YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရောမ 8:18-39

ရောမ 8:18-39 Judson Bible (JBMLE)

ငါ​တို့​အား ပေါ်​ထွန်း​လ​တ္တံ့​သော ဘုန်း​ကို​ထောက်​သော်၊ ယ​ခု​မျက်​မှောက်​ကာ​လ၌ ခံ​ရ​သော​ဆင်း​ရဲ​ဒု​က္ခ​ကို ပ​မာ​ဏ​မ​ပြု​ထိုက်​ဟု ငါ​သ​ဘော​ရှိ၏။- ဤ​လော​က​သည် ဘု​ရား​သ​ခင့်​သား​တို့၏ ပေါ်​ထွန်း​ခြင်း​အ​ရာ​ကို အ​လွန်​တောင့်​တ မျှော်​လင့်​လျက်​နေ၏။- ဤ​လော​က​သည် အ​နိ​စ္စ​နိုင်​ငံ​သို့​အ​လို​လို လိုက်​သည်​မ​ဟုတ်။- ဘု​ရား​သ​ခင်​သား​တို့၏ ထူး​မြတ်​သော လွှတ်​ခြင်း​ချမ်း​သာ​တည်း​ဟူ​သော ဖောက်​ပြန်​ပျက်​စီး​ခြင်း အ​နှောင်​အ​ဖွဲ့​မှ ကယ်​လွှတ်​ခြင်း​ချမ်း​သာ​ကို ဝင်​စား​မည်​ဟု မျှော်​လင့်​ရ​သော အ​ခွင့်​ကို​ပေး၍ အ​နိ​စ္စ​နိုင်​ငံ​သို့ လိုက်​စေ​တော်​မူ​သော​သူ၏ အ​လို​တော်​ကြောင့်​သာ လိုက်​ရ၏။- ဤ​လော​က​တစ်​နိုင်​ငံ​လုံး​သည် ယ​ခု​တိုင်​အောင် တ​ညီ​တ​ညွတ်​တည်း​ညည်း​တွား၍ ဆင်း​ရဲ​ခြင်း​ဝေ​ဒ​နာ​ကို ခံ​ရ​သည်​ဟု ငါ​တို့​သိ​ကြ၏။- ထို​မျှ​မ​က ဝိ​ညာဉ်​တော်၏ ကျေး​ဇူး​တော် အ​စ​အ​ဦး​ကို ခံ​ပြီး​သော ငါ​တို့​သည်​လည်း၊ သား​အ​ရာ၌ ချီး​မြှောက်​ခြင်း​အ​ကြောင်း​တည်း​ဟူ​သော ကိုယ်​ခ​န္ဓာ ရွေး​နုတ်​ခြင်း​ချမ်း​သာ​ကို မျှော်​လင့်၍၊ စိတ်​နှ​လုံး​အ​ထဲ၌ ညည်း​တွား​လျက်​နေ​ကြ၏။- ငါ​တို့​သည် မျှော်​လင့်​ခြင်း​အား​ဖြင့် ကယ်​တင်​တော်​မူ​ခြင်း​သို့ ရောက်​ကြ၏။ မျှော်​လင့်​သော​အ​ရာ​ကို တွေ့​မြင်​လျှင် မျှော်​လင့်​စ​ရာ​အ​ကြောင်း မ​ရှိ။ တွေ့​မြင်​သော​အ​ရာ​ကို အ​ဘယ်​ကြောင့် မျှော်​လင့်​ရ​မည်​နည်း။- ငါ​တို့​သည် မ​တွေ့​မ​မြင်​သော​အ​ရာ​ကို မျှော်​လင့်​လျှင်​မူ​ကား၊ ထို​အ​ရာ​ကို သည်း​ခံ​သော​စိတ်​နှင့် ငံ့​လင့်၍ နေ​ကြ၏။- ထို​မှ​တစ်​ပါး၊ ငါ​တို့ မ​တတ်​နိုင်​သော​အ​ရာ​မှာ ဝိ​ညာဉ်​တော်​သည် မ​စ​တော်​မူ၏။ ငါ​တို့​သည် ဆု​တောင်း​သင့်​သည်​အ​တိုင်း အ​ဘယ်​ဆု​ကို တောင်း​ရ​မည်​ဟု​မ​သိ​ကြ။ သို့​ရာ​တွင် ငါ​တို့​ဆု​တောင်း​ခြင်း​အ​မှု​ကို နှုတ်​မ​မြွက်​နိုင်​သော ညည်း​တွား​ခြင်း​အား​ဖြင့် ဝိ​ညာဉ်​တော်​သည် စောင့်​မ​တော်​မူ၏။- စိတ်​နှ​လုံး​ကို စစ်​တော်​မူ​သော​သူ​သည်​လည်း ဝိ​ညာဉ်​တော်၏ စိတ်​သ​ဘော​ကို သိ​တော်​မူ၏။ အ​ကြောင်း​မူ​ကား ဝိ​ညာဉ်​တော်​သည် သန့်​ရှင်း​သူ​တို့၏ ဆု​တောင်း​ခြင်း​အ​မှု​ကို ဘု​ရား​သ​ခင်၏​အ​လို​တော်​နှင့်​အ​ညီ စောင့်​မ​တော်​မူ၏။ ဘု​ရား​သ​ခင်​ကို ချစ်​သော​သူ​တည်း​ဟူ​သော ကြံ​စည်​တော်​မူ​ခြင်း​အ​တိုင်း ခေါ်​တော်​မူ​သော​သူ​တို့၏​အ​ကျိုး​ကို ခပ်​သိမ်း​သော​အ​ရာ​တို့​သည် တ​ညီ​တ​ညွတ်​တည်း ပြု​စု​ကြ​သည်​ကို ငါ​တို့​သိ​ကြ၏။- ဘု​ရား​သ​ခင်၏​သား​တော်​သည် အ​များ​သော​ညီ​တို့​တွင် သား​ဦး​ဖြစ်​တော်​မူ​မည်​အ​ကြောင်း၊ ဘု​ရား​သ​ခင်​သည် ရှေ့​မ​ဆွ​က​သိ​တော်​မူ​သော သူ​တို့​ကို သား​တော်၏​ပုံ​သ​ဏ္ဌာန်​နှင့် တ​ညီ​တည်း​ဖြစ်​စေ​ခြင်း​ငှာ ရှေ့​မ​ဆွ​က ခွဲ​ခန့်​မှတ်​သား​တော်​မူ၏။- ထို​သို့ ခွဲ​ခန့်​မှတ်​သား​နှင့်​သော​သူ​တို့​ကို ခေါ်​တော်​မူ၏။ ခေါ်​တော်​မူ​သော သူ​တို့​ကို​လည်း ဖြောင့်​မတ်​ရာ၌ တည်​စေ​တော်​မူ၏။ ထို​သို့ တည်​စေ​တော်​မူ​သော သူ​တို့​ကို​လည်း ချီး​မြှောက်​တော်​မူ၏။ သို့​ဖြစ်၍ ဤ​အ​ရာ​များ​တို့၌ အ​ဘယ်​သို့ ပြော​စ​ရာ​ရှိ​သ​နည်း။ ဘု​ရား​သ​ခင်​သည် ငါ​တို့​ဘက်၌ ရှိ​တော်​မူ​လျှင်၊ အ​ဘယ်​သူ​သည် ငါ​တို့​တစ်​ဖက်၌ နေ​နိုင်​မည်​နည်း။- မိ​မိ​သား​တော်​ရင်း​ကို မ​နှ​မြော​ဘဲ၊ ငါ​တို့​ရှိ​သ​မျှ အ​ဖို့​အ​လို​ငှာ စွန့်​တော်​မူ​သော​သူ​သည်၊ သား​တော်​နှင့်​တ​ကွ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ငါ​တို့​အား​မ​ပေး​ဘဲ အ​ဘယ်​သို့ နေ​တော်​မူ​မည်​နည်း။- ဘု​ရား​သ​ခင်​ရွေး​ကောက်​တော်​မူ​သော သူ​တို့​ကို အ​ဘယ်​သူ​သည် အ​ပြစ်​တင်​မည်​နည်း။ ဖြောင့်​မတ်​ရာ၌ တည်​စေ​သော​သူ​ကား ဘု​ရား​သ​ခင်​ပေ​တည်း။- အ​ပြစ်​စီ​ရင်​သော​သူ​ကား အ​ဘယ်​သူ​နည်း။ အ​သေ​ခံ၍​ခံ​သည်​သာ​မ​က၊ သေ​ခြင်း​မှ​ထ​မြောက်၍ ဘု​ရား​သ​ခင်၏ လက်​ယာ​တော်​ဘက်၌​နေ​လျက်၊ ငါ​တို့​အ​ဖို့ ဆု​တောင်း​သော​သူ​ကား ခ​ရစ်​တော်​ပေ​တည်း။- ခ​ရစ်​တော်၏​ချစ်​ခြင်း​မေ​တ္တာ​နှင့် ငါ​တို့​ကို အ​ဘယ်​သူ​ကွာ​စေ​မည်​နည်း။- အ​ကယ်​စင်​စစ် ကိုယ်​တော်​အ​တွက် အ​ကျွန်ုပ်​တို့​သည် အ​စဉ်​မ​ပြတ် အ​သေ​သတ်​ခြင်း​ကို ခံ​ရ​ကြ​ပါ၏။ သတ်​ဖို့​ရာ​ထား​သော သိုး​ကဲ့​သို့ အ​ကျွန်ုပ်​တို့​ကို သူ​တစ်​ပါး