YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဇာခရိ 10:1-12

ဇာခရိ 10:1-12 JBMLE

နောက်​မိုး ရွာ​ရာ​ကာ​လ​တွင် မိုး​ရွာ​စေ​မည်​အ​ကြောင်း၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်၌ ဆု​တောင်း​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် လျှပ်​စစ်​ကို​ပြင်​ဆင်၍ များ​စွာ​မိုး​ရွာ​စေ​သ​ဖြင့်၊ ခပ်​သိမ်း​သော​လူ​တို့​အ​ဖို့ လယ်​ပြင်၌ အ​ပင် ပေါက်​စေ​တော်​မူ​မည်။ တေ​ရပ်​ရုပ်​တု​တို့​သည် အ​န​တ္တ​စ​ကား​ကို ပြော​ကြ၏။ ပ​ရော​ဖက်​လုပ်​သော သူ​တို့​သည် မု​သား​ရူ​ပါ​ရုံ​ကို​မြင်၍၊ မ​မှန်​သော​အိပ်​မက်​ကို ဟော​ပြော​ကြ၏။ အ​ချည်း​နှီး နှစ်​သိမ့်​စေ​ကြ၏။ ထို​ကြောင့်၊ သိုး​စု​ကဲ့​သို့ လည်​သွား၍ သိုး​ထိန်း​မ​ရှိ​သော​ကြောင့် ဆင်း​ရဲ​ခံ​ရ​ကြ၏။ သိုး​ထိန်း​တို့​ကို ငါ​အ​မျက်​ထွက်၍၊ ဆိတ်​ထီး​တို့​ကို စစ်​ကြော​သ​ဖြင့်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​သိုး​စု ယု​ဒ​အ​မျိုး​ကို အ​ကြည့်​အ​ရှု​ကြွ​လာ၍၊ ဘုန်း​တော်​ကို​ဆောင်​သော စစ်​တိုက်​မြင်း​ကဲ့​သို့ ဖြစ်​စေ​တော်​မူ​မည်။ ထို​အ​မျိုး​ထဲ​က တိုက်​ထောင့်​အ​မြစ်​ကျောက်၊ တံ​စို့၊ စစ်​တိုက်​လေး၊ မင်း​ဖြစ်​သော လူ​အ​ပေါင်း​တို့​သည် ထွက်​ကြ​လိမ့်​မည်။ သူ​တို့​သည် စစ်​တိုက်​ရာ​တွင် လမ်း၌​ရှိ​သော​ရွှံ့​ကို​နင်း​သော စစ်​သူ​ရဲ​ကဲ့​သို့ ဖြစ်​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား၏ ကျေး​ဇူး​တော်​ကို ခံ​ရ​သော​ကြောင့်၊ စစ်​တိုက်၍ မြင်း​စီး​သူ​ရဲ​တို့​ကို အ​ရှက်​ခွဲ​ကြ​လိမ့်​မည်။ ယု​ဒ​အ​မျိုး​ကို​လည်း ငါ​ခိုင်​ခံ့​စေ​မည်။ ယော​သပ်​အ​မျိုး​ကို​လည်း ငါ​ကယ်​တင်​မည်။ သူ​တို့​ကို သ​နား​စုံ​မက်​သော​ကြောင့် နေ​ရာ​ချ​မည်။ သူ​တို့​သည် နှင်​ထုတ်​ခြင်း​ကို မ​ခံ​ဖူး​သ​ကဲ့​သို့ ဖြစ်​ကြ​လိမ့်​မည်။ ငါ​သည် သူ​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၍ သူ​တို့​စ​ကား​ကို နား​ထောင်​မည်။ ဧ​ဖ​ရိမ်​အ​မျိုး​သား​တို့​သည် သူ​ရဲ​ကဲ့​သို့ ဖြစ်၍၊ စ​ပျစ်​ရည်​နှင့်​ဝ​သ​ကဲ့​သို့ ဝမ်း​မြောက်​ကြ​လိမ့်​မည်။ သား​မြေး​တို့​သည် မြင်​လျက် ဝမ်း​မြောက်၍၊ ထာ​ဝ​ရ​ဘု​ရား​ကို​အ​မှီ​ပြု​လျက် ရွှင်​လန်း​ကြ​လိမ့်​မည်။ သူ​တို့​ကို ငါ​နှိုး​ဆော်၍ စု​ဝေး​စေ​မည်။ သူ​တို့​သည် ငါ၏​ရွေး​နုတ်​ခြင်း​ကို ခံ​ရ​သော​အား​ဖြင့်၊ အ​ရင်​များ​ပြား​သ​ကဲ့​သို့ တစ်​ဖန် များ​ပြား​ကြ​လိမ့်​မည်။ သူ​တို့​ကို တစ်​ပါး​အ​မျိုး​သား​တို့​တွင် မျိုး​စေ့​ကဲ့​သို့ ငါ​ကြဲ​သ​ဖြင့်၊ ဝေး​သော​ပြည်၌ ငါ့​ကို​အောက်​မေ့၍၊ သား​မြေး​တို့​နှင့်​တ​ကွ အ​သက်​ရှင်​လျက် ပြန်​လာ​ကြ​လိမ့်​မည်။ သူ​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ တစ်​ဖန် ငါ​ဆောင်​ခဲ့​ဦး​မည်။ အာ​ရှု​ရိ​ပြည်​မှ​ခေါ်၍ စု​ဝေး​စေ​မည်။ ဂိ​လဒ်​ပြည်​နှင့် လေ​ဗ​နုန်​ပြည်​သို့ တစ်​ဖန် ငါ​ဆောင်​ခဲ့​သ​ဖြင့်၊ သူ​တို့ နေ​စ​ရာ​ဖို့ မြေ​မ​လောက်​နိုင်။ ပင်​လယ်​အ​လယ်၌ လျှောက်​သွား၍ ညှဉ်း​ဆဲ​လျက်၊ ပင်​လယ်​တံ​ပိုး​များ​ကို ဒဏ်​ခတ်​တော်​မူ​မည်။ မြစ်၌ နက်​နဲ​သော​အ​ရပ်​ရှိ​သ​မျှ​တို့​လည်း ခန်း​ခြောက်​ကြ​လိမ့်​မည်။ အာ​ရှု​ရိ​ပြည်၏​မာ​န​ကို နှိမ့်​ချ၍၊ အဲ​ဂု​တ္တု​မင်း၏​အာ​ဏာ​သည်​လည်း ကွယ်​ပျောက်​လိမ့်​မည်။ သူ​တို့​ကို ထာ​ဝ​ရ​ဘု​ရား​အား​ဖြင့် ငါ​ခိုင်​ခံ့​စေ​မည်။ နာ​မ​တော်​ကို အ​မှီ​ပြု​လျက် လှည့်​လည်၍ သွား​ကြ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။