တိတု 1:3-9
တိတု 1:1-9 Judson Bible (JBMLE)
မုသားနှင့်ကင်းစင်တော်မူသော ဘုရားသခင်သည်၊ ရှေးကပ်ကာလမရောက်မီ ကတိထားတော်မူ၍၊ ငါတို့ကိုကယ်တင်သော အရှင်ဘုရားသခင်၏ ပညတ်တော်အတိုင်း၊ ငါ၌အပ်ထားသော တရားဟောခြင်း အခွင့်အားဖြင့် တော်လျော်သောအချိန်၌၊ နှုတ်ကပတ်တရားတော်ကို ထင်ရှားစေတော်မူသောအရာနှင့် စပ်ဆိုင်သော ထာဝရအသက်ကို မျှော်လင့်သည်ဖြစ်၍၊ ဘုရားဝတ်၌ မွေ့လျော်ခြင်းနှင့်ဆိုင်သော သမ္မာတရားကို ဝန်ခံခြင်းအလိုငှာလည်းကောင်း၊ ဘုရားသခင် ရွေးကောက်တော်မူသော သူတို့၏ ယုံကြည်ခြင်းအလိုငှာလည်းကောင်း၊ ဘုရားသခင်၏ ကျွန်တည်းဟူသော၊ ယေရှုခရစ်၏ တမန်တော်ဖြစ်သော ငါပေါလုသည်၊- ဆက်ဆံသောယုံကြည်ခြင်းအားဖြင့် ငါ့သားစစ်ဖြစ်သော တိတုကို ကြားလိုက်ပါ၏။ ငါတို့ကိုကယ်တင်တော်မူသော အရှင်သခင်ယေရှုခရစ်နှင့် ခမည်းတော် ဘုရားသခင့်အထံတော်က ကျေးဇူး၊ ကရုဏာ၊ ငြိမ်သက်ခြင်း ရှိပါစေသော။ ငါသည် သင့်ကို မှာထားခဲ့နှင့်သည်အတိုင်း၊ ကရေတေကျွန်း၌ မစုံလင်သမျှတို့ကို ပြင်ဆင်၍၊ မြို့ရွာများ၌ သင်းအုပ်တို့ကို ခန့်ထားစေခြင်းငှာ၊ ထိုကျွန်း၌ သင့်ကို ငါထားခဲ့သတည်း။- အပြစ်တင်ခွင့်နှင့် ကင်းလွတ်သောသူ၊ မယားတစ်ယောက်တည်းရှိသောသူ ဖြစ်လျှင်လည်းကောင်း၊ သူ၏သားသမီးတို့သည် ကာမဂုဏ်၌ လွန်ကျူးသည်ဟု အပြစ်တင်ခြင်း၊ နားမထောင်ခြင်းနှင့်လွတ်၍ ယုံကြည်လျှင်လည်းကောင်း၊ ထိုသို့သောသူကို ခန့်ထားအပ်၏။- အကြောင်းမူကား၊ သင်းအုပ်သည် ဘုရားသခင်၏ ဘဏ္ဍာစိုးကဲ့သို့၊ အပြစ်တင်ခွင့်နှင့် ကင်းလွတ်သောသူ ဖြစ်ရမည်။ ကိုယ်အလိုသို့ လိုက်တတ်သောသူ၊ စိတ်တိုသောသူ၊ စပျစ်ရည်နှင့်ပျော်မွေ့သောသူ၊ သူတစ်ပါးကို ရိုက်ပုတ်သောသူ၊ မစင်ကြယ်သောစီးပွားကို တပ်မက်သောသူ မဖြစ်ရဘဲ၊- ဧည့်သည်ဝတ်ကို ပြုတတ်သောသူ၊ သူတော်ကောင်းနှင့် အဆွေဖွဲ့သောသူ၊ ဣန္ဒြေစောင့်သောသူ၊ ဖြောင့်မတ်သောသူ၊ သန့်ရှင်းသောသူ၊ ကာမဂုဏ်ကို ချုပ်တည်းသောသူဖြစ်ရမည်။- စင်ကြယ်သော ဩဝါဒအားဖြင့် တိုက်တွန်းသွေးဆောင်ခြင်းငှာလည်းကောင်း၊ ငြင်းခုံသောသူတို့၏ စကားကို ချေခြင်းငှာလည်းကောင်း တတ်နိုင်မည်အကြောင်း၊ ကိုယ်တိုင်သင်ပြီးသော သစ္စာစကားတော်ကို အမြဲစွဲလမ်းသောသူ ဖြစ်ရမည်။