မှတ်​တတ်​ကြ​ပါ၏​ဟု ကျမ်း​စာ​လာ​သည်​နှင့်​အ​ညီ၊ ဆင်း​ရဲ​ငြို​ငြင်​ခြင်း၊ ညှဉ်း​ဆဲ​နှိပ်​စက်​ခြင်း၊ မွတ်​သိပ်​ခြင်း၊ အ​ဝတ်​အ​ချည်း​စည်း​ရှိ​ခြင်း၊ ဘေး​နှင့်​တွေ့​ကြုံ​ခြင်း၊ ကွပ်​မျက်​ခြင်း​ကို ခံ​ရ​သော်​လည်း၊ ထို​အ​မှု​တို့​တွင် အ​ဘယ်​အ​မှု​သည် ခ​ရစ်​တော်၏ ချစ်​ခြင်း​မေ​တ္တာ​တော်​နှင့် ငါ​တို့​ကို ကွာ​စေ​မည်​နည်း။- မ​ကွာ​စေ​သည်​သာ​မ​က၊ ငါ​တို့​ကို ချစ်​တော်​မူ​သော​သူ၏ ကျေး​ဇူး​တော်​ကြောင့်၊ ငါ​တို့​သည် ထို​အ​မှု​ခပ်​သိမ်း​တို့​ကို ခံ​စဉ်​တွင်​ပင် အ​ထူး​သ​ဖြင့် အောင်​မြင်​ကြ၏။- အ​ကြောင်း​မူ​ကား၊ သေ​ခြင်း​ဖြစ်​စေ၊ အ​သက်​ရှင်​ခြင်း​ဖြစ်​စေ၊ ကောင်း​ကင်​တ​မန်​ဖြစ်​စေ၊ အ​ထွတ်​အ​မြတ်​ဖြစ်​စေ၊ အာ​ဏာ​တန်​ခိုး​ဖြစ်​စေ၊ မျက်​မှောက်​အ​ရာ​ဖြစ်​စေ၊ နောင်​လာ​လ​တ္တံ့​သော​အ​ရာ​ဖြစ်​စေ၊- အ​မြင့်​ဖြစ်​စေ၊ အ​နိမ့်​ဖြစ်​စေ၊ ဤ​အ​ရာ​မှ​စ၍ အ​ဘယ်​နိ​မ္မိ​တ​အ​ရာ​မျှ​သည်၊ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့် ခံ​ရ​သော​ဘု​ရား​သ​ခင်၏ မေ​တ္တာ​တော်​နှင့် ငါ​တို့​ကို မ​ကွာ​စေ​နိုင်​ဟု ငါ​သည်​သ​ဘော​ကျ​လျက်​ရှိ၏။

ရောမ 8:18-39 Common Language Bible (BCL)

ယ​ခု​မျက်​မှောက်​ကာ​လ​၌​ငါ​တို့​ခံ​ရ​ကြ​သည့် ဒုက္ခ​ဆင်း​ရဲ​ကို​နောင်​အ​ခါ​၌ ငါ​တို့​အား​ပေါ် လွင်​ထင်​ရှား​မည့်​ဘုန်း​အ​သ​ရေ​တော်​နှင့်​နှိုင်း ယှဉ်​၍​မ​ရ​ဟု​ငါ​ယုံ​ကြည်​၏။- ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​သား​များ​ကို​ပေါ် လွင်​ထင်​ရှား​စေ​မည့်​အ​ခြင်း​အ​ရာ​ကို အ​ဖန် ဆင်း​ခံ​ကမ္ဘာ​လော​က​တစ်​ခု​လုံး​က​အ​လွန် တောင့်​တ​စောင့်​မျှော်​လျက်​ရှိ​၏။- ဘု​ရား​သ​ခင်​သည်​ထို​အ​ဖန်​ဆင်း​ခံ​ကမ္ဘာ လော​က​ကို​အ​နတ္တ​ဖြစ်​စေ​ရန်​အ​ပြစ်​ဒဏ် စီ​ရင်​တော်​မူ​၏။ ထို​သို့​ဖြစ်​စေ​ခြင်း​မှာ​ကမ္ဘာ လော​က​၏​အ​လို​ဆန္ဒ​ကြောင့်​မ​ဟုတ်။ ဘု​ရား သ​ခင်​၏​စီ​ရင်​ဆုံး​ဖြတ်​တော်​မူ​ချက်​ကြောင့် ဖြစ်​၏။ သို့​ရာ​တွင်​မျှော်​လင့်​ချက်​ရှိ​၏။- ထို​မျှော်​လင့်​ချက်​မှာ​တစ်​နေ့​သော​အ​ခါ​၌ အ​ဖန်​ဆင်း​ခံ​ကမ္ဘာ​လော​က​သည်​ဖောက်​ပြန် ပျက်​စီး​ခြင်း​အ​နှောင်​အ​ဖွဲ့​မှ​လွတ်​မြောက်​၍ ဘု​ရား​သ​ခင်​၏​သား​သ​မီး​များ​နှင့်​အ​တူ လွတ်​လပ်​မှု​ဘုန်း​အ​သ​ရေ​ကို​ခံ​စား​ခွင့် ရ​ရှိ​လိမ့်​မည်​ဖြစ်​သည်။- အ​ဖန်​ဆင်း​ခံ​ကမ္ဘာ​လော​က​တစ်​ခု​လုံး​သည် သား​ဖွား​ခြင်း​ဝေ​ဒ​နာ​ကဲ့​သို့​ပြင်း​ပြ​သော ဝေ​ဒ​နာ​ဖြင့် ယ​ခု​အ​ချိန်​တိုင်​အောင်​ညည်း တွား​လျက်​ရှိ​ကြောင်း​ငါ​တို့​သိ​ကြ​၏။- အ​ဖန်​ဆင်း​ခံ​လော​က​သာ​မ​က​ဘု​ရား သ​ခင်​၏​အ​ဦး​ဆုံး​ဆု​ကျေး​ဇူး​ဖြစ်​သည့် ဝိ​ညာဉ်​တော်​ကို​ခံ​ယူ​ရ​ရှိ​သူ​ငါ​တို့​သည်​လည်း ဘု​ရား​သ​ခင်​၏​သား​များ​ဖြစ်​ခွင့်​ကို​လည်း​ကောင်း၊ ငါ​တို့​ကိုယ်​ခန္ဓာ​တစ်​ခု​လုံး​ကယ်​တင်​ခြင်း​ခံ​ရ ခွင့်​ကို​လည်း​ကောင်း စောင့်​မျှော်​ကာ​ညည်း​တွား လျက်​ရှိ​ကြ​ပေ​သည်။- အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​တို့​သည်​မျှော်​လင့် ခြင်း​အား​ဖြင့် ကယ်​တင်​ခြင်း​ကို​ခံ​ရ​ကြ​သော ကြောင့်​ဖြစ်​၏။ ငါ​တို့​သည်​မိ​မိ​တို့​မျှော်​လင့် သည့်​အ​ရာ​ကို​မ​မြင်​နိုင်​ကြ။ မြင်​နိုင်​ကြ​ပါ မူ​ငါ​တို့​၏​မျှော်​လင့်​ခြင်း​သည်​အ​ကယ်​ပင် မျှော်​လင့်​ခြင်း​မ​ဟုတ်။ မြင်​ရ​သော​အ​ရာ​ကို အ​ဘယ်​သူ​သည်​မျှော်​လင့်​မည်​နည်း။- သို့​ရာ​တွင်​ငါ​တို့​သည်​မိ​မိ​တို့​မ​မြင်​ရ​သည့် အ​ရာ​ကို​မျှော်​လင့်​ကြ​လျှင် ထို​အ​ရာ​ကို​စိတ် ရှည်​စွာ​စောင့်​မျှော်​ကြ​၏။ ထို​နည်း​အ​တိုင်း​ပင်​ဝိ​ညာဉ်​တော်​သည်​လည်း အား​နည်း​သော ငါ​တို့​အား​ကူ​မ​ရန်​ကြွ​လာ တော်​မူ​၏။ ငါ​တို့​သည်​အ​ဘယ်​သို့​ဆု​တောင်း ရ​မည်​ကို​မ​သိ​ကြ။ နှုတ်​ဖြင့်​မြွက်​ဆို​ဖော်​ပြ ရန်​မ​ဖြစ်​နိုင်​သော​ညည်း​တွား​သံ​ဖြင့် ဝိ​ညာဉ် တော်​ကိုယ်​တိုင်​ပင်​လျှင်​ငါ​တို့​အ​တွက် ဘု​ရား​သ​ခင်​ထံ​အ​သ​နား​ခံ​တော်​မူ​၏။- လူ​တို့​စိတ်​နှ​လုံး​ကို​သိ​မြင်​တော်​မူ​သော ဘု​ရား​သ​ခင်​သည်​ဝိ​ညာဉ်​တော်​၏​စိတ် သ​ဘော​ကို​လည်း​သိ​တော်​မူ​၏။ အ​ဘယ် ကြောင့်​ဆို​သော်​ဝိ​ညာဉ်​တော်​သည်​ဘု​ရား သ​ခင်​၏​အ​လို​တော်​နှင့်​အ​ညီ ကိုယ်​တော် ၏​လူ​စု​တော်​အ​တွက်​အ​သ​နား​ခံ​တော် မူ​သော​ကြောင့်​ဖြစ်​၏။ ဘု​ရား​သ​ခင်​အား​ချစ်​မြတ်​နိုး​၍​ကိုယ်​တော် ၏​အ​ကြံ​တော်​နှင့်​အ​ညီ ခေါ်​ယူ​ရွေး​ကောက်​ခြင်း ကို​ခံ​ရ​သော​သူ​တို့​တွေ့​ကြုံ​ခံ​စား​ရ​သော