YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 13

13
တ​ပ​ည့်​တော်​တို့၏​ခြေ​ကို​ဆေး​ခြင်း
1ပ​သ​ခါ​ပွဲ​မ​ခံ​မီ၌ ယေ​ရှု​သည် ဤ​လော​က​မှ​ခ​မည်း​တော်​ထံ​သို့ ပြောင်း​ရ​သော​အ​ချိန် ရောက်​သည်​ကို သိ​တော်​မူ​သည်​ဖြစ်၍၊ ဤ​လော​က၌​ရှိ​သော​မိ​မိ​လူ​တို့​ကို ချစ်​တော်​မူ​သော​ကြောင့် အ​ဆုံး​တိုင်​အောင် ချစ်​တော်​မူ၏။- 2ကိုယ်​တော်​ကို အပ်​နှံ​မည်​အ​ကြောင်း မာရ်​နတ်​သည် ရှိ​မုန်၏​သား ယု​ဒ​ရှ​ကာ​ရုတ်၏ စိတ်​နှ​လုံး၌ အ​ကြံ​ပေး​သွင်း​နှင့်​သ​တည်း။ ထို​အ​ခါ ည​စာ​ကို​စား​ကြ​စဉ်၊- 3ခ​မည်း​တော်​သည် အ​လုံး​စုံ​တို့​ကို သူ၏​လက်​သို့ အပ်​ပေး​တော်​မူ​သည်​ကို​လည်း​ကောင်း၊ သူ​သည်​ဘု​ရား​သ​ခင့်​ထံ​တော်​မှ ထွက်​လာ​သည်​ကို​လည်း​ကောင်း၊ ဘု​ရား​သ​ခင့်​ထံ​တော်​သို့ ကြွ​သွား​မည်​ကို​လည်း​ကောင်း ယေ​ရှု​သည်​သိ​တော်​မူ​သည်​နှင့်၊- 4စား​ပွဲ​မှ​ထ၍ ဝတ်​လုံ​တော်​ကို​ချွတ်​ပြီး​လျှင်၊ ပ​ဝါ​ကို​ယူ၍ ခါး​ကို​စည်း​တော်​မူ၏။- 5ထို​နောက်​မှ ရေ​ကို​အင်​တုံ၌​လောင်း၍ တ​ပည့်​တော်​တို့၏ ခြေ​ကို​ဆေး​ပြီး​မှ ခါး၌​စည်း​ထား​သော​ပ​ဝါ​နှင့် သုတ်​တော်​မူ၏။
6ရှိ​မုန်​ပေ​တ​ရု​ဆီ​သို့ ရောက်​တော်​မူ​သော​အ​ခါ ထို​တ​ပည့်​တော်​က၊ သ​ခင်၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်၏ ခြေ​ကို​ဆေး​တော်​မူ​မည်​လော​ဟု မေး​လျှောက်၏။- 7ယေ​ရှု​က​လည်း၊ သင်​သည် ငါ​ပြု​သော​အ​မှု​ကို ယ​ခု​နား​မ​လည်​သေး။ နောက်​မှ​သိ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။- 8ပေ​တ​ရု​က​လည်း၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်၏​ခြေ​ကို အ​လျှင်း​ဆေး​တော်​မ​မူ​ရ​ဟု လျှောက်၏။ ယေ​ရှု​က​လည်း၊ သင့်​ကို ငါ​မ​ဆေး​ရ​လျှင် သင်​သည် ငါ​နှင့် မ​ဆက်​ဆံ​ရ​ဟု မိန့်​တော်​မူ၏။- 9ရှိ​မုန်​ပေ​တ​ရု​က​လည်း၊ အ​ကျွန်ုပ်၏​ခြေ​ကို​သာ မ​ဆေး​ပါ​နှင့်။ လက်​ကို​လည်း​ကောင်း၊ ဦး​ခေါင်း​ကို​လည်း​ကောင်း ဆေး​တော်​မူ​ပါ​ဟု လျှောက်​ပြန်၏။- 10ယေ​ရှု​က​လည်း၊ ရေ​ချိုး​ပြီး​သော​သူ​မည်​သည်​ကား၊ ခြေ​ဆေး​ခြင်း​မှ​တစ်​ပါး ဆေး​ရ​သော​အ​ကြောင်း​မ​ရှိ၊ တစ်​ကိုယ်​လုံး​စင်​ကြယ်၏။ သင်​တို့​သည် စင်​ကြယ်​သော်​လည်း အ​ချို့​မ​စင်​ကြယ်​ဟု မိန့်​တော်​မူ၏။ 11ကိုယ်​တော်​ကို အပ်​နှံ​မည့်​သူ​ကို သိ​တော်​မူ​သော​ကြောင့်၊ သင်​တို့​တွင် တ​ချို့​မ​စင်​ကြယ်​ဟု မိန့်​တော်​မူ​သ​တည်း။
