YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရောမ 4:1-12

ရောမ 4:1-12 JBMLE

ထို​သို့​ဖြစ်​လျှင်၊ ငါ​တို့​အ​ဘ​အာ​ဗြ​ဟံ​သည် ဇာ​တိ​ပ​က​တိ​အား​ဖြင့် အ​ဘယ်​အ​ကျိုး​ကို​ရ​သ​နည်း။- အာ​ဗြ​ဟံ​သည် အ​ကျင့်​အား​ဖြင့် ဖြောင့်​မတ်​ရာ​သို့ ရောက်​သည်​မှန်​လျှင် ဝါ​ကြွား​စ​ရာ​အ​ကြောင်း​ရှိ၏။ ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ထို​သို့​မ​ဟုတ်။- ကျမ်း​စာ၌ အ​ဘယ်​သို့​လာ​သ​နည်း။ အာ​ဗြ​ဟံ​သည် ဘု​ရား​သ​ခင်​ကို ယုံ​ကြည်​သည်​ဖြစ်၍၊ သူ၏​ယုံ​ကြည်​ခြင်း​ကို ဖြောင့်​မတ်​ခြင်း​ကဲ့​သို့ မှတ်​တော်​မူ၏။- အ​ကျင့်​ရှိ​သော​သူ​မည်​သည်​ကား၊ ကျေး​ဇူး​အား​ဖြင့် အ​ကျိုး​ကို ခံ​ရ​သည်​မ​ဟုတ်။ ခံ​ထိုက်​သော​အား​ဖြင့် ခံ​ရ၏။- အ​ကျင့်​မ​ရှိ​သော​သူ​မည်​သည်​ကား၊ မ​တ​ရား​သော​သူ၏​အ​ပြစ်​ကို ဖြေ​သော​သူ​ကို ယုံ​ကြည်​လျှင်၊ သူ၏​ယုံ​ကြည်​ခြင်း​ကို ဖြောင့်​မတ်​ခြင်း​ကဲ့​သို့ မှတ်​လျက်​ရှိ၏။- ထို​အ​တူ၊ ဘု​ရား​သ​ခင်​သည် အ​ကျင့်​ကို မ​ထောက်​ဘဲ​လျက် ပေး​တော်​မူ​သော ဖြောင့်​မတ်​ခြင်း​ကို ရ​သော​သူ၏​မင်္ဂ​လာ​ကို ဒါ​ဝိဒ်​သည်​ရည်​မှတ်၍ ဆို​သည်​ကား၊- အ​ပြစ်​မှ​လွှတ်​ခြင်း၊ ဒု​စ​ရိုက်​အ​ပြစ်​ကို ဖုံး​အုပ်​ခြင်း​သို့ ရောက်​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။- ထာ​ဝ​ရ​ဘု​ရား​အ​ပြစ်​တင်​တော်​မူ​ခြင်း​နှင့် လွတ်​သော​သူ​သည် မင်္ဂ​လာ​ရှိ၏​ဟု ပြော​ဆို​သ​တည်း။ အ​ရေ​ဖျား​လှီး​ခြင်း​ကို​ခံ​သော သူ​တို့​သာ​လျှင် ထို​မင်္ဂ​လာ​ကို ရ​ကြ​သ​လော။ သို့​မ​ဟုတ် အ​ရေ​ဖျား​လှီး​ခြင်း​ကို​မ​ခံ​သော လူ​တို့​သည်​လည်း ရ​ကြ​သ​လော။ အ​ဘယ်​ကြောင့် မေး​သ​နည်း​ဟူ​မူ​ကား၊ ယုံ​ကြည်​ခြင်း​ကို အာ​ဗြ​ဟံ၌ ဖြောင့်​မတ်​ခြင်း​ကဲ့​သို့ မှတ်​သည်​ဟု ဆို​ကြ၏။- ထို​သို့​ဆို​သော် အ​ဘယ်​သို့ မှတ်​သ​နည်း။ အ​ရေ​ဖျား​လှီး​ခြင်း​ကို ခံ​ပြီး​မှ မှတ်​သ​လော။ မ​ခံ​မီ မှတ်​သ​လော။ ခံ​ပြီး​မှ​မှတ်​သည် မ​ဟုတ်။ မ​ခံ​မီ မှတ်​သ​တည်း။- အ​ရေ​ဖျား​လှီး​ခြင်း​ကို​မ​ခံ​ဘဲ ယုံ​ကြည်​သော​သူ​တို့​သည် ဖြောင့်​မတ်​ခြင်း​ရှိ​သည်​ဟု မှတ်​စ​ရာ​အ​ကြောင်း​ရှိ​စေ​ခြင်း​ငှာ၊- ငါ​တို့​အ​ဘ​အာ​ဗြ​ဟံ​သည် ထို​သူ​အ​ပေါင်း​တို့၏ အ​ဘ​ဖြစ်​အံ့​သော​ငှာ​လည်း​ကောင်း၊ အ​ရေ​ဖျား​လှီး​ခြင်း​ကို ခံ​သည်​သာ​မ​က၊ ငါ​တို့​အ​ဘ​အာ​ဗြ​ဟံ​သည် အ​ရေ​ဖျား​လှီး​ခြင်း​ကို​မ​ခံ​မီ ရှိ​သော ယုံ​ကြည်​ခြင်း​လမ်း​သို့​လိုက်​သော သူ​တို့၏​အ​ဘ ဖြစ်​အံ့​သော​ငှာ​လည်း​ကောင်း၊ အာ​ဗြ​ဟံ​သည် အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​မီ​ရှိ​သော ယုံ​ကြည်​ခြင်း၏​ဖြောင့်​မတ်​ခြင်း တံ​ဆိပ်​တည်း​ဟူ​သော အ​ရေ​ဖျား​လှီး​ခြင်း၏ လ​က္ခ​ဏာ​ကို ခံ​ရ​သ​တည်း။