောက်​ကို တွေ့​မြင်​သော်​မူ၏။- 2တ​ပည့်​တော်​တို့​က၊ အ​ရှင်​ဘု​ရား၊ ဤ​သူ​သည် အ​ဘယ်​သူ၏​အ​ပြစ်​ကြောင့် မျက်​စိ​ကန်း​သ​နည်း။ ကိုယ်​အ​ပြစ်​ကြောင့် ကန်း​သ​လော။ မိ​ဘ​အ​ပြစ်​ကြောင့် ကန်း​သ​လော​ဟု မေး​လျှောက်​ကြ၏။- 3ယေ​ရှု​က​လည်း၊ ကိုယ်​အ​ပြစ်​ကြောင့်​မ​ဟုတ်။ မိ​ဘ​အ​ပြစ်​ကြောင့်​လည်း မ​ဟုတ်။ ဘု​ရား​သ​ခင်၏​အ​မှု​တော်​ကို သူ၌​ထင်​ရှား​စေ​မည်​အ​ကြောင်း​တည်း။- 4ငါ့​ကို စေ​လွှတ်​တော်​မူ​သော​သူ၏​အ​မှု​ကို နေ့​အ​ချိန်၌​ရှိ​စဉ်​တွင် ငါ​ပြု​ရ​မည်။ အ​ဘယ်​သူ​မျှ အ​မှု​မ​ပြု​နိုင်​သော အ​ချိန်​တည်း​ဟူ​သော ည​အ​ချိန်​လာ​သေး၏။- 5ငါ​သည် ဤ​လော​က၌ ရှိ​စဉ်​တွင် ဤ​လော​က၏​အ​လင်း​ဖြစ်၏​ဟု မိန့်​တော်​မူ​ပြီး​လျှင်၊-#မ၊ ၅:၁၄။ ယော၊ ၈:၁၂။ 6မြေ​ပေါ်​မှာ ထွေး၍ တံ​တွေး​နှင့်​ရွှံ့​လုပ်​ပြီး​မှ၊ ကန်း​သော​သူ၏​မျက်​စိ​ကို​ရွှံ့​နှင့်​လူး၍၊- 7သင်​သွား​လော့။ ရှိ​လောင်​ရေ​ကန်၌ မျက်​စိ​ကို​ဆေး​လော့​ဟု မိန့်​တော်​မူ၏။ ရှိ​လောင်​အ​နက်​ကား စေ​လွှတ်​သည်​ဟု ဆို​လို​သ​တည်း။ ထို​သူ​သည် သွား၍​ဆေး​ပြီး​မှ၊ မျက်​စိ​မြင်​လျက်​ပြန်​လေ၏။
8သူ​သည် သူ​တောင်း​စား​ဖြစ်​သည်​ကို အိမ်​နီး​ချင်း​မှ​စ၍ မြင်​ဖူး​သော​သူ​တို့​က၊ ဤ​သူ​သည် ထိုင်၍ တောင်း​သော​သူ မ​ဟုတ်​လော​ဟု ဆို​ကြ၏။- 9လူ​အ​ချို့​က၊ ဟုတ်​ကဲ့​ဟု​ဆို​ကြ၏။ အ​ချို့​က​လည်း၊ ထို​သူ​နှင့်​တူ​သည်​ဟု ဆို​ကြ၏။ ထို​သူ​က​လည်း၊ အ​ကျွန်ုပ်​သည် ထို​သူ​ပင်​ဖြစ်​သည်​ဟု ဆို၏။- 10သူ​တို့​က​လည်း၊ အ​ဘယ်​သို့ သင်၏​မျက်​စိ​ပွင့်​သ​နည်း​ဟု မေး​မြန်း​ကြ​လျှင်၊- 11ထို​သူ​က၊ ယေ​ရှု​အ​မည်​ရှိ​သော သူ​တစ်​ယောက်​သည် ရွှံ့​လုပ်၍ ကျွန်ုပ်​မျက်​စိ​ကို​လူး​ပြီး​မှ၊ ရှိ​လောင်​ရေ​ကန်​သို့​သွား၍ မျက်​စိ​ကို​ဆေး​လော့​ဟု ဆို​သည်​အ​တိုင်း အ​ကျွန်ုပ်​သွား၍​ဆေး​လျှင် မျက်​စိ​မြင်​သည်​ဟု​ဆို၏။- 12လူ​များ​က​လည်း၊ ထို​သူ​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း​ဟု မေး​မြန်း​ကြ​လျှင်၊ အ​ကျွန်ုပ်​မ​သိ​ဟု​ဆို၏။