12ထို​သို့​သူ​တို့၏ ခြေ​ကို​ဆေး​တော်​မူ​ပြီး​မှ တစ်​ဖန်​ဝတ်​လုံ​ကို​ဝတ်၍ လျောင်း​တော်​မူ​လျက်၊ သင်​တို့၌ ငါ​ပြု​ခဲ့​သော​အ​မှု​ကို နား​လည်​ကြ​သ​လော။-#လု၊ ၂၂:၂၇။ 13သင်​တို့​သည် ငါ့​ကို အ​ရှင်​ဘု​ရား​ဟူ၍​လည်း​ကောင်း၊ သ​ခင်​ဟူ၍​လည်း​ကောင်း ခေါ်​တတ်​ကြ၏။ ထို​စ​ကား​သည်​လည်း ဟုတ်​မှန်​သော​စ​ကား​ဖြစ်၏။ အ​ကြောင်း​မူ​ကား၊ သင်​တို့​ခေါ်​ကြ​သည်​အ​တိုင်း ငါ​မှန်၏။- 14ငါ​သည် သ​ခင်​ဖြစ်​လျက်၊ အ​ရှင်​ဘု​ရား​လည်း​ဖြစ်​လျက်​နှင့် သင်​တို့၏​ခြေ​ကို​ဆေး​လျှင် သင်​တို့​သည် အ​ချင်း​ချင်း​တို့၏​ခြေ​ကို ဆေး​ရ​ကြ​မည်။- 15ငါ​သည် သင်​တို့၌​ပြု​သ​ကဲ့​သို့ သင်​တို့​သည်​ပြု​စေ​ခြင်း​ငှာ ပုံ​သက်​သေ​ကို ပြ​ခဲ့​ပြီ။- 16ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ ကျွန်​သည် သ​ခင်​ထက် သာ၍ ကြီး​မြတ်​သည်​မ​ဟုတ်၊ တ​မန်​သည်​လည်း စေ​လွှတ်​သော​သူ​ထက် သာ၍ ကြီး​မြတ်​သည်​မ​ဟုတ်။-#မ၊ ၁၀:၂၄။ လု၊ ၆:၄၀။ ယော၊ ၁၅:၂၀။ 17ဤ​အ​ရာ​များ​ကို သင်​တို့​သိ၍ သိ​သည်​အ​တိုင်း​ကျင့်​လျှင် မင်္ဂ​လာ​ရှိ​ကြ၏။- 18သင်​တို့​ရှိ​သ​မျှ​ကို ငါ​ရည်​မှတ်၍ ပြော​သည်​မ​ဟုတ်။ ငါ​ရွေး​ကောက်​သော​သူ​တို့​ကို ငါ​သိ၏။ ကျမ်း​စာ​ချက် ပြည့်​စုံ​စေ​မည်​အ​ကြောင်း ငါ​နှင့်​အ​တူ​စား​သော​သူ​သည် ငါ့​ကို​ခြေ​နှင့်​ကျောက်​သ​တည်း။-#ဆာ၊ ၄၁:၉။ 19ထို​အ​မှု​အ​ရာ​ရောက်​သော​အ​ခါ ငါ​သည် ဤ​မည်​သော​သူ​ဖြစ်​သည်​ကို သင်​တို့​သည် ယုံ​ကြည်​စေ​ခြင်း​ငှာ၊ မ​ရောက်​မီ ယ​ခု​ပင် သင်​တို့​အား​ငါ​ပြော​နှင့်​ပြီ။- 20ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ ငါ​စေ​လွှတ်​သော​သူ​ကို လက်​ခံ​သော​သူ​သည် ငါ့​ကို​လက်​ခံ၏။ ငါ့​ကို လက်​ခံ​သော​သူ​သည် ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​သူ​ကို လက်​ခံ​သည်​ဟု မိန့်​တော်၏။-#မ၊ ၁၀:၄၀။ မာ၊ ၉:၃၇။ လု၊ ၉:၄၈၊ ၁၀:၁၆။
အပ်​နှံ​ခြင်း​ခံ​ရ​မ​ည့်​အ​ကြောင်း
