YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဇာခရိ 8:12-13

ဇာခရိ 8:12-13 JBMLE

မျိုး​စေ့​ကို ငြိမ်​ဝပ်​စွာ ကြဲ​ရ​လိမ့်​မည်။ စ​ပျစ်​ပင်​သည် အ​သီး​ကို​လည်း​ကောင်း၊ မြေ​သည် မိ​မိ​စီး​ပွား​ကို​လည်း​ကောင်း၊ မိုး​ကောင်း​ကင်​သည် နှင်း​ရည်​ကို​လည်း​ကောင်း ပေး​ရ​လိမ့်​မည်။ ကျန်​ကြွင်း​သော ဤ​လူ​တို့​သည် ဤ​အ​ရာ​အ​လုံး​စုံ​တို့​ကို ရ​တတ်​စေ​ခြင်း​ငှာ ငါ​ပြု​မည်။ အို ယု​ဒ​အ​မျိုး​နှင့် ဣ​သ​ရေ​လ​အ​မျိုး​တို့၊ သင်​တို့​သည် တစ်​ပါး​အ​မျိုး​တို့​တွင် ကျိန်​ဆဲ​ရာ​ဖြစ်​ဖူး​သ​ကဲ့​သို့၊ ကောင်း​ချီး​ခံ​ရာ ဖြစ်​စေ​ခြင်း​ငှာ ငါ​ကယ်​တင်​မည်။ မ​စိုး​ရိမ်​ဘဲ လက်​အား​ကြီး​ကြ​လော့။