အ​မှု​ခပ်​သိမ်း​တို့​မှ အ​ကျိုး​ပေါ်​ထွက်​လာ​စေ ရန်​ကိုယ်​တော်​သည်​သူ​တို့​နှင့်​အ​တူ​လုပ်​ဆောင် တော်​မူ​ကြောင်း​ငါ​တို့​သိ​ကြ​၏။- ဘု​ရား​သ​ခင်​သည်​မိ​မိ​ရွေး​ချယ်​ထား​သူ​တို့ အား မိ​မိ​၏​သား​တော်​ကဲ့​သို့​ဖြစ်​လာ​ကြ​စေ ရန်​သီး​သန့်​ထား​တော်​မူ​၏။ ဤ​သို့​ပြု​တော်​မူ ခြင်း​မှာ​သား​တော်​အား​ညီ​အ​မြောက်​အ​မြား ထဲ​တွင်​နောင်​တော်​ကြီး​ဖြစ်​စေ​ရန်​ပင်​တည်း။- သို့​ဖြစ်​၍​ကိုယ်​တော်​သည်​မိ​မိ​သီး​သန့်​ထား​သူ တို့​ကို​ခေါ်​ယူ​တော်​မူ​၏။ ယင်း​သို့​ခေါ်​ယူ​တော် မူ​သော​သူ​တို့​အား မိ​မိ​နှင့်​မှန်​ကန်​စွာ​ဆက်​ဆံ စေ​တော်​မူ​ပြီး​လျှင်​မိ​မိ​၏​ဘုန်း​အ​သ​ရေ တော်​ကို​ခံ​စား​ခွင့်​ပေး​တော်​မူ​၏။ အ​ထက်​ပါ​အ​ချက်​များ​ကို​ထောက်​၍​မည်​သို့ ဆို​ရ​အံ့​နည်း။ ဘု​ရား​သ​ခင်​သည်​ငါ​တို့​ဘက် ၌​ရှိ​တော်​မူ​လျှင်​အ​ဘယ်​သူ​မျှ​ငါ​တို့​အား ဆန့်​ကျင်​နိုင်​မည်​မ​ဟုတ်။- မိ​မိ​၏​သား​တော်​ရင်း​ကို​ပင်​မ​နှ​မြော​ဘဲ​ငါ တို့​ရှိ​သ​မျှ​အ​တွက် ယဇ်​အ​ဖြစ်​ပူ​ဇော်​တော် မူ​သော​ဘု​ရား​သ​ခင်​သည်​ဆန့်​ကျင်​မည်​မ​ဟုတ်။ ငါ​တို့​အ​တွက်​သား​တော်​ကို​ပူ​ဇော်​သော​အ​ရှင် သည်​အ​ရာ​ခပ်​သိမ်း​ကို ငါ​တို့​အား​မ​ပေး​ဘဲ အ​ဘယ်​သို့​နေ​တော်​မူ​မည်​နည်း။- ဘု​ရား​သ​ခင်​ရွေး​ချယ်​ထား​တော်​မူ​သော​လူ တို့​အား အ​ဘယ်​သူ​သည်​ပြစ်​တင်​စွပ်​စွဲ​မည်​နည်း။ သူ​တို့​၌​အ​ပြစ်​မ​ရှိ​ကြောင်း​ဘု​ရား​သ​ခင် ကိုယ်​တော်​တိုင်​ထုတ်​ဖော်​ကြေ​ညာ​တော်​မူ​ပြီ။- သို့​ဖြစ်​၍​သူ​တို့​အား​အ​ဘယ်​သူ​ပြစ်​ဒဏ် စီ​ရင်​မည်​နည်း။ ခ​ရစ်​တော်​စီ​ရင်​မည်​မ​ဟုတ်။ အ​သေ​ခံ​တော်​မူ​သည်​သာ​မ​က သေ​ခြင်း​မှ ရှင်​ပြန်​ထ​မြောက်​တော်​မူ​သော​ခ​ရစ်​တော် ယေ​ရှု​သည် ဘု​ရား​သ​ခင်​၏​လက်​ယာ​တော် ဘက်​တွင်​ထိုင်​တော်​မူ​ကာ ငါ​တို့​အ​တွက် ဘု​ရား​သ​ခင်​အား​အ​သ​နား​ခံ​လျက်​နေ တော်​မူ​၏။- သို့​ဖြစ်​၍​အ​ဘယ်​သူ​သည်​ငါ​တို့​အား​ခ​ရစ် တော်​၏​မေတ္တာ​တော်​နှင့်​ကွဲ​ကွာ​စေ​နိုင်​မည်​နည်း။ ဒုက္ခ​ရောက်​ခြင်း၊ ကျဉ်း​ကျပ်​ခြင်း၊ အ​ညှဉ်း​ပန်း ခံ​ရ​ခြင်း၊ ငတ်​မွတ်​ခြင်း၊ ဆင်း​ရဲ​နွမ်း​ပါး​ခြင်း၊ ဘေး​အန္တ​ရာယ်​နှင့်​တွေ့​ခြင်း၊ ကွပ်​မျက်​ခံ​ရ​ခြင်း