YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရောမ 6:15-23

ရောမ 6:15-23 JBMLE

ထို​သို့​ဖြစ်​လျှင် အ​ဘယ်​သို့​နည်း။ ငါ​တို့​သည် ပ​ညတ်​တ​ရား​လက်၌မရှိ။ ကျေးဇူးတရားလက်၌ရှိ​သော​ကြောင့်၊ ဒု​စ​ရိုက်​ကို ပြု​ရ​မည်​လော။ ထို​သို့​မ​ပြု​ရ။- အ​ကြင်​သူ၏​အ​ထံ၌ အ​စေ​ခံ​ကျွန်​ဖြစ်​ခြင်း​ငှာ သင်​တို့​ဝင်၍ အ​စေ​ခံ၏၊ ထို​သူ​သည် သေ​ခြင်း​နှင့်​ယှဉ်​သော အ​ပြစ်​တ​ရား​ဖြစ်​စေ၊ ဖြောင့်​မတ်​ရာ​သို့ ရောက်​ခြင်း​နှင့်​ယှဉ်​သော နား​ထောင်​ခြင်း တ​ရား​ဖြစ်​စေ၊ သင်​တို့၏​သ​ခင်​ဖြစ်​သည်​ကို မ​သိ​ကြ​သ​လော။- သင်​တို့​သည် အ​ပြစ်​တ​ရား၏ ကျွန်​ဖြစ်​ဖူး​သော်​လည်း၊ ယ​ခု​တွင်​ခံ​ခဲ့​ပြီး​သော ဩ​ဝါ​ဒ​နည်း​ဥ​ပ​ဒေ​သ​စ​ကား​ကို စေ​တ​နာ​စိတ်​နှင့် နား​ထောင်​ကြ​သည်​ဖြစ်၍၊ ဘု​ရား​သ​ခင်၏​ကျေး​ဇူး​တော် ကြီး​လှ​ပေ၏။- သင်​တို့​သည် အ​ပြစ်​တ​ရား၏​လက်​မှ လွတ်​ကြ​ပြီ​ဖြစ်၍၊ ဖြောင့်​မတ်​ခြင်း​တ​ရား၏ ကျွန်​ဖြစ်​ကြ၏။- ထို​သို့​ငါ​ဆို​သော်၊ သင်​တို့​သည် ဇာ​တိ​ပ​က​တိ​အ​တိုင်း ဉာဏ်​နည်း​သော​ကြောင့်၊ လော​ကီ​ဝေါ​ဟာ​ရ​အား​ဖြင့် ဆို​သ​တည်း။ သင်​တို့​သည် မိ​မိ​တို့ ကိုယ်​အင်္ဂါ​များ​ကို အ​ဓ​မ္မ​အ​လို​ငှာ ညစ်​ညူး​ခြင်း​တ​ရား၊ အ​ဓ​မ္မ​တ​ရား၌သွင်း၍ ကျွန်​ခံ​စေဖူးသည်နည်းတူ၊ ယခုမှာ ကိုယ်အင်္ဂါများကို သန့်ရှင်းခြင်းအလိုငှာ၊ ဖြောင့်မတ်ခြင်းတရား၌သွင်း၍ ကျွန်ခံစေကြ​လော့။- သင်​တို့​သည် အ​ပြစ်​တ​ရား၏​ကျွန် ဖြစ်​စဉ်​ကာ​လ၊ ဖြောင့်​မတ်​ခြင်း​တ​ရား၏​လက်​မှ လွတ်​ကြ၏။- ယ​ခု သင်​တို့​ရှက်​ကြောက်​သော ထို​အ​ကျင့်​တို့​ကို ကျင့်​စဉ်​အ​ခါ၊ အ​ဘယ်​အ​ကျိုး​ကို ရ​ကြ​သ​နည်း။ ထို​သို့​သော​အ​ကျင့်​သည် သေ​ခြင်း၌ လမ်း​ဆုံး​သ​တည်း။- ယ​ခု​မူ​ကား၊ သင်​တို့​သည် အ​ပြစ်​တ​ရား၏ လက်​မှ​လွတ်၍၊ ဘု​ရား​သ​ခင်၏​ကျွန် ဖြစ်​ကြ​သည်​နှင့် အ​ညီ၊ သန့်​ရှင်း​ခြင်း​အ​ကျိုး​ကို ရ​ကြ၏။ အ​ဆုံး၌​လည်း ထာ​ဝ​ရ​အ​သက်​ကို ရ​ကြ​လိမ့်​မည်။- အ​ပြစ်​တ​ရား၏​အ​ခ​ကား သေ​ခြင်း​ပေ​တည်း။ ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော ဆု​ကျေး​ဇူး​တော်​ကား၊ ငါ​တို့ သ​ခင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့် ထာ​ဝ​ရ​အ​သက်​ပေ​တည်း။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။