ရောမ 4:1-12
ရောမ 4:1-12 Judson Bible (JBMLE)
ထိုသို့ဖြစ်လျှင်၊ ငါတို့အဘအာဗြဟံသည် ဇာတိပကတိအားဖြင့် အဘယ်အကျိုးကိုရသနည်း။- အာဗြဟံသည် အကျင့်အားဖြင့် ဖြောင့်မတ်ရာသို့ ရောက်သည်မှန်လျှင် ဝါကြွားစရာအကြောင်းရှိ၏။ ဘုရားသခင့်ရှေ့တော်၌ ထိုသို့မဟုတ်။- ကျမ်းစာ၌ အဘယ်သို့လာသနည်း။ အာဗြဟံသည် ဘုရားသခင်ကို ယုံကြည်သည်ဖြစ်၍၊ သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်တော်မူ၏။- အကျင့်ရှိသောသူမည်သည်ကား၊ ကျေးဇူးအားဖြင့် အကျိုးကို ခံရသည်မဟုတ်။ ခံထိုက်သောအားဖြင့် ခံရ၏။- အကျင့်မရှိသောသူမည်သည်ကား၊ မတရားသောသူ၏အပြစ်ကို ဖြေသောသူကို ယုံကြည်လျှင်၊ သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်လျက်ရှိ၏။- ထိုအတူ၊ ဘုရားသခင်သည် အကျင့်ကို မထောက်ဘဲလျက် ပေးတော်မူသော ဖြောင့်မတ်ခြင်းကို ရသောသူ၏မင်္ဂလာကို ဒါဝိဒ်သည်ရည်မှတ်၍ ဆိုသည်ကား၊- အပြစ်မှလွှတ်ခြင်း၊ ဒုစရိုက်အပြစ်ကို ဖုံးအုပ်ခြင်းသို့ ရောက်သောသူတို့သည် မင်္ဂလာရှိကြ၏။- ထာဝရဘုရားအပြစ်တင်တော်မူခြင်းနှင့် လွတ်သောသူသည် မင်္ဂလာရှိ၏ဟု ပြောဆိုသတည်း။ အရေဖျားလှီးခြင်းကိုခံသော သူတို့သာလျှင် ထိုမင်္ဂလာကို ရကြသလော။ သို့မဟုတ် အရေဖျားလှီးခြင်းကိုမခံသော လူတို့သည်လည်း ရကြသလော။ အဘယ်ကြောင့် မေးသနည်းဟူမူကား၊ ယုံကြည်ခြင်းကို အာဗြဟံ၌ ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်သည်ဟု ဆိုကြ၏။- ထိုသို့ဆိုသော် အဘယ်သို့ မှတ်သနည်း။ အရေဖျားလှီးခြင်းကို ခံပြီးမှ မှတ်သလော။ မခံမီ မှတ်သလော။ ခံပြီးမှမှတ်သည် မဟုတ်။ မခံမီ မှတ်သတည်း။- အရေဖျားလှီးခြင်းကိုမခံဘဲ ယုံကြည်သောသူတို့သည် ဖြောင့်မတ်ခြင်းရှိသည်ဟု မှတ်စရာအကြောင်းရှိစေခြင်းငှာ၊- ငါတို့အဘအာဗြဟံသည် ထိုသူအပေါင်းတို့၏ အဘဖြစ်အံ့သောငှာလည်းကောင်း၊ အရေဖျားလှီးခြင်းကို ခံသည်သာမက၊ ငါတို့အဘအာဗြဟံသည် အရေဖျားလှီးခြင်းကိုမခံမီ ရှိသော ယုံကြည်ခြင်းလမ်းသို့လိုက်သော သူတို့၏အဘ ဖြစ်အံ့သောငှာလည်းကောင်း၊ အာဗြဟံသည် အရေဖျားလှီးခြင်းကို မခံမီရှိသော ယုံကြည်ခြင်း၏ဖြောင့်မတ်ခြင်း တံဆိပ်တည်းဟူသော အရေဖျားလှီးခြင်း၏ လက္ခဏာကို ခံရသတည်း။
