တစ်စုံတစ်ဦးသည် အဆောက်အအုံတစ်ခုကို တည်ဆောက်မည်ဟု ရည်ရွယ်ရာတွင် ထိုအဆောက်အအုံပြီးစီးသည်အထိ လုံလောက်သောငွေပမာဏရှိ၊ မရှိကို သိရန် ကုန်ကျစရိတ်ကို ဦးစွာ မတွက်ချက်ဘဲ နေမည်လော။ ထိုသို့ မတွက်ချက်ဘဲ အုတ်မြစ်ချ၍ မပြီးစီးနိုင်လျှင် ထိုအဖြစ်ကို မြင်သူတိုင်းက ကဲ့ရဲ့လှောင်ပြောင်လျက် ‘ဤလူသည် စတင်ဆောက်လုပ်သော်လည်း အဆုံးမသတ်နိုင်ပါ’ ဟု ပြောဆိုကြမည်။
လုကာ 14 ကို ဖတ်ရှုရန်
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: လုကာ 14:28-30
8 နေ့ရက်များ
လူတိုင်း၊ ငွေသုံးရ၊ ရှာရ၊ ကိုင်ရသလို ယုံကြည်သူများလည်း ရှာဖွေကိုင်တွယ် သုံးစွဲရသည်။ ထိုသို့ကိုင်တွယ်သုံးစွဲသည့်အခါ၊ ယုံကြည်သူဖြစ်လင့်ကစား၊ သမ္မာနည်းကျကျ ငွေကို မသုံးစွဲတတ်ခြင်းသည် ယုံကြည်သူတစ်ဦးတစ်ယောက်ချင်းစီ၏ အသက်တာတွင် ထိခိုက်မှုရှိသည်နည်းတူ၊ ယုံကြည်သူများနှင့်စပ်ဆိုင်သည့် အဖွဲ့အစည်း၊ လူမှုပတ်ဝန်းကျင်ကိုပင် များစွာ ထိခိုက်ပျက်စီးစေလျက် ဘုရားဘုန်းတော်ရှုံ့ချစေသည့် အရာများဖြစ်ပေါ်စေသည်။ ထိုကြောင့်၊ ယုံကြည်သူမည်သူမဆို၊ သမ္မာနည်းလမ်းကျကျ ငွေကြေးအကြောင်းကို နားလည်သဘောပေါက်လျက် သုံးစွဲမည်ဆိုပါက ပိုမိုအကျိုးရှိ ထိရောက်ပေလိမ့်မည်ဟု ယုံကြည်မျှော်လင့်၍ ရေးသားပြုစုလိုက်ပါသည်။
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