ကု​သ​မှု​ကို​ဖာ​ရိ​ရှဲ​တို့​စစ်​ဆေး​ခြင်း
13လူ​များ​သည် မျက်​စိ​ကန်း​ဖူး​သော ထို​သူ​ကို ဖာ​ရိ​ရှဲ​တို့​ထံ​သို့ ပို့​ကြ၏။- 14ယေ​ရှု​သည် ရွှံ့​လုပ်၍ သူ၏​မျက်​စိ​ကို​ဖွင့်​တော်​မူ​သော​နေ့​သည် ဥ​ပုသ်​နေ့​ဖြစ်​သ​တည်း။- 15တစ်​ဖန်​ဖာ​ရိ​ရှဲ​တို့​က၊ အ​ဘယ်​သို့ သင်၏​မျက်​စိ​မြင်​သ​နည်း​ဟု မေး​ပြန်​လျှင်၊ အ​ကျွန်ုပ်​မျက်​စိ၌ သူ​သည် ရွှံ့​ကို​ထည့်၍ အ​ကျွန်ုပ်​ဆေး​လျှင် မျက်​စိ​မြင်​သည်​ဟု​ဆို၏။- 16ဖာ​ရိ​ရှဲ​အ​ချို့​တို့​က၊ ထို​သူ​သည် ဥ​ပုသ်​မ​စောင့်။ ဘု​ရား​သ​ခင်​စေ​လွှတ်​တော်​မူ​သော​သူ မ​ဟုတ်​ဟု ဆို​ကြ၏။ အ​ချို့​တို့​က၊ ဆိုး​သော​သူ​သည် ဤ​သို့​သော နိ​မိတ်​လ​က္ခ​ဏာ​တို့​ကို အ​ဘယ်​သို့​ပြ​နိုင်​သ​နည်း​ဟု ဆို​ကြ၏။ ထို​သို့​အ​ချင်း​ချင်း မ​သင့် ကွဲ​ပြား​ခြင်း​သို့​ရောက်၏။- 17တစ်​ဖန် မျက်​စိ​ကန်း​ဖူး​သော​သူ​အား၊ သင်၏​မျက်​စိ​ကို ဖွင့်​သော​သူ​သည် အ​ဘယ်​သို့​သော​သူ​ဖြစ်​သ​နည်း​ဟု မေး​ကြ​လျှင်၊ ပ​ရော​ဖက်​ဖြစ်​သည်​ဟု​ဆို၏။
18ထို​သူ​သည် အ​ထက်​က​မျက်​စိ​မ​မြင်၊ နောက်​မှ​မျက်​စိ​မြင်​သည်​ကို ယု​ဒ​လူ​တို့​သည် မ​ယုံ​ကြ​သ​ဖြင့် သူ၏​မိ​ဘ​ကို​ခေါ်၍၊- 19ဤ​သူ​သည် သင်​တို့​ဆို​သည်​အ​တိုင်း အ​မိ​ဝမ်း​တွင်း​က​ပင် မျက်​စိ​ကန်း​သော သင်​တို့၏​သား​မှန်​သ​လော။ သို့​မှန်​လျှင် အ​ဘယ်​သို့ ယ​ခု​မျက်​စိ​မြင်​သ​နည်း​ဟု မေး​ကြ၏။- 20မိ​ဘ​တို့​က​လည်း၊ ဤ​သူ​သည် အ​ကျွန်ုပ်​တို့၏ သား​မှန်​သည်​ကို​လည်း​ကောင်း၊ အ​မိ​ဝမ်း​တွင်း​က​ပင် မျက်​စိ​ကန်း​သည်​ကို​လည်း​ကောင်း၊ အ​ကျွန်ုပ်​တို့ သိ​ကြ​ပါ၏။- 21အ​ဘယ်​ကြောင့် ယ​ခု​မျက်​စိ​မြင်​သည်​ကို​လည်း​ကောင်း၊ အ​ဘယ်​သူ​သည် သူ၏​မျက်​စိ​ကို​ဖွင့်​သည်​ကို​လည်း​ကောင်း၊ အ​ကျွန်ုပ်​တို့ မ​သိ​ကြ​ပါ။ သူ​သည် အ​သက်​အ​ရွယ်​နှင့်​ပြည့်​စုံ​ပါ၏။ သူ့​ကို​မေး​ကြ​ပါ​လော့။ သူ​သည် ကိုယ်​အ​ကြောင်း​ကို ကိုယ်​တိုင်​ပြော​ပါ​လိမ့်​မည်​ဟု ပြန်​ပြော​ကြ၏။- 22ဤ​သို့​ပြော​သည်​အ​ကြောင်း​ကား၊ ယေ​ရှု​သည် ခ​ရစ်​တော်​ဖြစ်​သည်​ဟု ဝန်​ခံ​သော​သူ​မည်​သည်​ကို တ​ရား​ဇ​ရပ်​မှ နှင်​ထုတ်​ရ​မည်​ဟု ယု​ဒ​လူ​တို့​သည် တိုင်​ပင်​စီ​ရင်​နှင့်​ကြ​ပြီ။- 23ထို​ကြောင့် မိ​ဘ​တို့​က၊ သူ​သည် အ​သက်​အ​ရွယ်​နှင့် ပြည့်​စုံ​ပါ၏။ သူ့​ကို​မေး​ကြ​ပါ​လော့​ဟု ယု​ဒ​လူ​တို့​ကို ကြောက်၍ ပြော​ကြ၏။
24ထို​ကြောင့်၊ မျက်​စိ​ကန်း​ဖူး​သော​သူ​ကို ဒု​တိ​ယ​အ​ကြိမ်​ခေါ်၍ ဘု​ရား​သ​ခင်​ကို ချီး​မွမ်း​လော့။ ထို​သူ​သည် လူ​ဆိုး​ဖြစ်​ကြောင်း​ကို ငါ​တို့​သိ၏​ဟု​ဆို​ကြ​လျှင်၊- 25လူ​ဆိုး​ဖြစ်​သည် မ​ဖြစ်​သည်​ကို အ​ကျွန်ုပ်​မ​သိ။ အ​ကျွန်ုပ်​သည် အ​ထက်​က​မျက်​စိ​ကန်း၍ ယ​ခု​မျက်​စိ​မြင်​သည် အ​ကြောင်း​တစ်​ခု​ကို အ​ကျွန်ုပ်​သိ​သည်​ဟု​ဆို၏။- 26တစ်​ဖန်​ထို​သူ​တို့​က၊ သူ​သည်​သင်၌ အ​ဘယ်​သို့​ပြု​သ​နည်း။ သင်၏​မျက်​စိ​ကို အ​ဘယ်​သို့​ဖွင့်​သ​နည်း​ဟု မေး​ကြ​လျှင်၊ အ​ကျွန်ုပ်​တစ်​ခါ​ပြော​ပြီ၊ သင်​တို့​နား​မ​ကြား​ကြ။- 27အ​ဘယ်​ကြောင့် တစ်​ဖန်​ကြား​ချင်​သ​နည်း။ သူ့​တ​ပည့် ဖြစ်​ချင်​သ​လော​ဟု ဆို​ကြ၏။- 28ထို​သူ​တို့​က​လည်း၊ သင်​သည် သူ့​တ​ပည့်​ဖြစ်၏။ ငါ​တို့​မူ​ကား မော​ရှေ၏​တ​ပည့်​ဖြစ်​ကြ၏။- 29ဘု​ရား​သ​ခင်​သည် မော​ရှေ၌ ဗျာ​ဒိတ်​ထား​တော်​မူ​ကြောင်း​ကို ငါ​တို့​သိ​ကြ၏။ ထို​သူ​သည် အ​ဘယ်​က ဖြစ်​သည်​ကို မ​သိ​ဟု​ကဲ့​ရဲ့၍ ပြော​ဆို​ကြ​လျှင်၊- 30သူ​သည် အ​ကျွန်ုပ်​မျက်​စိ​ကို​ဖွင့်​သော်​လည်း အ​ဘယ်​က​ဖြစ်​သည်​ဟု သင်​တို့​မ​သိ​ကြ​သည်​ကို အံ့​ဩ​ဖွယ်​ရှိ၏။- 31ဘု​ရား​သ​ခင်​သည် လူ​ဆိုး​တို့​စ​ကား​ကို နား​ထောင်​တော်​မ​မူ​သည်​ကို ငါ​တို့​သိ​ကြ၏။ ဘု​ရား​သ​ခင်​ကို ရို​သေ​လေး​မြတ်၍ အ​လို​တော်​ကို လိုက်​သော​သူ​ဖြစ်​လျှင် ထို​သူ၏​စ​ကား​ကို နား​ထောင်​တော်​မူ၏။- 32အ​မိ​ဝမ်း​တွင်း​က​ပင် မျက်​စိ​ကန်း​သော​သူ​ကို