YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဇာခရိ 3

3
ယော​ရှု​နှင့်​စာ​တန်
1ယဇ်​ပု​ရော​ဟိတ်​မင်း ယော​ရှု​သည် ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​ရှေ့၌ ရပ်​နေ​သည်​ကို​လည်း​ကောင်း၊ စာ​တန် သည် ရန်​ဘက်​ပြု၍ သူ၏​လက်​ယာ​ဘက်၌ ရပ်​နေ​သည်​ကို​လည်း​ကောင်း ငါ့​အား​ပြ​တော်​မူ၏။#ဧ​ဇ၊ ၅:၂။ ဗျာ၊ ၁၂:၁၀။ 2ထာ​ဝ​ရ​ဘု​ရား၏​ကောင်း​ကင်​တ​မန်​က​လည်း၊ အို စာ​တန်၊ ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို ဆုံး​မ​တော်​မူ​ပါ​စေ​သော။ ယေ​ရု​ရှ​လင်​မြို့​ကို ရွေး​ချယ်​ပြီး​သော ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို ဆုံး​မ​တော်​မူ​ပါ​စေ​သော။ ဤ​သူ​သည် မီး​ထဲ​က နုတ်​သော​ထင်း​စ​ဖြစ်​သည် မ​ဟုတ်​လော​ဟု စာ​တန်​အား ဆို၏။#ယု​ဒ၊ ၉။ 3ယော​ရှု​သည် ညစ်​ညူး​သော​အ​ဝတ်​ကို ဝတ်​လျက်၊ ကောင်း​ကင်​တ​မန်​ရှေ့​မှာ ရပ်​နေ​သည်​ဖြစ်၍၊ 4ကောင်း​ကင်​တ​မန်​က၊ ညစ်​ညူး​သော​အ​ဝတ်​ကို ချွတ်​ပယ်​ကြ​လော့​ဟု မိ​မိ​ရှေ့​မှာ ရပ်​နေ​သော အ​ခြား​သူ​တို့​အား ဆို၏။ ယော​ရှု​အား​လည်း၊ သင့်​အ​ပြစ်​ကို ငါ​ဖြေ​ရှင်း​ပြီ။ တင့်​တယ်​သော အ​ဝတ်​ကို ဝတ်​စေ​မည်​ဟု ဆို၏။ 5ငါ​က​လည်း၊ စင်​ကြယ်​သော​ပေါင်း​ကို သူ၏​ခေါင်း​ပေါ်​မှာ တင်​ကြ​စေ​ဟု ဆို​သည်​အ​တိုင်း၊ စင်​ကြယ်​သော​ပေါင်း​ကို သူ၏​ခေါင်း​ပေါ်​မှာ တင်၍ အ​ဝတ်​ကို ဝတ်​စေ​ကြ၏။ ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည်​လည်း အ​နား​မှာ ရပ်​နေ၏။
6တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို ဆင့်​ဆို၍ ယော​ရှု​အား ပ​ညတ်​ထား​သည်​ကား၊ 7သင်​သည် ငါ့​လမ်း​သို့​လိုက်၍ ငါ့​ပ​ညတ်​တ​ရား​ကို စောင့်​ရှောက်​လျှင်၊ ငါ့​အိမ်​ကို စီ​ရင်​ရ​သော​အ​ခွင့်၊ ငါ့ တံ​တိုင်း​တို့​ကို စောင့်​ရ​သော​အ​ခွင့် ရှိ​လိမ့်​မည်။ ရှေ့​တော်၌​ရပ်​နေ​သော သူ​အ​ချို့​တို့​ကို၊ သင့်​အား လမ်း​ပြ​ရ​သော​သူ ဖြစ်​မည်​အ​ကြောင်း ငါ​ခန့်​ထား​မည်။ 8အို ယဇ်​ပု​ရော​ဟိတ်​မင်း​ယော​ရှု၊ သင့်​ရှေ့​မှာ​နေ​သော သင့်​အ​ပေါင်း​အ​ဖော်​တို့​နှင့်​တ​ကွ နား​ထောင်​လော့။ သူ​တို့​သည် နိ​မိတ်​လ​က္ခ​ဏာ​နှင့် ယှဉ်​သော​သူ ဖြစ်​ကြ၏။ ငါ၏​ကျွန်​တည်း​ဟူ​သော အ​ညွန့်​ကို ငါ​ပေါ်​ထွန်း​စေ​မည်။#ယေ၊ ၂၃:၅၊ ၃၃:၁၅။ ဇာ၊ ၆:၁၂။ 9ယော​ရှု​ရှေ့​မှာ ငါ​ထား​သော​ကျောက်​ကို ကြည့်​ရှု​လော့။ ထို​ကျောက်​တစ်​ခု​ကို မျက်​စိ​ခု​နစ်​လုံး​ကြည့်​ရှု​လျက်​ရှိ​လိမ့်​မည်။ ထို​ကျောက်​ကို​လည်း ငါ​ထု​လုပ်​မည်။ တစ်​နေ့​ချင်း​တွင် ဤ​ပြည်၏​အ​ပြစ်​ကို ငါ​ပယ်​ရှင်း​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ 10ထို​နေ့၌ သင်​တို့​သည် မိ​မိ​တို့ အိမ်​နီး​ချင်း တစ်​ယောက်​ကို​တစ်​ယောက် စ​ပျစ်​ပင်​အောက်၊ သင်္ဘော​သ​ဖန်း​ပင် အောက်​သို့ ခေါ်​ဖိတ်​ကြ​လိမ့်​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။#မိ၊ ၄:၄။

လက်ရှိရွေးချယ်ထားမှု

ဇာခရိ 3: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