တိတု 1:3-9 Common Language Bible (BCL)
ထိုနောက်အချိန်သင့်သောအခါ၌ထို ထာဝရအသက်ကိုတရားတော်အားဖြင့် ပေါ်လွင်ထင်ရှားစေတော်မူ၏။ ငါတို့၏ ကယ်တင်ရှင်ဘုရားသခင်သည်ထိုတရား တော်ကို ငါ့အားပေးအပ်တော်မူသည်ဖြစ်ရာ ငါသည်ကိုယ်တော်၏အမိန့်တော်အရထို တရားတော်ကိုကြေညာ၏။ ငါတို့နည်းတူယုံကြည်သူ၊ ယုံကြည်ခြင်းအား ဖြင့် ငါ၏သားစစ်ဖြစ်သူတိတုထံသို့ဤစာ ကိုငါရေးသားပေးပို့လိုက်ပါသည်။ ခမည်းတော်ဘုရားသခင်နှင့်ငါတို့၏ကယ် တင်ရှင်ခရစ်တော်ယေရှုသည် သင့်အားကျေးဇူး တော်နှင့်ငြိမ်သက်ခြင်းကိုပေးသနားတော်မူ ပါစေသတည်း။ ကရေတေကျွန်းတွင်လုပ်ဆောင်စရာရှိသေး သောအမှုကိစ္စအဝဝတို့ကိုစီမံဆောင်ရွက် ရန်နှင့် အမြို့မြို့တွင်သင်းအုပ်များခန့်ထား ရန်သင့်အားငါထားခဲ့၏။ ငါယခုပေးမည့် ညွှန်ကြားချက်များကိုမမေ့နှင့်။- အသင်းတော်ကိုအုပ်ထိန်းသူသည်အပြစ်ဆို စရာမရှိသူဖြစ်ရမည်။ သူ့မှာဇနီးတစ်ယောက် သာရှိရမည်။ သူ၏သားသမီးများသည်ယုံ ကြည်သူများဖြစ်ရမည်။ အပျော်ကြူးသူများ၊ စကားနားမထောင်သူများမဖြစ်စေရ။- အသင်းတော်ကိုခေါင်းဆောင်သူသည်ဘုရား သခင်၏အမှုတော်ကိုတာဝန်ယူ၍ ဆောင်ရွက် ရသူဖြစ်သဖြင့်အပြစ်ဆိုစရာမရှိသူ ဖြစ်ရမည်။ သူသည်မောက်မာသူ၊ စိတ်တိုသူ မဖြစ်စေရ။ သေသောက်ကြူးသူ၊ ကြမ်းတမ်း သူ၊ ငွေကိုမက်မောသူမဖြစ်စေရ။- ဧည့်သည်ဝတ်ကိုပြုတတ်သူ၊ ကောင်းမြတ်သည့် အရာကိုနှစ်သက်တတ်သူဖြစ်ရမည်။ သူသည် မိမိကိုယ်ကိုထိန်းချုပ်နိုင်ရမည်။ ဖြောင့်မတ် ရမည်။ ဘုရားတရားကိုရိုသေကိုင်းရှိုင်းရမည်။ စည်းကမ်းသေဝပ်ရမည်။- သူသည်မှန်ကန်သည့်အယူဝါဒကိုစွဲမြဲစွာ ခံယူယုံကြည်ရမည်။ ဤနည်းအားဖြင့်သူသည် တရားစစ်တရားမှန်အားဖြင့်အားပေးတိုက် တွန်းနိုင်လိမ့်မည်။ ထိုတရားစစ်တရားမှန်ကို အတိုက်အခံပြုသူတို့၏အမှားကိုလည်း ထောက်ပြနိုင်လိမ့်မည်။