ရောမ 4:1-12 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ထိုသို့ဖြစ်လျှင် သွေးသားဇာတိအားဖြင့် ငါတို့အဖအာဗြဟံ ခံစားရရှိသည့်အရာနှင့်ပတ်သက်၍ မည်သို့ဆိုရမည်နည်း။ အာဗြဟံသည် အကျင့်အားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရသည်မှန်လျှင် သူ၌ဝါကြွားစရာအကြောင်းရှိ၏။ သို့ရာတွင် ဘုရားသခင်ရှေ့တော်၌ ထိုသို့မဟုတ်ပေ။ ကျမ်းစာက မည်သို့ဆိုထားသနည်း။ “အာဗြဟံသည် ဘုရားသခင်ကိုယုံကြည်သဖြင့် ထိုယုံကြည်ခြင်းကို သူ၏ဖြောင့်မတ်ခြင်းအဖြစ် သတ်မှတ်တော်မူ၏”ဟု ဆိုထား၏။ အလုပ်လုပ်ဆောင်သောသူအတွက် လုပ်အားခသည် ကျေးဇူးပြုခြင်းအဖြစ်မဟုတ်ဘဲ သူရသင့်ရထိုက်သောအရာအဖြစ် မှတ်ယူရ၏။ သို့ရာတွင် လုပ်ဆောင်မှုမရှိသော်လည်း ဘုရားတရားမဲ့သောသူအား ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုတော်မူသောအရှင်ကို ယုံကြည်သောသူအတွက်မူကား ထိုယုံကြည်ခြင်းကို သူ၏ဖြောင့်မတ်ခြင်းအဖြစ် သတ်မှတ်တော်မူ၏။ ထို့အတူ ဒါဝိဒ်သည်လည်း ဘုရားသခင်က အကျင့်ကိုမထောက်ဘဲ ဖြောင့်မတ်သည်ဟုသတ်မှတ်တော်မူသောသူ၏မင်္ဂလာကို ပြောဆိုရာတွင် “တရားမဲ့သောအမှုများကို ခွင့်လွှတ်ခြင်းခံရသောသူ၊ အပြစ်များကို ဖုံးအုပ်ခြင်းခံရသောသူတို့သည် မင်္ဂလာရှိကြ၏။ ထာဝရဘုရားအပြစ်မယူသောသူသည် မင်္ဂလာရှိ၏”ဟု ဆို၏။ သို့ဖြစ်လျှင် ဤမင်္ဂလာသည် အရေဖျားလှီးထားသောသူအတွက်သာ ဖြစ်သလော၊ သို့မဟုတ် အရေဖျားမလှီးသောသူအတွက်လည်း ဖြစ်သလော။ “အာဗြဟံအတွက် သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းအဖြစ် သတ်မှတ်တော်မူ၏”ဟု ငါတို့ဆိုကြသောအခါ မည်သည့်အခြေအနေ၌ ထိုသို့သတ်မှတ်တော်မူသနည်း။ အရေဖျားလှီးထားသည့်အခြေအနေ၌လော၊ သို့မဟုတ် အရေဖျားမလှီးထားသည့်အခြေအနေ၌လော။ အရေဖျားလှီးထားသည့်အခြေအနေ၌မဟုတ်ဘဲ အရေဖျားမလှီးထားသည့်အခြေအနေ၌ ထိုသို့သတ်မှတ်တော်မူ၏။ ဤသို့ဖြင့် အာဗြဟံသည် အရေဖျားမလှီးမီ ယုံကြည်ခြင်းအားဖြင့်ရရှိသော ဖြောင့်မတ်ခြင်း၏တံဆိပ်အဖြစ် အရေဖျားလှီးခြင်း၏အမှတ်လက္ခဏာကိုခံယူ၏။ ဤသည်ကား အာဗြဟံအား အရေဖျားမလှီးဘဲယုံကြည်သောသူအပေါင်းတို့၏အဖဖြစ်စေရန်နှင့် ထိုသူတို့သည်လည်း ဖြောင့်မတ်ခြင်းကိုရရှိကြစေရန်အတွက်ဖြစ်၏။ ထို့ပြင် အာဗြဟံအား အရေဖျားလှီးထားသောသူတို့၏အဖဖြစ်စေရန်နှင့် အရေဖျားလှီးထားသောသူသာမကဘဲ အရေဖျားမလှီးမီကပင် ငါတို့အဖအာဗြဟံ၌ရှိသော ယုံကြည်ခြင်းခြေရာကို လိုက်လျှောက်သောသူတို့၏အဖလည်း ဖြစ်စေရန်အတွက်ဖြစ်၏။
ရောမ 4:1-12 Common Language Bible (BCL)
