YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဇေဖနိ 1

1
1ယု​ဒ​ရှင်​ဘု​ရင်​အာ​မုန်​သား ယော​ရှိ​မင်း​လက်​ထက်၊ ဟိ​ဇ​ကိ၊ အာ​မ​ရိ၊ ဂေ​ဒ​လိ​တို့​မှ ဆင်း​သက်​သော ကု​ရှိ၏​သား ဇေ​ဖ​နိ​သို့ ရောက်​လာ​သော ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​ဟူ​မူ​ကား၊#၄​ရာ၊ ၂၂:၁-၂၃:၃၀။ ၆​ရာ၊ ၃၄:၁-၃၅:၂၇။
တ​ရား​စီ​ရင်​ရာ​နေ့
2ပြည်​တစ်​ပြည်​လုံး၌ ရှိ​လေ​သ​မျှ​တို့​ကို အ​ကုန်​အ​စင် ငါ​သုတ်​သင်​ပယ်​ရှင်း​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ 3လူ​နှင့် တိ​ရ​စ္ဆာန်​တို့​ကို ပယ်​ရှင်း​မည်။ မိုး​ကောင်း​ကင်​ငှက်​နှင့် ပင်​လယ်​ငါး​တို့​ကို​လည်း​ကောင်း၊ အ​ဓ​မ္မ​လူ​တို့​နှင့်​တ​ကွ ပြစ်​မှား​စ​ရာ​အ​ကြောင်း​တို့​ကို​လည်း​ကောင်း ငါ​ပယ်​ရှင်း​မည်။ မြေ​တစ်​ပြင်​လုံး၌​ရှိ​သော လူ​သ​တ္တ​ဝါ​တို့​ကို​လည်း ငါ​ပယ်​ရှင်း​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ 4ယု​ဒ​ပြည်​သူ၊ ယေ​ရု​ရှ​လင်​မြို့​သား​အ​ပေါင်း​တို့​ကို ငါ​တိုက်၍၊ ဤ​အ​ရပ်၌ ကျန်​ကြွင်း​သော ဗာ​လ​ဘု​ရား၏​တ​ပည့်​တို့​နှင့် ယဇ်​ပု​ရော​ဟိတ် အ​မျိုး​မျိုး​တို့​ကို​လည်း​ကောင်း၊ 5ကောင်း​ကင်​တန်​ဆာ​များ​ကို အိမ်​မိုး​ပေါ်​မှာ ကိုး​ကွယ်​သော​သူ၊ ထာ​ဝ​ရ​ဘု​ရား​နှင့် မာ​လ​ခံ​ဘု​ရား​ကို​တိုင်​တည်​လျက် ကျိန်​ဆို​ကိုး​ကွယ်​သော သူ​တို့​ကို​လည်း​ကောင်း၊ 6ထာ​ဝ​ရ​ဘု​ရား၏ နောက်​တော်​သို့​မ​လိုက်၊ ဆုတ်​သွား​သော​သူ၊ ထာ​ဝ​ရ​ဘု​ရား​ကို မ​ရှာ​ဖွေ၊ မ​မေး​မြန်း​သော သူ​တို့​ကို​လည်း​ကောင်း ငါ​ပယ်​ရှင်း​မည်။
7အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏​ရှေ့​တော်၌ ငြိမ်​သက်​စွာ နေ​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား၏​နေ့​နီး​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​ယဇ်​ပွဲ​တော်​ကို ပြင်​ဆင်၍၊ ပွဲ​ဝင်​သော​သူ​တို့​ကို သန့်​ရှင်း​စေ​တော်​မူ​ပြီ။ 8ထာ​ဝ​ရ​ဘု​ရား ပွဲ​ခံ​တော်​မူ​သော​နေ့၌ မင်း​များ၊ ဆွေ​တော်​မျိုး​တော်​များ​နှင့် ထူး​ခြား​စွာ​ဝတ်​သော​သူ​များ အ​ပေါင်း​တို့​ကို ငါ​စစ်​ကြော​မည်။ 9သူ​တစ်​ပါး၏ အိမ်​တံ​ခါး​ခုံ​ကို ကျော်၍ အ​နိုင်​အ​ထက်​ပြု​ခြင်း၊ လှည့်​စား​ခြင်း​အား​ဖြင့်​ရ​သော ဥ​စ္စာ​နှင့် မိ​မိ​သ​ခင်၏ အိမ်​ကို ပြည့်​စေ​သော​သူ အ​ပေါင်း​တို့​ကို​လည်း ထို​နေ့၌ ငါ​စစ်​ကြော​မည်။ 10ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ထို​နေ့၌ ငါး​တံ​ခါး​ဝ​မှာ အော်​ဟစ်​သံ​ကို​လည်း​ကောင်း၊ ဒု​တိ​ယ​မြို့၌ ငို​ကြွေး​မြည်​တမ်း​သံ​ကို​လည်း​ကောင်း၊ တောင်​ရိုး၌ ပြင်း​စွာ ချိုး​ဖျက်​သံ​ကို​လည်း​ကောင်း ကြား​ရ၏။ 11မ​တ္တေ​ရှ​အ​ရပ်​သား​တို့၊ ငို​ကြွေး​မြည်​တမ်း​ကြ​လော့။ ကုန်​သည်​အ​ပေါင်း​တို့​သည် ပြတ်​ကြ​ပြီ။ ငွေ​ကို​ဆောင်​သော​သူ အ​ပေါင်း​တို့​သည် ဆုံး​ကြ​ပြီ။ 12ထို​ကာ​လ၌ ငါ​သည် မီး​ခွက်​ကို​ကိုင်၍ ယေ​ရု​ရှ​လင်​မြို့​ကို စစ်​ကြော​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် ကျေး​ဇူး​ကို​လည်း​မ​ပြု၊ အ​ပြစ်​ကို​လည်း မ​ပေး​ဟု အောက်​မေ့​လျက်၊ မိ​မိ​တို့ အ​နည်​အ​ဖတ်​ပေါ်၌ နေ​ရာ​ကျ​သော သူ​တို့​ကို ငါ​စစ်​ကြော​မည်။ 13ထို​သူ​တို့၏​ဥ​စ္စာ​ကို သူ​တစ်​ပါး​လု​ယူ၍၊ သူ​တို့၏ နေ​ရာ​သည် လူ​ဆိတ်​ညံ​လျက် ရှိ​လိမ့်​မည်။ အိမ်​ကို​ဆောက်​သော်​လည်း မ​နေ​ရ​ကြ။ စ​ပျစ်​ဥ​ယျာဉ်​ကို စိုက်​သော်​လည်း စ​ပျစ်​ရည်​ကို မ​သောက်​ရ​ကြ။
ထာ​ဝ​ရ​ဘု​ရား၏​နေ့​ကြီး
14ထာ​ဝ​ရ​ဘု​ရား၏​နေ့​ကြီး​နီး​ပြီ။ နီး​ပြီ။ အ​လျင်​အ​မြန်​လာ၏။ ထာ​ဝ​ရ​ဘု​ရား၏​နေ့​သ​တင်း​သည် နား၌ ခါး၏။ ထို​နေ့၌ သူ​ရဲ​သည် အော်​ဟစ်​လိမ့်​မည်။ 15ထို​နေ့​သည် အ​မျက်​ထွက်​သော​နေ့၊ ဆင်း​ရဲ​ပူ​ပန်​ခြင်း​ကို ခံ​ရ​သော​နေ့၊ သုတ်​သင်​ပယ်​ရှင်း ဖျက်​ဆီး​ရာ​နေ့၊ အ​လင်း​ကွယ်၍ မှောင်​မိုက်​သော​နေ့၊ မိုး​အုံ့၍ ထူ​ထပ်​သော​မှောင်​မိုက်​ဖုံး​လွှမ်း​သော​နေ့၊ 16ခိုင်​ခံ့​သော​မြို့၊ မြင့်​သော​ရဲ​တိုက်​တို့​တစ်​ဖက်၌ တံ​ပိုး​မှုတ်၍ ကြွေး​ကြော်​ရာ​နေ့ ဖြစ်၏။ 17သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​သော​ကြောင့်၊ သူ​တို့​ကို ငါ​ညှဉ်း​ဆဲ​သ​ဖြင့် မျက်​စိ​မ​မြင်​သော သူ​ကဲ့​သို့ သွား​ကြ​လိမ့်​မည်။ သူ​တို့​အ​သွေး​ကို မြေ​မှုန့်​ကဲ့​သို့​သွန်း၍ အ​သား​ကို​လည်း မ​စင်​ကဲ့​သို့ မှတ်​ကြ​လိမ့်​မည်။ 18ထာ​ဝ​ရ​ဘု​ရား အ​မျက်​ထွက်​တော်​မူ​သော​နေ့၌ သူ​တို့​ရွှေ​ငွေ​သည် သူ​တို့​ကို မ​ကယ်​တင်​နိုင်​ရာ။ ဒေါ​သ​အ​မျက်​တော်​မီး​သည် တစ်​ပြည်​လုံး​ကို လောင်​လိမ့်​မည်။ ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့​ကို အ​လျင်​အ​မြန်​စီ​ရင်၍ အ​ကုန်​အ​စင် သုတ်​သင်​ပယ်​ရှင်း​တော်​မူ​လိမ့်​မည်။

လက်ရှိရွေးချယ်ထားမှု

ဇေဖနိ 1: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