YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရောမ 3:19-26

ရောမ 3:19-26 JBMLE

ပ​ညတ်​တ​ရား၌ ပါ​သ​မျှ​သော​စ​ကား​တို့​သည် ပ​ညတ်​တ​ရား​ကို ခံ​သော​သူ​တို့​နှင့် စပ်​ဆိုင်​သည်​ကို ငါ​တို့ သိ​ကြ၏။ ထို​သို့​ဖြစ်၍၊ လော​ကီ​သား​အ​ပေါင်း​တို့​သည် စ​ကား​တစ်​ခွန်း​ကို​မျှ မ​ပြော​နိုင်​ဘဲ ဘု​ရား​သ​ခင့်​ရှေ့​တော်၌ အ​ပြစ်​သင့်သော​သူ​ဖြစ်​ကြ၏။- ထို​သို့ ပ​ညတ်​တ​ရား​သည် ဒု​စ​ရိုက်​အ​ပြစ်​ကို ထင်​ရှား​စေ​သည်​ဖြစ်​သော​ကြောင့်၊ ပ​ညတ်​တ​ရား၏ အ​ကျင့်​အား​ဖြင့် ဘု​ရား​သ​ခင့်​ရှေ့​တော်၌ အ​ဘယ်​သူ​မျှ ဖြောင့်​မတ်​ရာ​သို့ မ​ရောက်​ရာ။- ယ​ခု​မူ​ကား၊ ပ​ည​တ္တိ​ကျမ်း​နှင့် အ​နာ​ဂ​တ္တိ​ကျမ်း​တို့​သည် သက်​သေ​ခံ​သည်​နှင့်​အ​ညီ၊ ပ​ညတ်​တ​ရား​နှင့် မ​စပ်​ဆိုင်​သော ဘု​ရား​သ​ခင်၏ ဖြောင့်​မတ်​ခြင်း​တ​ရား​တည်း​ဟူ​သော၊- ယေ​ရှု​ခ​ရစ်​ကို ယုံ​ကြည်​ခြင်း​အား​ဖြင့်၊ ယုံ​ကြည်​သော​သူ​အ​ပေါင်း​တို့​အ​ဖို့ ဖြစ်၍၊ ထို​သူ​အ​ပေါင်း​တို့ အ​ပေါ်​သို့​ရောက်​သော ဘု​ရား​သ​ခင်၏ ဖြောင့်​မတ်​ခြင်း​တ​ရား​သည် ထင်​ရှား​ခဲ့​ပြီ။ ခြား​နား​ခြင်း အ​လျှင်း​မ​ရှိ။- အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ လူ​အ​ပေါင်း​တို့​သည် ဒု​စ​ရိုက်​ကို​ပြု၍ ဘု​ရား​သ​ခင့်​ရှေ့​တော်၌ အ​သ​ရေ​ပျက်​ကြ​ပြီ။- ယေ​ရှု​ခ​ရစ်​ရွေး​နုတ်​တော်​မူ​သော​အား​ဖြင့် အ​ဖိုး​ကို မ​ပေး​ဘဲ ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကြောင့် ဖြောင့်​မတ်​ရာ​သို့ ရောက်​ရ​ကြ၏။- ဘု​ရား​သ​ခင်​သည် သည်း​ခံ​တော်​မူ၍၊- လွန်​ခဲ့​ပြီး​သော ဒု​စ​ရိုက်​အ​ပြစ်​များ​ကို မှတ်​တော်​မ​မူ​ရာ​တွင်၊ ဖြောင့်​မတ်​ခြင်း​တ​ရား​တော်​ကို ထင်​ရှား​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ယ​ခု​ကာ​လ၌ ဖြောင့်​မတ်​ခြင်း​တ​ရား​တော်​ကို ထင်​ရှား​စေ၍၊ ယေ​ရှု​ကို​ယုံ​ကြည်​သော သူ​တို့၏​အ​ပြစ်​ကို လွှတ်​တော်​မူ​သော်​လည်း၊ တ​ရား​သ​ဖြင့် ပြု​တော်​မူ​ခြင်း​ငှာ​လည်း​ကောင်း၊ ယေ​ရှု​ခ​ရစ်၏​အ​သွေး​တော်​ကို ယုံ​ကြည်​ခြင်း​အား​ဖြင့်၊ ထို​ခ​ရစ်​တော်​ကို အ​ပြစ်​ဖြေ​စ​ရာ​အ​ကြောင်း ဖြစ်​စေ​ခြင်း​ငှာ ခန့်​ထား​တော်​မူ​ပြီ။