YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 15

15
မှန်​သော​စ​ပျစ်​နွယ်​ပင်
1ငါ​သည် မှန်​သော​စ​ပျစ်​နွယ်​ပင်​ဖြစ်၏။ ငါ့​ခ​မည်း​တော်​သည်​လည်း ဥ​ယျာဉ်​စောင့်​ဖြစ်​တော်​မူ၏။- 2ငါ၌​အ​သီး​မ​သီး​သော အ​ခက်​ရှိ​သ​မျှ​တို့​ကို ခုတ်​ပစ်​တော်​မူ၏။ အ​သီး​သီး​သော အ​ခက်​ရှိ​သ​မျှ​တို့​ကို သာ၍ သီး​စေ​ခြင်း​ငှာ သုတ်​သင်​ရှင်း​လင်း​တော်​မူ၏။- 3သင်​တို့​သည် ငါ​ဟော​ပြော​သော​စ​ကား​အား​ဖြင့် ယ​ခု​ပင် ရှင်း​လင်း​လျက်​ရှိ​ကြ၏။- 4ငါ၌​တည်​နေ​ကြ​လော့။ ငါ​သည်​လည်း သင်​တို့၌​တည်​နေ​မည်။ စ​ပျစ်​ခက်​သည် အ​ပင်၌​မ​တည်​လျှင်၊ ကိုယ်​အ​လို​အ​လျောက် အ​သီး​မ​သီး​နိုင်​သ​ကဲ့​သို့၊ သင်​တို့​သည် ငါ၌​မ​တည်​လျှင် အ​သီး​မ​သီး​နိုင်​ကြ။- 5ငါ​သည် စ​ပျစ်​နွယ်​ပင်​ဖြစ်၏။ သင်​တို့​သည် အ​ခက်​များ​ဖြစ်​ကြ၏။ အ​ကြင်​သူ​သည် ငါ၌​တည်၍ ငါ​သည်​လည်း သူ၌​တည်၏၊ ထို​သူ​သည် များ​စွာ​သော​အ​သီး​ကို သီး​တတ်၏။ ငါ​နှင့်​ကွာ​လျှင် သင်​တို့​သည် အ​ဘယ်​အ​မှု​ကို​မျှ မ​တတ်​နိုင်​ကြ။- 6ငါ၌ မ​တည်​သော​သူ​သည် သွေ့​ခြောက်​သော​အ​ခက်​ကဲ့​သို့ ပြင်​သို့​ပစ်​လိုက်​ခြင်း​ကို​ခံ​ရ၏။ ထို​သို့​သော အ​ခက်​များ​ကို လူ​တို့​သည်​စု​သိမ်း၍ မီး​ထဲ​သို့ ချ​လိုက်​ကြ​သ​ဖြင့် မီး​လောင်​ခြင်း​သို့ ရောက်​ကြ၏။- 7သင်​တို့​သည် ငါ၌​တည်၍ ငါ့​စ​ကား​သည် သင်​တို့၌​တည်​လျှင်၊ သင်​တို့​သည်​တောင်း​ချင်​သ​မျှ​ကို တောင်း၍​ရ​ကြ​လိမ့်​မည်။
8သင်​တို့​သည် များ​စွာ​သော​အ​သီး​ကို သီး​သော​အား​ဖြင့်၊ ငါ့​ခ​မည်း​တော်​သည် ဘုန်း​ထင်​ရှား​တော်​မူ၍၊ သင်​တို့​သည်​လည်း ငါ၏​တ​ပည့် မှန်​ကြ​လိမ့်​မည်။- 9ခ​မည်း​တော်​သည် ငါ့​ကို​ချစ်​တော်​မူ​သ​ကဲ့​သို့ ငါ​သည်​သင်​တို့​ကို​ချစ်၏။ ငါ၏​ချစ်​ခြင်း​မေ​တ္တာ၌ တည်​နေ​ကြ​လော့။- 10ငါ​သည် ငါ့​ခ​မည်း​တော်၏​ပ​ညတ်​တို့​ကို စောင့်​ရှောက်၍ ခ​မည်း​တော်၏​မေ​တ္တာ၌ တည်​နေ​သ​ကဲ့​သို့၊ သင်​တို့​သည် ငါ့​ပ​ညတ်​တို့​ကို စောင့်​ရှောက်​လျှင်၊ ငါ့​မေ​တ္တာ၌ တည်​နေ​ကြ​လိမ့်​မည်။- 11သင်​တို့၌ ငါ​ဝမ်း​မြောက်​စ​ရာ​အ​ကြောင်း တည်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သင်​တို့ ဝမ်း​မြောက်​စ​ရာ​အ​ကြောင်း စုံ​လင်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဤ​စ​ကား​ကို သင်​တို့​အား​ငါ​ဟော​ပြော၏။- 12ငါ့​ပ​ညတ်​ဟူ​မူ​ကား၊ ငါ​သည် သင်​တို့​ကို​ချစ်​သည်​နည်း​တူ၊ သင်​တို့​သည် အ​ချင်း​ချင်း​ချစ်​ကြ​လော့။#ယော၊ ၁၃:၃၄၊ ၁၅:၁၇။ ၁​ယော၊ ၃:၂၃။ ၂​ယော ၅။ 13ကိုယ်​အ​ဆွေ​တို့​အ​ဖို့​အ​လို​ငှာ ကိုယ်​အ​သက်​ကို စွန့်​ခြင်း​မေ​တ္တာ​ထက် သာ၍ မြတ်​သော​မေ​တ္တာ​သည် အ​ဘယ်​သူ၌​မျှ​မ​ရှိ။- 14သင်​တို့​သည် ငါ​ပ​ညတ်​သ​မျှ​တို့​ကို ကျင့်​ဆောင်​လျှင် ငါ၏​အ​ဆွေ​ဖြစ်​ကြ၏။- 15ယ​ခု​မှ​စ၍ ငါ​သည်​သင်​တို့​ကို ကျွန်​ဟူ၍​မ​ခေါ်။ ကျွန်​မူ​ကား၊ ကိုယ်​သ​ခင်​ပြု​သော​အ​မှု​ကို မ​သိ။ သင်​တို့​ကို အ​ဆွေ​ဟူ၍​ငါ​ခေါ်၏။ အ​ကြောင်း​မူ​ကား၊ ငါ​သည် ခ​မည်း​တော်​ထံ၌ ကြား​သ​မျှ​သော​အ​ရာ​တို့​ကို သင်​တို့​အား ငါ​ပြ​သ၏။- 16သင်​တို့​သည် ငါ့​ကို​ရွေး​ကောက်​ကြ​သည်​မ​ဟုတ်။ ငါ​သည် သင်​တို့​ကို ရွေး​ကောက်​သ​ဖြင့်၊ သင်​တို့​သည် သွား၍ တည်​ကြည်​သော​အ​သီး​ကို သီး​မည်​အ​ကြောင်း​နှင့် ငါ့​နာ​မ​ကို​အ​မှီ​ပြု၍ ခ​မည်း​တော်​မှာ​တောင်း​သ​မျှ​တို့​ကို ရ​မည်​အ​ကြောင်း သင်​တို့​ကို ငါ​ခန့်​ထား၏။
17သင်​တို့​သည် အ​ချင်း​ချင်း​ချစ်​စေ​ခြင်း​ငှာ ဤ​ပ​ညတ်​တို့​ကို ငါ​ပေး၏။
လော​က​သား​တို့​၏​မုန်း​တီး​ခြင်း
18လော​ကီ​သား​တို့​သည် သင်​တို့​ကို​မုန်း​လျှင်၊ သင်​တို့​ကို မ​မုန်း​မီ ငါ့​ကို​မုန်း​ကြ​သည်​ကို သိ​မှတ်​ကြ​လော့။- 19သင်​တို့​သည် လော​ကီ​နှင့်​ဆက်​ဆံ​လျှင်၊ လော​ကီ​သား​တို့​သည် မိ​မိ​တို့​နှင့်​ဆက်​ဆံ​သော သင်​တို့​ကို ချစ်​ကြ​လိမ့်​မည်။ သင်​တို့​သည် လော​ကီ​နှင့် မ​ဆက်​ဆံ၊ လော​ကီ​ထဲ​က ငါ​ရွေး​ကောက်​သော​သူ​ဖြစ်​သော​ကြောင့်၊ လော​ကီ​သား​တို့​သည် သင်​တို့​ကို​မုန်း​ကြ၏။- 20ကျွန်​သည် မိ​မိ​သ​ခင်​ထက်​သာ၍ ကြီး​မြတ်​သည်​မ​ဟုတ်​ဟု ငါ​ပြော​ခဲ့​ပြီး​သော​စ​ကား​ကို အောက်​မေ့​ကြ​လော့။ သူ​တို့​သည် ငါ့​ကို​ညှဉ်း​ဆဲ​လျှင် သင်​တို့​ကို ညှဉ်း​ဆဲ​ကြ​လိမ့်​မည်။ ငါ့​စ​ကား​ကို​နား​ထောင်​လျှင် သင်​တို့၏​စ​ကား​ကို နား​ထောင်​ကြ​လိမ့်​မည်။-#မ၊ ၁၀:၂၄။ လု၊ ၆:၄၀။ ယော၊ ၁၃:၁၆။ 21ထို​သူ​တို့​သည် ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​သူ​ကို မ​သိ​သည်​ဖြစ်၍၊ ငါ၏​နာ​မ​ကြောင့် သင်​တို့​အား ထို​အ​မှု​ရှိ​သ​မျှ​တို့​ကို ပြု​ကြ​လိမ့်​မည်။- 22ငါ​သည် လာ၍ ထို​သူ​တို့​အား မ​ဟော​မ​ပြော​လျှင် သူ​တို့၌​အ​ပြစ်​မ​ရှိ။ ယ​ခု​မူ​ကား၊ မိ​မိ​တို့​အ​ပြစ်​ကို ဝှက်၍ မ​ထား​နိုင်​ကြ။- 23ငါ့​ကို မုန်း​သော​သူ​သည် ငါ့​ခ​မည်း​တော်​ကို​မုန်း၏။- 24ငါ​သည် အ​ခြား​သူ​မ​ပြု​ဖူး​သော​အ​မှု​ကို ထို​သူ​တို့​ရှေ့​မှာ​မ​ပြု​လျှင် သူ​တို့၌​အ​ပြစ်​မ​ရှိ။ ယ​ခု​မူ​ကား၊ သူ​တို့​သည် ထို​အ​မှု​ကို​မြင်​ရ၍ ငါ​နှင့် ငါ့​ခ​မည်း​တော်​ကို မုန်း​ကြ၏။- 25သို့​ဖြစ်​လျှင်၊ အ​ကြောင်း​မ​ရှိ​ဘဲ ငါ့​ကို​မုန်း​ကြ၏​ဟု သူ​တို့၏​ပ​ည​တ္တိ​ကျမ်း​စာ၌ ရေး​ထား​သော​စ​ကား​သည် ပြည့်​စုံ​ခြင်း​သို့ ရောက်​သ​တည်း။-#ဆာ၊ ၃၅:၁၉၊ ၆၉:၄။ 26ခ​မည်း​တော်​ထံ​မှ​ထွက်​လာ၍ သ​မ္မာ​တ​ရား​နှင့်​ပြည့်​စုံ​သော ဝိ​ညာဉ်​တော်​တည်း​ဟူ​သော ခ​မည်း​တော်​ထံ​မှ သင်​တို့​ဆီ​သို့ ငါ​စေ​လွှတ်​လ​တ္တံ့​သော ဥ​ပ​ဇ္ဈာယ်​ဆ​ရာ​သည် ရောက်​လာ​သော​အ​ခါ၊ ငါ၏​အ​ကြောင်း​ကို သက်​သေ​ခံ​လိမ့်​မည်။- 27သင်​တို့​သည်​လည်း ရှေ့​ဦး​စွာ​မှ​စ၍ ငါ​နှင့်​အ​တူ​ရှိ​နေ​သော​ကြောင့် သက်​သေ​ခံ​ရ​ကြ​လိမ့်​မည်။

လက်ရှိရွေးချယ်ထားမှု

ရှင်ယောဟန် 15: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

ရှင်ယောဟန် 15 အကြောင်း ဗီဒီယိုများ