တိတု 1:3-9 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
အချိန်တန်သောအခါ ဟောပြောခြင်းအမှုအားဖြင့် မိမိ၏နှုတ်ကပတ်တရားကို ထင်ရှားစေတော်မူ၍ ငါတို့၏ကယ်တင်ရှင်ဘုရားသခင်၏အမိန့်တော်အတိုင်း ထိုအမှုကို ငါ့အားယုံကြည်အပ်နှံတော်မူ၏။ ငါသည် တူညီသောယုံကြည်ခြင်းအားဖြင့် စစ်မှန်သောငါ့သားဖြစ်သည့်တိတုထံသို့ ဤစာကို ရေးလိုက်ပါ၏။ ခမည်းတော်ဘုရားသခင်နှင့် ငါတို့၏ကယ်တင်ရှင်ခရစ်တော်ယေရှုထံမှ ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းသည် သင်၌ရှိပါစေသော။ ကရေတေကျွန်းတွင် သင့်ကို ငါထားခဲ့ခြင်းမှာ သင့်အား ငါမှာကြားထားသည့်အတိုင်း လိုအပ်သည့်အရာများကို စီမံဆောင်ရွက်ရန်နှင့် မြို့တိုင်းတွင် အသင်းတော်အကြီးအကဲများကို ခန့်ထားရန်အတွက်ဖြစ်၏။ အသင်းတော်အကြီးအကဲသည် အပြစ်တင်စရာမရှိသောသူ၊ မယားတစ်ဦးတည်းရှိသောသူဖြစ်ရမည်။ သူ၏သားသမီးတို့သည်လည်း ယုံကြည်သူများဖြစ်ရမည်ဖြစ်ပြီး အပျော်ကြူးခြင်းကြောင့်စွပ်စွဲခံရသူများ၊ သို့မဟုတ် နာခံမှုမရှိသောသူများမဖြစ်ရ။ အကြောင်းမူကား ကြီးကြပ်သူသည် ဘုရားသခင်၏ဘဏ္ဍာစိုးဖြစ်သည်နှင့်အညီ အပြစ်တင်စရာမရှိသောသူဖြစ်ရမည်။ သူသည် ထင်ရာစိုင်းတတ်သောသူ၊ စိတ်တိုသောသူ၊ သေသောက်ကြူးသောသူ၊ ကြမ်းကြုတ်သောသူ၊ မစင်ကြယ်သောအကျိုးစီးပွားကိုတပ်မက်သောသူမဟုတ်ဘဲ ဧည့်ဝတ်ကျေပွန်သောသူ၊ ကောင်းမြတ်သောအရာကိုနှစ်သက်သောသူ၊ ဣန္ဒြေစောင့်သောသူ၊ ဖြောင့်မတ်သောသူ၊ သန့်ရှင်းသောသူ၊ မိမိကိုယ်ကိုချုပ်တည်းနိုင်သောသူဖြစ်ရမည်။ သူသည် မှန်ကန်ပြည့်စုံသောသြဝါဒအားဖြင့် တိုက်တွန်းနှိုးဆော်နိုင်ရန်နှင့် ဆန့်ကျင်ပြောဆိုသောသူတို့၏အပြစ်ကိုဖော်ပြနိုင်ရန် မိမိသင်ယူထားသည့် သစ္စာနှင့်ပြည့်စုံသောနှုတ်ကပတ်တရားကို စွဲကိုင်ထားရမည်။