(မ၊ ၂၆:၂၀-၂၅။ မာ၊ ၁၄:၁၇-၂၁။ လု၊ ၂၂:၂၁-၂၃)
21ထို​သို့​ယေ​ရှု​သည် မိန့်​တော်​မူ​ပြီး​မှ စိတ်​နှ​လုံး​တော်​ပူ​ပန်​ခြင်း​ရှိ၍၊ ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ သင်​တို့​တွင် တစ်​စုံ​တစ်​ယောက်​သော​သူ​သည် ငါ့​ကို​အပ်​နှံ​လိမ့်​မည်​ဟု သက်​သေ​ခံ​လျက်​မိန့်​တော်​မူ၏။- 22အ​ဘယ်​သူ​ကို​ရည်​ဆောင်၍ မိန့်​တော်​မူ​သည်​ကို တ​ပည့်​တော်​တို့​သည် တွေး​တော​ခြင်း​ရှိ​သ​ဖြင့်၊ အ​ချင်း​ချင်း တစ်​ယောက်​ကို​တစ်​ယောက် ကြည့်​ရှု​ကြ၏။- 23ယေ​ရှု​ချစ်​တော်​မူ​သော တ​ပည့်​တော်​သည် ရင်​ခွင်​တော်​နား​မှာ လျောင်း​သ​ဖြင့်၊- 24အ​ဘယ်​သူ​ကို​ရည်​ဆောင်၍ မိန့်​တော်​မူ​သ​နည်း​ဟု မေး​စေ​ခြင်း​ငှာ၊ ရှိ​မုန်​ပေ​တ​ရု​သည် ထို​တ​ပည့်​တော်​ကို အ​မှတ်​ပေး၏။- 25ထို​တ​ပည့်​တော်​သည် ယေ​ရှု၏​ရင်​တော်​ကို​မှီ၍ လျောင်း​နေ​လျက် သ​ခင်၊ အ​ဘယ်​သူ​နည်း​ဟု လျှောက်၏။- 26ယေ​ရှု​က​လည်း၊ ဤ​မုန့်​တစ်​လုပ်​စာ​ကို ငါ​နှစ်၍​ပေး​သော​သူ​ဖြစ်၏​ဟု မိန့်​တော်​မူ​ပြီး​လျှင်၊ မုန့်​တစ်​လုပ်​စာ​ကို နှစ်​ပြီး​မှ ရှိ​မုန်၏​သား​ယု​ဒ​ရှ​ကာ​ရုတ်​အား ပေး​တော်​မူ၏။- 27ထို​သူ​သည် မုန့်​တစ်​လုပ်​စာ​ကို​ခံ​ပြီး​မှ၊ စာ​တန်​သည် သူ့​အ​ထဲ​သို့​ဝင်​လေ၏။ ယေ​ရှု​က​လည်း၊ သင်​ပြု​ရ​သော​အ​မှု​ကို အ​လျင်​အ​မြန်​ပြု​လော့​ဟု ထို​သူ​အား​မိန့်​တော်​မူ၏။- 28အ​ဘယ်​ကြောင့် ထို​သို့​မိန့်​တော်​မူ​သည်​ကို စား​ပွဲ၌​လျောင်း​သော​သူ​တို့​တွင် အ​ဘယ်​သူ​မျှ​မ​သိ။- 29အ​ချို့​တို့​က၊ ယု​ဒ​ရှ​ကာ​ရုတ်​သည် ငွေ​အိတ်​ကို ဆောင်​သော​ကြောင့်၊ ဤ​ပွဲ၌ ငါ​တို့​သုံး​စ​ရာ​အ​ဖို့​ကို ဝယ်​လော့​ဟူ၍​လည်း​ကောင်း၊ သို့​မ​ဟုတ် ဆင်း​ရဲ​သော​သူ​တို့​အား တစ်​စုံ​တစ်​ခု​ကို ပေး​လော့​ဟူ၍​လည်း​ကောင်း၊ ယေ​ရှု​မိန့်​တော်​မူ​သည်​ဟု ထင်​မှတ်​ကြ၏။- 30ယု​ဒ​ရှ​ကာ​ရုတ်​သည် မုန့်​တစ်​လုပ်​စာ​ကို​ခံ​ပြီး​မှ ချက်​ချင်း​ထွက်​သွား၏။ ထို​အ​ချိန်​ကား ည​အ​ချိန်​ဖြစ်၏။
ပ​ညတ်​တော်​သစ်
