YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရောမ 8:18-39

ရောမ 8:18-39 JBMLE

ငါ​တို့​အား ပေါ်​ထွန်း​လ​တ္တံ့​သော ဘုန်း​ကို​ထောက်​သော်၊ ယ​ခု​မျက်​မှောက်​ကာ​လ၌ ခံ​ရ​သော​ဆင်း​ရဲ​ဒု​က္ခ​ကို ပ​မာ​ဏ​မ​ပြု​ထိုက်​ဟု ငါ​သ​ဘော​ရှိ၏။- ဤ​လော​က​သည် ဘု​ရား​သ​ခင့်​သား​တို့၏ ပေါ်​ထွန်း​ခြင်း​အ​ရာ​ကို အ​လွန်​တောင့်​တ မျှော်​လင့်​လျက်​နေ၏။- ဤ​လော​က​သည် အ​နိ​စ္စ​နိုင်​ငံ​သို့​အ​လို​လို လိုက်​သည်​မ​ဟုတ်။- ဘု​ရား​သ​ခင်​သား​တို့၏ ထူး​မြတ်​သော လွှတ်​ခြင်း​ချမ်း​သာ​တည်း​ဟူ​သော ဖောက်​ပြန်​ပျက်​စီး​ခြင်း အ​နှောင်​အ​ဖွဲ့​မှ ကယ်​လွှတ်​ခြင်း​ချမ်း​သာ​ကို ဝင်​စား​မည်​ဟု မျှော်​လင့်​ရ​သော အ​ခွင့်​ကို​ပေး၍ အ​နိ​စ္စ​နိုင်​ငံ​သို့ လိုက်​စေ​တော်​မူ​သော​သူ၏ အ​လို​တော်​ကြောင့်​သာ လိုက်​ရ၏။- ဤ​လော​က​တစ်​နိုင်​ငံ​လုံး​သည် ယ​ခု​တိုင်​အောင် တ​ညီ​တ​ညွတ်​တည်း​ညည်း​တွား၍ ဆင်း​ရဲ​ခြင်း​ဝေ​ဒ​နာ​ကို ခံ​ရ​သည်​ဟု ငါ​တို့​သိ​ကြ၏။- ထို​မျှ​မ​က ဝိ​ညာဉ်​တော်၏ ကျေး​ဇူး​တော် အ​စ​အ​ဦး​ကို ခံ​ပြီး​သော ငါ​တို့​သည်​လည်း၊ သား​အ​ရာ၌ ချီး​မြှောက်​ခြင်း​အ​ကြောင်း​တည်း​ဟူ​သော ကိုယ်​ခ​န္ဓာ ရွေး​နုတ်​ခြင်း​ချမ်း​သာ​ကို မျှော်​လင့်၍၊ စိတ်​နှ​လုံး​အ​ထဲ၌ ညည်း​တွား​လျက်​နေ​ကြ၏။- ငါ​တို့​သည် မျှော်​လင့်​ခြင်း​အား​ဖြင့် ကယ်​တင်​တော်​မူ​ခြင်း​သို့ ရောက်​ကြ၏။ မျှော်​လင့်​သော​အ​ရာ​ကို တွေ့​မြင်​လျှင် မျှော်​လင့်​စ​ရာ​အ​ကြောင်း မ​ရှိ။ တွေ့​မြင်​သော​အ​ရာ​ကို အ​ဘယ်​ကြောင့် မျှော်​လင့်​ရ​မည်​နည်း။- ငါ​တို့​သည် မ​တွေ့​မ​မြင်​သော​အ​ရာ​ကို မျှော်​လင့်​လျှင်​မူ​ကား၊ ထို​အ​ရာ​ကို သည်း​ခံ​သော​စိတ်​နှင့် ငံ့​လင့်၍ နေ​ကြ၏။- ထို​မှ​တစ်​ပါး၊ ငါ​တို့ မ​တတ်​နိုင်​သော​အ​ရာ​မှာ ဝိ​ညာဉ်​တော်​သည် မ​စ​တော်​မူ၏။ ငါ​တို့​သည် ဆု​တောင်း​သင့်​သည်​အ​တိုင်း အ​ဘယ်​ဆု​ကို တောင်း​ရ​မည်​ဟု​မ​သိ​ကြ။ သို့​ရာ​တွင် ငါ​တို့​ဆု​တောင်း​ခြင်း​အ​မှု​ကို နှုတ်​မ​မြွက်​နိုင်​သော ညည်း​တွား​ခြင်း​အား​ဖြင့် ဝိ​ညာဉ်​တော်​သည် စောင့်​မ​တော်​မူ၏။- စိတ်​နှ​လုံး​ကို စစ်​တော်​မူ​သော​သူ​သည်​လည်း ဝိ​ညာဉ်​တော်၏ စိတ်​သ​ဘော​ကို သိ​တော်​မူ၏။ အ​ကြောင်း​မူ​ကား ဝိ​ညာဉ်​တော်​သည် သန့်​ရှင်း​သူ​တို့၏ ဆု​တောင်း​ခြင်း​အ​မှု​ကို ဘု​ရား​သ​ခင်၏​အ​လို​တော်​နှင့်​အ​ညီ စောင့်​မ​တော်​မူ၏။ ဘု​ရား​သ​ခင်​ကို ချစ်​သော​သူ​တည်း​ဟူ​သော ကြံ​စည်​တော်​မူ​ခြင်း​အ​တိုင်း ခေါ်​တော်​မူ​သော​သူ​တို့၏​အ​ကျိုး​ကို ခပ်​သိမ်း​သော​အ​ရာ​တို့​သည် တ​ညီ​တ​ညွတ်​တည်း ပြု​စု​ကြ​သည်​ကို ငါ​တို့​သိ​ကြ၏။- ဘု​ရား​သ​ခင်၏​သား​တော်​သည် အ​များ​သော​ညီ​တို့​တွင် သား​ဦး​ဖြစ်​တော်​မူ​မည်​အ​ကြောင်း၊ ဘု​ရား​သ​ခင်​သည် ရှေ့​မ​ဆွ​က​သိ​တော်​မူ​သော သူ​တို့​ကို သား​တော်၏​ပုံ​သ​ဏ္ဌာန်​နှင့် တ​ညီ​တည်း​ဖြစ်​စေ​ခြင်း​ငှာ ရှေ့​မ​ဆွ​က ခွဲ​ခန့်​မှတ်​သား​တော်​မူ၏။- ထို​သို့ ခွဲ​ခန့်​မှတ်​သား​နှင့်​သော​သူ​တို့​ကို ခေါ်​တော်​မူ၏။ ခေါ်​တော်​မူ​သော သူ​တို့​ကို​လည်း ဖြောင့်​မတ်​ရာ၌ တည်​စေ​တော်​မူ၏။ ထို​သို့ တည်​စေ​တော်​မူ​သော သူ​တို့​ကို​လည်း ချီး​မြှောက်​တော်​မူ၏။ သို့​ဖြစ်၍ ဤ​အ​ရာ​များ​တို့၌ အ​ဘယ်​သို့ ပြော​စ​ရာ​ရှိ​သ​နည်း။ ဘု​ရား​သ​ခင်​သည် ငါ​တို့​ဘက်၌ ရှိ​တော်​မူ​လျှင်၊ အ​ဘယ်​သူ​သည် ငါ​တို့​တစ်​ဖက်၌ နေ​နိုင်​မည်​နည်း။- မိ​မိ​သား​တော်​ရင်း​ကို မ​နှ​မြော​ဘဲ၊ ငါ​တို့​ရှိ​သ​မျှ အ​ဖို့​အ​လို​ငှာ စွန့်​တော်​မူ​သော​သူ​သည်၊ သား​တော်​နှင့်​တ​ကွ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ငါ​တို့​အား​မ​ပေး​ဘဲ အ​ဘယ်​သို့ နေ​တော်​မူ​မည်​နည်း။- ဘု​ရား​သ​ခင်​ရွေး​ကောက်​တော်​မူ​သော