YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဇာခရိ 4

4
ဆီ​မီး​ခုံ​နှင့်​သံ​လွင်​ပင်
1ငါ​နှင့်​ပြော​ဆို​သော ကောင်း​ကင်​တ​မန်​သည် ပြန်​လာ၍၊ အိပ်​ပျော်​သော​သူ​ကို နှိုး​သ​ကဲ့​သို့ ငါ့​ကို​နှိုး​လျက်၊ 2သင်​သည် အ​ဘယ်​အ​ရာ​ကို မြင်​သ​နည်း​ဟု မေး​လျှင်၊ ငါ​က၊ အ​ကျွန်ုပ်​သည် ကြည့်​ရှု၍ ရွှေ​အ​တိ​ပြီး​သော ဆီ​မီး​ခုံ​ကို မြင်​ပါ၏။ မီး​ခုံ​တိုင်​အ​ဖျား၌ ဆီ​အိုး​တစ်​လုံး၊ မီး​ခွက်​ခု​နစ်​လုံး၊ ဆီ​အိုး​နှင့် မီး​ခွက်​ခု​နစ်​လုံး ဆက်​သော ပြွန်​တံ​ခု​နစ်​တံ​ရှိ​ပါ၏။ 3ဆီ​အိုး​လက်​ယာ​ဘက်၌ သံ​လွင်​ပင်​တစ်​ပင်၊ လက်​ဝဲ​ဘက်၌ တစ်​ပင်၊ မီး​ခုံ​ကို လွှမ်း​မိုး​သော သံ​လွင်​ပင်​နှစ်​ပင် ရှိ​ပါ​သည်​ဟု​ဆို​ပြီး​မှ၊#ဗျာ၊ ၁၁:၄။ 4ငါ​နှင့်​ပြော​ဆို​သော ကောင်း​ကင်​တ​မန်​အား၊ အ​ကျွန်ုပ်​သ​ခင်၊ ဤ​အ​ရာ​တို့​ကား အ​ဘယ်​အ​ရာ​ဖြစ်​သ​နည်း​ဟု မေး​သော်၊ 5ငါ​နှင့်​ပြော​ဆို​သော ကောင်း​ကင်​တ​မန်​က၊ ဤ​အ​ရာ​တို့​ကား၊ အ​ဘယ်​အ​ရာ​ဖြစ်​သည်​ကို နား​မ​လည်​သ​လော​ဟု မေး​လျှင်၊ အ​ကျွန်ုပ် နား​မ​လည်​ပါ​သ​ခင်​ဟု လျှောက်၏။
ဇေ​ရု​ဗ​ဗေလ​အား​ပေး​တော်​မူ​သည့်​က​တိ​တော်
6ကောင်း​ကင်​တ​မန်​က​လည်း၊ ဇေ​ရု​ဗ​ဗေ​လ​သို့ ရောက်​လာ​သော ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​ဟူ​မူ​ကား၊ ဤ​အ​မှု​သည် ဗိုလ်​ခြေ​အား​ဖြင့် မ​ဟုတ်၊ အာ​ဏာ​တန်​ခိုး​အား​ဖြင့် မ​ဟုတ်၊ ငါ့​ဝိ​ညာဉ်​အား​ဖြင့် ဖြစ်​လိမ့်​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။#ဧ​ဇ၊ ၅:၂။ 7အို တောင်​ကြီး၊ သင်​သည် အ​ဘယ်​သို့​နည်း။ ဇေ​ရု​ဗ​ဗေ​လ​ရှေ့​မှာ ညီ​သော​အ​ရပ် ဖြစ်​ရ​လိမ့်​မည်။ လူ​များ​တို့​က၊ ကျေး​ဇူး​တော် ရှိ​ပါ​စေ​သော။ ကျေး​ဇူး​တော်​ရှိ​ပါ​စေ​သော​ဟု ကြွေး​ကြော်​လျက်၊ ထို​မင်း​သည် တိုက်​ထောင့် အ​ထွတ်​ကျောက်​ကို တင်​ထား​ရ​လိမ့်​မည်။
8တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့ ရောက်​လာ​သည်​ကား၊ 9ဇေ​ရု​ဗ​ဗေ​လ​သည် ဤ​အိမ်​တော်​အ​မြစ်​ကို ချ​ထား​ပြီ။ သူ​သည်​လည်း လက်​စ​သတ်​ရ​လိမ့်​မည်။ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို သင်​တို့​ရှိ​ရာ​သို့ စေ​လွှတ်​တော်​မူ​သည်​ကို သင်​တို့ သိ​ရ​ကြ​လိမ့်​မည်။ 10အ​မှု​ငယ်​ပြု​သော နေ့​ရက်​ကို အ​ဘယ်​သူ​သည် မ​ထီ​မဲ့​မြင် ပြု​ရ​သ​နည်း။ ချိန်​ကြိုး​သည် ဇေ​ရု​ဗ​ဗေ​လ​လက်၌ ရှိ​သည်​ကို ထို​ခု​နစ်​ပါး​တို့​သည် မြင်၍ ဝမ်း​မြောက်​ကြ​လိမ့်​မည်။ ထို​ခု​နစ်​ပါး​တို့​ကား၊ မြေ​ကြီး​တစ်​ပြင်​လုံး​တွင် တောင်​မြောက်​ပြေး​တတ်​သော၊ ထာ​ဝ​ရ​ဘု​ရား၏​မျက်​စိ​တော်​များ ဖြစ်​သ​တည်း​ဟု မိန့်​တော်​မူ၏။#ဗျာ၊ ၅:၆။ 11ငါ​က​လည်း၊ မီး​ခုံ​လက်​ယာ​ဘက်၊ လက်​ဝဲ​ဘက်၌​ရှိ​သော ထို​သံ​လွင်​ပင်​နှစ်​ပင်​ကား အ​ဘယ်​သို့​နည်း ဟူ၍​လည်း​ကောင်း၊#ဗျာ၊ ၁၁:၄။ 12ဆီ​ညှစ်​ရာ ရွှေ​စက်​နှစ်​ခု​အား​ဖြင့်၊ မိ​မိ​တို့​ဆီ​ကို သွန်း​လောင်း​သော ထို​သံ​လွင်​ကိုင်း​နှစ်​ကိုင်း​ကား အ​ဘယ်​သို့​နည်း ဟူ၍​လည်း​ကောင်း မေး​လျှောက်​သော်၊ 13ကောင်း​ကင်​တ​မန်​က၊ ထို​အ​ကိုင်း​တို့​ကို နား​မ​လည်​သ​လော​ဟု မေး​လျှင်၊ အ​ကျွန်ုပ် နား​မ​လည်​ပါ​သ​ခင်​ဟု လျှောက်၏။ 14ကောင်း​ကင်​တ​မန်​က​လည်း၊ ထို​အ​ကိုင်း​တို့​သည် မြေ​ကြီး​တစ်​ပြင်​လုံး​ကို အ​စိုး​ပိုင်​တော်​မူ​သော အ​ရှင်၏ ရှေ့​တော်၌​ရပ်​နေ​သော ဘိ​သိက်​ခံ​သူ​နှစ်​ပါး ဖြစ်​သည်​ဟု ဆို၏။

လက်ရှိရွေးချယ်ထားမှု

ဇာခရိ 4: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