YouVersion လိုဂို
ရှာရန် အိုင်ကွန်

တိတု 1:1-9

တိတု 1:1-9 JBMLE

မု​သား​နှင့်​ကင်း​စင်​တော်​မူ​သော ဘု​ရား​သ​ခင်​သည်၊ ရှေး​ကပ်​ကာ​လ​မ​ရောက်​မီ က​တိ​ထား​တော်​မူ၍၊ ငါ​တို့​ကို​ကယ်​တင်​သော အ​ရှင်​ဘု​ရား​သ​ခင်၏ ပ​ညတ်​တော်​အ​တိုင်း၊ ငါ၌​အပ်​ထား​သော တ​ရား​ဟော​ခြင်း အ​ခွင့်​အား​ဖြင့် တော်​လျော်​သော​အ​ချိန်၌၊ နှုတ်​က​ပတ်​တ​ရား​တော်​ကို ထင်​ရှား​စေ​တော်​မူ​သော​အ​ရာ​နှင့် စပ်​ဆိုင်​သော ထာ​ဝ​ရ​အ​သက်​ကို မျှော်​လ​င့်​သည်​ဖြစ်၍၊ ဘု​ရား​ဝတ်၌ မွေ့​လျော်​ခြင်း​နှင့်​ဆိုင်​သော သ​မ္မာ​တ​ရား​ကို ဝန်​ခံ​ခြင်း​အ​လို​ငှာ​လည်း​ကောင်း၊ ဘု​ရား​သ​ခင် ရွေး​ကောက်​တော်​မူ​သော သူ​တို့၏ ယုံ​ကြည်​ခြင်း​အ​လို​ငှာ​လည်း​ကောင်း၊ ဘု​ရား​သ​ခင်၏ ကျွန်​တည်း​ဟူ​သော၊ ယေ​ရှု​ခ​ရစ်၏ တ​မန်​တော်​ဖြစ်​သော ငါ​ပေါ​လု​သည်၊- ဆက်​ဆံ​သော​ယုံ​ကြည်​ခြင်း​အား​ဖြင့် ငါ့​သား​စစ်​ဖြစ်​သော တိ​တု​ကို ကြား​လိုက်​ပါ၏။ ငါ​တို့​ကို​ကယ်​တင်​တော်​မူ​သော အ​ရှင်​သ​ခင်​ယေ​ရှု​ခ​ရစ်​နှင့် ခ​မည်း​တော် ဘု​ရား​သ​ခင့်​အ​ထံ​တော်​က ကျေး​ဇူး၊ က​ရု​ဏာ၊ ငြိမ်​သက်​ခြင်း ရှိ​ပါ​စေ​သော။ ငါ​သည် သင့်​ကို မှာ​ထား​ခဲ့​နှင့်​သည်​အ​တိုင်း၊ က​ရေ​တေ​ကျွန်း၌ မ​စုံ​လင်​သ​မျှ​တို့​ကို ပြင်​ဆင်၍၊ မြို့​ရွာ​များ၌ သင်း​အုပ်​တို့​ကို ခန့်​ထား​စေ​ခြင်း​ငှာ၊ ထို​ကျွန်း၌ သင့်​ကို ငါ​ထား​ခဲ့​သ​တည်း။- အ​ပြစ်​တင်​ခွင့်​နှင့် ကင်း​လွတ်​သော​သူ၊ မ​ယား​တစ်​ယောက်​တည်း​ရှိ​သော​သူ ဖြစ်​လျှင်​လည်း​ကောင်း၊ သူ၏​သား​သ​မီး​တို့​သည် ကာ​မ​ဂုဏ်၌ လွန်​ကျူး​သည်​ဟု အ​ပြစ်​တင်​ခြင်း၊ နား​မ​ထောင်​ခြင်း​နှင့်​လွတ်၍ ယုံ​ကြည်​လျှင်​လည်း​ကောင်း၊ ထို​သို့​သော​သူ​ကို ခန့်​ထား​အပ်၏။- အ​ကြောင်း​မူ​ကား၊ သင်း​အုပ်​သည် ဘု​ရား​သ​ခင်၏ ဘ​ဏ္ဍာ​စိုး​ကဲ့​သို့၊ အ​ပြစ်​တင်​ခွင့်​နှင့် ကင်း​လွတ်​သော​သူ ဖြစ်​ရ​မည်။ ကိုယ်​အ​လို​သို့ လိုက်​တတ်​သော​သူ၊ စိတ်​တို​သော​သူ၊ စပျစ်ရည်နှင့်ပျော်မွေ့သောသူ၊ သူ​တစ်​ပါး​ကို ရိုက်​ပုတ်​သော​သူ၊ မ​စင်​ကြယ်​သော​စီး​ပွား​ကို တပ်​မက်​သော​သူ မ​ဖြစ်​ရ​ဘဲ၊- ဧည့်​သည်​ဝတ်​ကို ပြု​တတ်​သော​သူ၊ သူ​တော်​ကောင်း​နှင့် အ​ဆွေ​ဖွဲ့​သော​သူ၊ ဣ​န္ဒြေ​စောင့်​သော​သူ၊ ဖြောင့်​မတ်​သော​သူ၊ သန့်​ရှင်း​သော​သူ၊ ကာ​မ​ဂုဏ်​ကို ချုပ်​တည်း​သော​သူ​ဖြစ်​ရ​မည်။- စင်​ကြယ်​သော ဩ​ဝါ​ဒ​အား​ဖြင့် တိုက်​တွန်း​သွေး​ဆောင်​ခြင်း​ငှာ​လည်း​ကောင်း၊ ငြင်း​ခုံ​သော​သူ​တို့၏ စ​ကား​ကို ချေ​ခြင်း​ငှာ​လည်း​ကောင်း တတ်​နိုင်​မည်​အ​ကြောင်း၊ ကိုယ်​တိုင်​သင်​ပြီး​သော သ​စ္စာ​စ​ကား​တော်​ကို အ​မြဲ​စွဲ​လမ်း​သော​သူ ဖြစ်​ရ​မည်။