တို့​သည်​ကိုယ်​တော်​၏​မေတ္တာ​တော်​နှင့်​ငါ​တို့​ကို ကွဲ​ကွာ​စေ​နိုင်​မည်​လော။ ``ကိုယ်​တော်​၏​အ​တွက်​အ​ကျွန်ုပ်​တို့​သည် တစ်​နေ့​လုံး​ပင်​သေ​ဘေး​နှင့်​ရင်​ဆိုင်​လျက် နေ​ကြ​ပါ​၏။ သတ်​ရန်​လျာ​ထား​သော​သိုး​များ​ကဲ့​သို့ အ​ကျွန်ုပ်​တို့​ကို​သူ​တစ်​ပါး​မှတ်​တတ်​ကြ​ပါ​၏'' ဟူ​သော​ကျမ်း​စ​ကား​အ​တိုင်း​ဖြစ်​ပေ​သည်။- မ​ကွဲ​မ​ကွာ​စေ​သည်​သာ​မ​က​ငါ​တို့​သည်​ထို အ​တွေ့​အ​ကြုံ​ခပ်​သိမ်း​တို့​နှင့်​ဆိုင်​ရာ​တွင် ငါ တို့​ကို​ချစ်​တော်​မူ​သော​အ​ရှင်​အား​ဖြင့်​အ​ထူး အောင်​မြင်​လျက်​ရှိ​ကြ​၏။- အ​ဘယ်​ကြောင့်​ဆို​သော်​မည်​သည့်​အ​ရာ​မျှ​ငါ တို့​အား​ကိုယ်​တော်​၏​မေတ္တာ​တော်​နှင့်​မ​ကွဲ​မ​ကွာ စေ​နိုင်။ သေ​ခြင်း​ဖြစ်​စေ၊ အ​သက်​ရှင်​ခြင်း​ဖြစ်​စေ၊ ကောင်း​ကင်​တ​မန်​များ​ဖြစ်​စေ၊ ကောင်း​ကင်​အာ​ဏာ ပိုင်​ဖြစ်​စေ၊ ပစ္စုပ္ပန်​အ​ရာ​ဖြစ်​စေ၊ အ​နာ​ဂတ် အ​ရာ​ဖြစ်​စေ၊- ကောင်း​ကင်​အ​ထက်​အ​ရာ​ဖြစ်​စေ၊ မြေ​အောက် အ​ရာ​ဖြစ်​စေ၊ ဖန်​ဆင်း​ထား​သော​မည်​သည့်​အ​ရာ ပင်​ဖြစ်​စေ၊ ငါ​တို့​အ​ရှင်​ခ​ရစ်​တော်​ယေ​ရှု​အား ဖြင့်​ဘု​ရား​သ​ခင်​ဖော်​ပြ​တော်​မူ​သော​မေတ္တာ​တော် နှင့် ငါ​တို့​အား​မ​ကွဲ​မ​ကွာ​စေ​နိုင်​ဟု​ငါ​ဧ​ကန် အ​မှန်​သိ​သော​ကြောင့်​တည်း။

ရောမ 8:18-39 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ယခု​မျက်မှောက်​ကာလ​၌ ခံရ​သော​ဒုက္ခ​ဝေဒနာ​များ​သည် ငါ​တို့​၌​ထင်ရှား​မည့်​ဘုန်း​အသရေ​နှင့်​နှိုင်း​လျှင် မ​ပြောပလောက်​ဟု ငါ​မှတ်ယူ​၏။ ဖန်ဆင်း​ခံ​လောက​သည် ဘုရားသခင့်​သား​များ​၏​ထင်ရှား​ခြင်း​ကို အလွန်​တောင့်တ​သော​စိတ်​ဖြင့် စောင့်မျှော်​လျက်​နေ​၏။ အဘယ်ကြောင့်​ဆိုသော် ဖန်ဆင်း​ခံ​လောက​သည် အချည်းနှီး​အဖြစ်​သို့​ချ​ထား​ခြင်း​ခံရ​သည်​မှာ မိမိ​ဆန္ဒ​အလျောက်​မ​ဟုတ်​ဘဲ ချ​ထား​တော်မူ​သော​အရှင်​ကြောင့်​သာ​ဖြစ်​ပြီး ဖန်ဆင်း​ခံ​လောက​ကိုယ်တိုင် ပျက်စီး​ခြင်း​၏​အနှောင်အဖွဲ့​မှ လွတ်မြောက်​၍ ဘုရားသခင့်​သားသမီး​များ​၏​ဘုန်း​အသရေ​နှင့်​ပြည့်စုံ​သော လွတ်လပ်​ခြင်း​သို့​ဝင်စား​ခွင့်​ရ​မည်​ဟူသည့် မျှော်လင့်​ခြင်း​ရှိ​သောကြောင့်​ဖြစ်​၏။ ဖန်ဆင်း​ခံ​လောက​တစ်ခုလုံး​သည် ယခု​တိုင်အောင် အတူတကွ​ညည်းတွား​လျက် အတူတကွ​သားဖွား​ခြင်း​ဝေဒနာ​ကို​ခံစား​လျက်​ရှိ​ကြောင်း ငါ​တို့​သိ​ကြ​၏။ ထိုမျှမက ဝိညာဉ်​တော်​၏​အသီးဦး​ကို​ရရှိ​သော ငါ​တို့​ကိုယ်တိုင်​သည်​လည်း သားသမီး​အရာ​ကို​ရ​ခြင်း​တည်းဟူသော ငါ​တို့​၏​ကိုယ်ခန္ဓာ​ရွေးနုတ်​ခံရ​ခြင်း​ကို စောင့်မျှော်​လျက် စိတ်နှလုံး​ထဲ၌ ညည်းတွား​နေ​ကြ​၏။ ငါ​တို့​သည် ဤ​မျှော်လင့်​ခြင်း​အားဖြင့် ကယ်တင်​ခြင်း​ခံရ​ကြ​၏။ သို့သော် မြင်​နေ​ရ​သော​မျှော်လင့်​ခြင်း​သည် မျှော်လင့်​ခြင်း​မ​ဟုတ်။ အကြောင်းမှာ မည်သူ​သည် မြင်​နေ​သော​အရာ​ကို ဆက်၍​မျှော်လင့်​မည်နည်း။ မ​မြင်​သေး​သော​အရာ​ကို ငါ​တို့​မျှော်လင့်​ကြ​လျှင်​မူကား ထို​အရာ​ကို သည်းခံ​သော​စိတ်​နှင့်​စောင့်မျှော်​ကြ​၏။ ထိုနည်းတူ ဝိညာဉ်​တော်​သည်​လည်း ငါ​တို့​၏​အားနည်း​ခြင်း​ကို ဖေးမ​ကူညီ​ပေး​တော်မူ​၏။ ငါ​တို့​သည် ဆုတောင်း​သင့်​သည့်​အတိုင်း မည်သို့​ဆုတောင်း​ရ​မည်​ကို မ​သိ​ကြ။ သို့သော် ဝိညာဉ်​တော်​ကိုယ်တော်​တိုင် စကား​ဖြင့်​ဖော်ပြ​၍​မ​ရ​နိုင်​သော ညည်းတွား​သံ​များ​ဖြင့် ငါ​တို့​အတွက် အသနားခံ​ပေး​တော်မူ​၏။ စိတ်နှလုံး​တို့​ကို​စူးစမ်း​တော်မူ​သော​အရှင်​သည်​လည်း ဝိညာဉ်​တော်​၏​စိတ်သဘော​ကို သိ​တော်မူ​၏။ အကြောင်းမူကား ဝိညာဉ်​တော်​သည် ဘုရားသခင်​၏​အလို​တော်​နှင့်အညီ သန့်ရှင်း​သူ​များ​အတွက် အသနားခံ​ပေး​တော်မူ​၏။ ဘုရားသခင်​ကို​ချစ်​သော​သူ​များ​တည်းဟူသော အကြံအစည်​တော်​အတိုင်း ခေါ်ယူ​တော်မူ​ခြင်း​ခံရ​သော​သူ​များ​အတွက် ဘုရားသခင်​သည် ခပ်သိမ်း​သော​အမှုအရာ​တို့​ကို ပူးပေါင်း​လုပ်ဆောင်​စေ​၍ ကောင်းကျိုး​ဖြစ်​စေ​တော်မူ​ကြောင်း​ကို ငါ​တို့​သိ​ကြ​၏။ အကြောင်းမူကား ဘုရားသခင်​သည် သိ​ထား​နှင့်​တော်မူ​သော​သူ​တို့​ကို မိမိ​သား​တော်​၏​ပုံသဏ္ဌာန်​နှင့်​တူညီ​စေရန် ကြိုတင်​သတ်မှတ်​ထား​တော်မူ​၏။ ဤသည်ကား သား​တော်​သည် များစွာ​သော​ညီအစ်ကို​တို့​တွင် သားဦး​ဖြစ်​မည့်​အကြောင်း​တည်း။ ထိုသို့​ကြိုတင်​သတ်မှတ်​ထား​တော်မူ​သော​သူ​တို့​ကို ဘုရားသခင်​သည် ခေါ်ယူ​တော်မူ​ပြီး ခေါ်ယူ​တော်မူ​သော​သူ​တို့​ကို ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​တော်မူ​၍ ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​တော်မူ​သော​သူ​တို့​ကို ချီးမြှောက်​တော်မူ​၏။ သို့ဖြစ်လျှင် ဤ​အရာ​များ​ကို​ထောက်၍ မည်သို့​ဆို​ရ​မည်နည်း။ ဘုရားသခင်​သည် ငါ​တို့​ဘက်​၌​ရှိ​တော်မူ​လျှင် မည်သူ​သည် ငါ​တို့​ကို ဆန့်ကျင်​နိုင်​မည်နည်း။ မိမိ​သား​တော်​ရင်း​ကို​ပင် ချန်လှပ်​မ​ထား​ဘဲ ငါ​တို့​အားလုံး​အတွက် စွန့်​တော်မူ​သော​အရှင်​သည် သား​တော်​နှင့်တကွ အရာ​ခပ်သိမ်း​တို့​ကို​လည်း ငါ​တို့​အား​မ​ပေး​ဘဲ​နေ​တော်မူ​မည်လော။ မည်သူ​သည် ဘုရားသခင်​ရွေးကောက်​တော်မူ​သော​သူ​တို့​ကို ပြစ်တင်​စွဲဆို​မည်နည်း။ ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​တော်မူ​သော​အရှင်​ကား ဘုရားသခင်​ပေတည်း။ မည်သူ​သည် ပြစ်ဒဏ်​စီရင်​မည်နည်း။ အသေခံ​တော်မူ​သည်​သာမက ထမြောက်​တော်မူ​သော ခရစ်တော်​ယေရှု​သည် ဘုရားသခင်​၏​လက်ယာ​တော်​ဘက်​၌​နေ​၍ ငါ​တို့​အတွက် အသနားခံ​ပေး​တော်မူ​၏။ မည်သူ​သည် ငါ​တို့​ကို ခရစ်တော်​၏​ချစ်​ခြင်း​မေတ္တာ​တော်​နှင့် ကွဲကွာ​စေ​မည်နည်း။ ဆင်းရဲ​ဒုက္ခ၊ နာကျင်​ခြင်း​ဝေဒနာ၊ ညှဉ်းဆဲ​ခြင်း၊ ငတ်မွတ်​ခေါင်းပါး​ခြင်း၊ အဝတ်​အချည်းစည်း​ရှိ​ခြင်း၊ ဘေး​အန္တရာယ်​နှင့် ဓား​ဘေး​စသည်တို့​လော။ “အကျွန်ုပ်​တို့​သည် ကိုယ်တော်​အတွက် တစ်နေ့လုံး​သေ​ခြင်း​နှင့်​ရင်ဆိုင်​နေ​ကြ​ရ​ပါ​၏။ အကျွန်ုပ်​တို့​သည် သတ်​ရန်​လျာထား​သော​သိုး​များ​ကဲ့သို့ မှတ်ယူ​ခြင်း​ခံရ​ကြ​ပါ​၏”​ဟု ကျမ်းစာ​၌​ရေး​ထား​သည့်​အတိုင်း​ဖြစ်​၏။ သို့သော် ငါ​တို့​သည် ငါ​တို့​ကို​ချစ်​တော်မူ​သော​အရှင်​အားဖြင့် ထို​အမှု​ခပ်သိမ်း​တို့​ကို​ခံရ​စဉ်​၌​ပင် လုံးလုံးလျားလျား​အောင်မြင်​လျက်​ရှိ​ကြ​၏။ အကြောင်းမူကား သေ​ခြင်း​ဖြစ်စေ၊ အသက်ရှင်​ခြင်း​ဖြစ်စေ၊ ကောင်းကင်​တမန်​များ​ဖြစ်စေ၊ အုပ်ချုပ်သူ​များ​ဖြစ်စေ၊ မျက်မှောက်​အရာ​များ​ဖြစ်စေ၊ နောင်​လာ​မည့်​အရာ​များ​ဖြစ်စေ၊ တန်ခိုး​များ​ဖြစ်စေ၊ အထက်​အရာ​ဖြစ်စေ၊ အောက်​အရာ​ဖြစ်စေ၊ ဖန်ဆင်း​တော်မူ​သော​အခြား​မည်သည့်​အရာ​ပင်​ဖြစ်စေ ငါ​တို့​၏​သခင်​ခရစ်တော်​ယေရှု​၌​ရှိ​သော ဘုရားသခင်​၏​ချစ်​ခြင်း​မေတ္တာ​တော်​နှင့် ငါ​တို့​ကို မ​ကွဲကွာ​စေ​နိုင်​ဟု ငါ​သည် ယုံကြည်​စိတ်ချ​၏။