31ထို​သူ​သွား​သည်​နောက်၊ ယေ​ရှု​က၊ ယ​ခု​တွင်​လူ​သား​သည် ဘုန်း​ထင်​ရှား​ခြင်း​ရှိ​သည်​ဖြစ်၍၊ ဘု​ရား​သ​ခင်​သည်​လည်း လူ​သား​အား​ဖြင့် ဘုန်း​တော်​ထင်​ရှား​ခြင်း​ရှိ၏။- 32ဘု​ရား​သ​ခင်​သည် လူ​သား​အား​ဖြင့် ဘုန်း​တော်​ထင်​ရှား​ခြင်း​ရှိ​လျှင်၊ ဘု​ရား​သ​ခင်​သည် ကိုယ်​တော်​တိုင်​အား​ဖြင့် သူ၏​ဘုန်း​ကို ထင်​ရှား​စေ​တော်​မူ​လိမ့်​မည်။ ကာ​လ​မ​ကြာ​မ​မြင့်​မီ သူ၏​ဘုန်း​ကို ထင်​ရှား​စေ​တော်​မူ​လိ​မ့်​မည်။- 33ချစ်​သား​တို့၊ ငါ​သည်​သင်​တို့​နှင့်​အ​တူ ခ​ဏ​သာ​နေ​ရ၏။ သင်​တို့​သည် ငါ့​ကို​ရှာ​ကြ​လိမ့်​မည်။ ငါ​သွား​ရာ အ​ရပ်​သို့ သင်​တို့​မ​ရောက်​နိုင်​ကြ​ဟု ယု​ဒ​လူ​တို့​အား ငါ​ပြော​သ​ကဲ့​သို့ ယ​ခု​သင်​တို့​အား ငါ​ပြော၏။-#ယော၊ ၇:၃၄။ 34သင်​တို့​သည် အ​ချင်း​ချင်း​တစ်​ယောက်​ကို​တစ်​ယောက် ချစ်​ကြ​လော့။ ငါ​သည်​သင်​တို့​ကို ချစ်​သည်​နည်း​တူ အ​ချင်း​ချင်း​ချစ်​ကြ​လော့​ဟု ပ​ညတ်​သစ်​ကို ငါ​ပေး၏။-#ယော၊ ၁၅:၁၂၊ ၁၇၊ ၁​ယော၊ ၃:၂၃။ ၂​ယော ၅။ 35သင်​တို့​သည် အ​ချင်း​ချင်း​ချစ်​ကြ​လျှင်၊ လူ​အ​ပေါင်း​တို့​သည် ထို​မေ​တ္တာ​ကို​ထောက်၍ သင်​တို့​သည် ငါ၏​တ​ပည့်​ဖြစ်​သည်​ကို သိ​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။
ပေ​တ​ရု​ငြင်း​ဆို​မည်​ကို​ဖော်​ပြ​ခြင်း
(မ၊ ၂၆:၃၁-၃၅။ မာ၊ ၁၄:၂၇-၃၁။ လု၊ ၂၂:၃၁-၃၄)
36ရှိ​မုန်​ပေ​တ​ရု​က၊ သ​ခင်၊ ကိုယ်​တော်​သည် အ​ဘယ်​အ​ရပ်​သို့ ကြွ​တော်​မူ​မည်​နည်း​ဟု မေး​လျှောက်​လျှင်၊ ယေ​ရှု​က၊ ငါ​သွား​ရာ​အ​ရပ်​သို့ သင်​သည်​ယ​ခု​မ​လိုက်​နိုင်။ နောက်​မှ​လိုက်​ရ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။- 37ပေ​တ​ရု​က​လည်း၊ သ​ခင်၊ အ​ကျွန်ုပ်​သည် ကိုယ်​တော်​နှင့်​အ​တူ အ​ဘယ်​ကြောင့် ယ​ခု​မ​လိုက်​နိုင်​သ​နည်း။ ကိုယ်​တော်​အ​ဖို့ အ​ကျွန်ုပ်၏​အ​သက်​ကို စွန့်​ပါ​မည်​ဟု​လျှောက်​လျှင်၊- 38ယေ​ရှု​က၊ ငါ့​အ​ဖို့ သင့်​အ​သက်​ကို​စွန့်​မည်​လော။ ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ ကြက်​မ​တွန်​မီ သင်​သည် သုံး​ကြိမ်​မြောက်​အောင် ငါ့​ကို​ငြင်း​ပယ်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

လက်ရှိရွေးချယ်ထားမှု

ရှင်ယောဟန် 13: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

ရှင်ယောဟန် 13 အကြောင်း ဗီဒီယိုများ