မျက်​စိ​မြင်​စေ​ခြင်း​ငှာ တတ်​နိုင်​သည်​ကို က​မ္ဘာ​ဦး​မှ​စ၍ မ​ကြား​စ​ဖူး။- 33ထို​သူ​သည် ဘု​ရား​သ​ခင်​စေ​လွှတ်​တော်​မူ​သော​သူ မ​ဟုတ်​လျှင် အ​ဘယ်​အ​မှု​ကို​မျှ မ​တတ်​နိုင်​ဟု ပြော​ဆို၏။- 34ထို​သူ​တို့​က​လည်း၊ သင်​သည် မွေး​စ​က​ပင် တစ်​ကိုယ်​လုံး၌ ဒု​စ​ရိုက်​အ​ပြစ်​စွဲ​သော​သူ​ဖြစ်​လျက်​နှင့် ငါ​တို့​ကို ဆုံး​မ​ပါ​သည်​တ​ကား​ဟု ပြော​ဆို​ကြ​ပြီး​လျှင်၊ ထို​သူ​ကို တ​ရား​ဇ​ရပ်​မှ​နှင်​ထုတ်​ကြ၏။
ဝိ​ညာဉ်​မျက်​စိ​ကွယ်​ခြင်း
35နှင်​ထုတ်​သည်​အ​ကြောင်း​ကို ယေ​ရှု​သည်​ကြား​ပြီး​မှ ထို​သူ​ကို​တွေ့​တော်​မူ​လျှင်၊ သင်​သည် ဘု​ရား​သ​ခင်၏​သား​တော်​ကို ယုံ​ကြည်​သ​လော​ဟု မေး​တော်​မူ၏။- 36သ​ခင်၊ အ​ကျွန်ုပ်​ယုံ​ကြည်​ရ​မည်​အ​ကြောင်း ဘု​ရား​သ​ခင်၏​သား​တော်​ကား အ​ဘယ်​သူ​နည်း​ဟု မေး​လျှောက်​သော်၊- 37ယေ​ရှု​က၊ သင်​သည် ထို​သူ​ကို​မြင်​ခဲ့​ပြီး​သည်​သာ​မ​က၊ သင်​နှင့် ယ​ခု စ​ကား​ပြော​သော​သူ​သည် ဘု​ရား​သ​ခင်၏​သား​တော်​ဖြစ်၏​ဟု မိန့်​တော်​မူ​လျှင်၊- 38သ​ခင်၊ အ​ကျွန်ုပ်​ယုံ​ကြည်​ပါ၏​ဟု လျှောက်၍ ညွှတ်​ပျပ်​ကိုး​ကွယ်​လေ၏။- 39ထို​အ​ခါ ယေ​ရှု​က​လည်း၊ မျက်​စိ​မ​မြင်​သော​သူ​သည် မြင်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ မြင်​သော​သူ​ကို မျက်​စိ​ကန်း​စေ ခြင်း​ငှာ​လည်း​ကောင်း၊ ငါ​သည် တ​ရား​စီ​ရင်၍ ဤ​လော​က​သို့ ရောက်​လာ​ပြီ​ဟု မိန့်​တော်​မူ၏။- 40အ​ထံ​တော်၌​ရှိ​သော ဖာ​ရိ​ရှဲ​အ​ချို့​တို့​သည် ထို​စ​ကား​ကို​ကြား​လျှင်၊ ငါ​တို့​သည် မျက်​စိ​ကန်း​သ​လော​ဟု မေး​ကြ၏။- 41ယေ​ရှု​က​လည်း၊ သင်​တို့​သည် မျက်​စိ​ကန်း​သည်​မှန်​လျှင် အ​ပြစ်​မ​ရှိ၊ ငါ​တို့​မျက်​စိ​မြင်​သည်​ဟု ယ​ခု ဆို​ကြ၏။ ထို​ကြောင့် သင်​တို့၌​အ​ပြစ်​တည်​သည်​ဟု မိန့်​တော်​မူ၏။

လက်ရှိရွေးချယ်ထားမှု

ရှင်ယောဟန် 9: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

ရှင်ယောဟန် 9 အကြောင်း ဗီဒီယိုများ