သူ​တို့​ကို အ​ဘယ်​သူ​သည် အ​ပြစ်​တင်​မည်​နည်း။ ဖြောင့်​မတ်​ရာ၌ တည်​စေ​သော​သူ​ကား ဘု​ရား​သ​ခင်​ပေ​တည်း။- အ​ပြစ်​စီ​ရင်​သော​သူ​ကား အ​ဘယ်​သူ​နည်း။ အ​သေ​ခံ၍​ခံ​သည်​သာ​မ​က၊ သေ​ခြင်း​မှ​ထ​မြောက်၍ ဘု​ရား​သ​ခင်၏ လက်​ယာ​တော်​ဘက်၌​နေ​လျက်၊ ငါ​တို့​အ​ဖို့ ဆု​တောင်း​သော​သူ​ကား ခ​ရစ်​တော်​ပေ​တည်း။- ခ​ရစ်​တော်၏​ချစ်​ခြင်း​မေ​တ္တာ​နှင့် ငါ​တို့​ကို အ​ဘယ်​သူ​ကွာ​စေ​မည်​နည်း။- အ​ကယ်​စင်​စစ် ကိုယ်​တော်​အ​တွက် အ​ကျွန်ုပ်​တို့​သည် အ​စဉ်​မ​ပြတ် အ​သေ​သတ်​ခြင်း​ကို ခံ​ရ​ကြ​ပါ၏။ သတ်​ဖို့​ရာ​ထား​သော သိုး​ကဲ့​သို့ အ​ကျွန်ုပ်​တို့​ကို သူ​တစ်​ပါး မှတ်​တတ်​ကြ​ပါ၏​ဟု ကျမ်း​စာ​လာ​သည်​နှင့်​အ​ညီ၊ ဆင်း​ရဲ​ငြို​ငြင်​ခြင်း၊ ညှဉ်း​ဆဲ​နှိပ်​စက်​ခြင်း၊ မွတ်​သိပ်​ခြင်း၊ အ​ဝတ်​အ​ချည်း​စည်း​ရှိ​ခြင်း၊ ဘေး​နှင့်​တွေ့​ကြုံ​ခြင်း၊ ကွပ်​မျက်​ခြင်း​ကို ခံ​ရ​သော်​လည်း၊ ထို​အ​မှု​တို့​တွင် အ​ဘယ်​အ​မှု​သည် ခ​ရစ်​တော်၏ ချစ်​ခြင်း​မေ​တ္တာ​တော်​နှင့် ငါ​တို့​ကို ကွာ​စေ​မည်​နည်း။- မ​ကွာ​စေ​သည်​သာ​မ​က၊ ငါ​တို့​ကို ချစ်​တော်​မူ​သော​သူ၏ ကျေး​ဇူး​တော်​ကြောင့်၊ ငါ​တို့​သည် ထို​အ​မှု​ခပ်​သိမ်း​တို့​ကို ခံ​စဉ်​တွင်​ပင် အ​ထူး​သ​ဖြင့် အောင်​မြင်​ကြ၏။- အ​ကြောင်း​မူ​ကား၊ သေ​ခြင်း​ဖြစ်​စေ၊ အ​သက်​ရှင်​ခြင်း​ဖြစ်​စေ၊ ကောင်း​ကင်​တ​မန်​ဖြစ်​စေ၊ အ​ထွတ်​အ​မြတ်​ဖြစ်​စေ၊ အာ​ဏာ​တန်​ခိုး​ဖြစ်​စေ၊ မျက်​မှောက်​အ​ရာ​ဖြစ်​စေ၊ နောင်​လာ​လ​တ္တံ့​သော​အ​ရာ​ဖြစ်​စေ၊- အ​မြင့်​ဖြစ်​စေ၊ အ​နိမ့်​ဖြစ်​စေ၊ ဤ​အ​ရာ​မှ​စ၍ အ​ဘယ်​နိ​မ္မိ​တ​အ​ရာ​မျှ​သည်၊ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့် ခံ​ရ​သော​ဘု​ရား​သ​ခင်၏ မေ​တ္တာ​တော်​နှင့် ငါ​တို့​ကို မ​ကွာ​စေ​နိုင်​ဟု ငါ​သည်​သ​ဘော​ကျ​လျက်​ရှိ၏။