YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဇာခရိ 13

13
1ထို​ကာ​လ၌ ဒါ​ဝိဒ်​မင်း​မျိုး​နှင့် ယေ​ရု​ရှ​လင်​မြို့​သား​တို့၏ ဒု​စ​ရိုက်​အ​ပြစ် အ​ညစ်​အ​ကြေး​ကို ဆေး​ကြော​စ​ရာ​ဖို့ စမ်း​ရေ​တွင်း​သည် ပွင့်​လျက်​ရှိ​လိမ့်​မည်။ 2ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ပြည်​တော်​တွင် ရှိ​သော ရုပ်​တု​တို့၏​နာ​မ​များ​ကို နောက်​တစ်​ဖန် အ​ဘယ်​သူ​မျှ မ​မှတ်​မိ​စေ​ခြင်း​ငှာ၊ ထို​ကာ​လ၌ ငါ​သုတ်​သင်​ပယ်​ရှင်း​မည်။ ပ​ရော​ဖက်​လုပ်​သော သူ​တို့​ကို​လည်း​ကောင်း၊ ညစ်​ညူး​သော ဝိ​ညာဉ်​ကို​လည်း​ကောင်း ပြည်​တော်​မှ နှင်​ထုတ်​မည်။ 3လူ​တစ်​စုံ​တစ်​ယောက်​သည် ပ​ရော​ဖက်​ပြု​သေး​လျှင်၊ ဖွား​မြင်​သော မိ​ဘ​တို့​က၊ သင်​သည် ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​ကို​အ​မှီ​ပြု၍ မု​သား​စ​ကား​ကို ဟော​ပြော​သော​ကြောင့် အ​သေ​ခံ​ရ​မည်​ဟု ဆို​လျက်၊ ပ​ရော​ဖက်​ပြု​စဉ်​ပင် ကိုယ်​မိ​ဘ​တို့​သည် သူ့​ကို ထုတ်​ချင်း​ခပ် ထိုး​ကြ​လိမ့်​မည်။ 4ထို​ကာ​လ၌ ပ​ရော​ဖက်​သည်​ဟော​ပြော​သော​အ​ခါ မိ​မိ​မြင်​သော ရူ​ပါ​ရုံ​ကြောင့် ရှက်​လိမ့်​မည်။ သူ​တစ်​ပါး​ကို လှည့်​စား​မည့်​အ​ကြံ​နှင့် ကြမ်း​တမ်း​သော အ​ဝတ်​ကို​လည်း မ​ဝတ်​ရ။ 5အ​ကျွန်ုပ်​သည် ပ​ရော​ဖက်​မ​ဟုတ်၊ လယ်​လုပ်​သော​သူ​ဖြစ်​ပါ၏။ ငယ်​သော​အ​ရွယ်​မှ​စ၍ သူ​တစ်​ပါး၌ ကျွန်​ခံ​ရ​ပါ​ပြီ​ဟု ဝန်​ခံ​လိမ့်​မည်။ 6သူ​တစ်​ပါး​က​လည်း၊ သင့်​လက်၌​ပေါ်​သော​ဒဏ်​ရာ​ကား အ​ဘယ်​သို့​နည်း​ဟု​မေး​လျှင် ဤ​ဒဏ်​ရာ​ကား၊ ကျွန်ုပ်၏ အ​ဆွေ​ခင်​ပွန်း​အိမ်၌ ခံ​ရ​သော ဒဏ်​ရာ​ဖြစ်​ပါ​သည်​ဟု ပြန်​ပြော​လိမ့်​မည်။
သိုး​ထိန်း​ကို​သတ်​ရန်​အ​မိ​န့်​တော်
7ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ အို ဓား၊ ငါ၏​သိုး​ထိန်း​တစ်​ဖက်၊ ငါ၏​အ​ပေါင်း​အ​ဖော်​ဖြစ်​သော​သူ တစ်​ဖက်၌ နိုး​လော့။ သိုး​ထိန်း​ကို ရိုက်​သတ်​လော့။ သို့​ပြု​လျှင်၊ သိုး​တို့​သည် ကွဲ​လွင့်​ရ​ကြ​လိမ့်​မည်။ သိုး​သ​ငယ်​တို့​အ​ပေါ်၌​လည်း ငါ​သည် ငါ့​လက်​ကို တင်​ဦး​မည်။#မ၊ ၂၆:၃၁။ မာ၊ ၁၄:၂၇။ 8ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ တစ်​ပြည်​လုံး သုံး​စု​တွင် နှစ်​စု​ကို ပယ်​ဖြတ်၍ အ​သေ​ခံ​ရ​သ​ဖြင့်၊ တစ်​စု​သာ​ကျန်​ကြွင်း​ရ​လိမ့်​မည်။ 9ထို​တစ်​စု​ကို မီး​အ​လယ်​သို့ ငါ​လျှောက်​သွား​စေ​မည်။ ငွေ​ကို ချွတ်​သ​ကဲ့​သို့ ချွတ်​မည်။ ရွှေ​ကို စုံ​စမ်း​သ​ကဲ့​သို့ စုံ​စမ်း​မည်။ သူ​တို့​သည် ငါ့​နာ​မ​ကို ပ​တ္ထ​နာ​ပြု၍ ငါ​နား​ထောင်​မည်။ သူ​တို့​ကို ငါ၏​လူ​မျိုး​ဟူ၍ ငါ​ခေါ်​ဝေါ်​မည်။ သူ​တို့​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့၏​ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ၏​ဟု ဝန်​ခံ​ကြ​လိမ့်​မည်။

လက်ရှိရွေးချယ်ထားမှု

ဇာခရိ 13: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