သို့ဖြစ်၍ငါတို့လူမျိုး၏အဖဖြစ်သူ အာဗြဟံ၏အကြောင်းကိုစဉ်းစားကြည့် ကြစို့။ သူ၏အတွေ့အကြုံကားအောက်ပါ အတိုင်းဖြစ်သည်။- အကယ်၍အာဗြဟံသည်မိမိ၏အကျင့် သီလအားဖြင့် ဘုရားသခင်နှင့်မှန်ကန်စွာ ဆက်ဆံခွင့်ကိုရရှိပါမူ သူ့မှာဂုဏ်ယူဝါ ကြွားစရာအကြောင်းရှိပေသည်။ သို့ရာတွင် သူသည်ဘုရားသခင်၏ရှေ့တော်မှောက်တွင် ထိုသို့ဂုဏ်ယူဝါကြွားမှုကိုမပြုနိုင်။- ကျမ်းစာတော်က``အာဗြဟံသည်ဘုရား သခင်ကိုယုံကြည်သဖြင့် ဘုရားသခင် သည်သူ့အားဖြောင့်မတ်သူအဖြစ်လက်ခံ တော်မူ၏'' ဟုဆိုသည်။- လူတစ်စုံတစ်ယောက်သည်အလုပ်လုပ်၍ အခကြေးငွေကိုရရှိသောအခါ ထိုကြေး ငွေသည်လက်ဆောင်အဖြစ်ရသောအရာ မဟုတ်ဘဲမိမိအလုပ်လုပ်၍ရသောအရာ ဖြစ်၏။- သို့ရာတွင်သူသည်မိမိ၏အကျင့်သီလ ကိုအားမကိုးဘဲယုံကြည်ခြင်းကိုအားကိုး လျှင် ဘုရားသခင်သည်သူ၏ယုံကြည်မှုကို ထောက်ရှုလျက် သူ့အားအပြစ်မရှိဟုစီရင် ချက်ချမှတ်တော်မူသည်။ သူ၏ယုံကြည်ခြင်း ကြောင့်ဘုရားသခင်သည်သူ့ကိုမိမိနှင့် မှန်ကန်စွာဆက်ဆံစေတော်မူ၏။- အကျင့်သီလကိုမထောက်ဘဲဘုရားသခင် သည်ဖြောင့်မတ်သောသူအဖြစ်လက်ခံတော်မူ ခြင်းကို ခံရသောသူသည်မင်္ဂလာရှိကြောင်း ဖော်ပြရာ၌ဒါဝိဒ်မင်းက၊ ``အပြစ်ပြေလွတ်ခွင့်နှင့်အပြစ်ဒုစရိုက်အတွက် လွတ်ငြိမ်းချမ်းသာခွင့်ကိုရသောသူသည် မင်္ဂလာရှိ၏။ မိမိ၏အပြစ်များကိုထာဝရဘုရားမှတ်တော်မူ ခြင်းကို၊ မခံရသောသူသည်မင်္ဂလာရှိ၏'' ဟုမြွက်ဆိုလေသည်။ ဒါဝိဒ်မင်းဖော်ပြသောမင်္ဂလာကိုအရေဖျား လှီးခြင်းခံသူတို့သာလျှင်ရရှိကြသလော။ အရေဖျားလှီးခြင်းမခံသူတို့လည်းရရှိ ကြပေသည်။ ငါတို့ဖော်ပြခဲ့သောကျမ်းစာ အရ``အာဗြဟံသည်ဘုရားသခင်ကိုယုံကြည် သဖြင့်ဘုရားသခင်သည်သူ့အားဖြောင့်မတ် သောသူအဖြစ်လက်ခံတော်မူ၏။-'' ဤသို့အာဗြဟံအားဖြောင့်မတ်သောသူ အဖြစ်ဘုရားသခင်လက်ခံတော်မူသည့် အချိန်မှာ အာဗြဟံအရေဖျားလှီးမင်္ဂလာ ခံပြီးမှလော။ မခံရသေးမီကလော။ ခံပြီး မှမဟုတ်။ မခံရသေးမီကဖြစ်၏။- သူ့အားဘုရားသခင်ယင်းသို့လက်ခံတော်မူ ပြီးမှအာဗြဟံသည်အရေဖျားလှီးမင်္ဂလာ ခံရ၏။ ထိုအရေဖျားလှီးမင်္ဂလာကားဘုရား သခင်သည်အာဗြဟံ၏ယုံကြည်မှုကိုထောက် လျက် အရေဖျားလှီးမင်္ဂလာမခံမီဖြောင့်မတ်သူ အဖြစ်လက်ခံတော်မူကြောင်းကိုသက်သေပြ သောအမှတ်လက္ခဏာပင်ဖြစ်၏။ သို့ဖြစ်၍ အာဗြဟံသည်အရေဖျားလှီးမင်္ဂလာကို မခံသော်လည်းဘုရားသခင်ကိုယုံကြည် ခြင်းအားဖြင့် ဖြောင့်မတ်သူအဖြစ်ကိုယ်တော် လက်ခံသူအပေါင်းတို့၏အဖဖြစ်လာ ၏။- သူသည်အရေဖျားလှီးမင်္ဂလာခံသူတို့၏ အဖလည်းဖြစ်ပေသည်။ တစ်နည်းကားသူ သည်အရေဖျားလှီးမင်္ဂလာကိုခံကြရုံမက ငါတို့အဖအာဗြဟံအရေဖျားလှီးမင်္ဂလာ ကိုမခံမီက ဘုရားသခင်ကိုယုံကြည်ခြင်း စံနမူနာကိုလိုက်သူတို့၏အဖလည်းဖြစ် သည်။