YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရောမ 2:1-11

ရောမ 2:1-11 JBMLE

သူ​တစ်​ပါး​ကို စစ်​ကြော​စီ​ရင်​တတ်​သော​သူ၊ သင်​သည် ကိုယ်​အ​ပြစ်​ကို မ​ဖုံး​နိုင်​ရာ။ အ​ကြောင်း​မူ​ကား၊ သင်​သည်​စစ်​ကြော​စီ​ရင်​သော အ​မှု​ကို​ပင် ကိုယ်​တိုင်​ပြု​သည်​ဖြစ်၍၊ သူ​တစ်​ပါး​ကို စစ်​ကြော​စီ​ရင်​သည်​တွင် ကိုယ်​အ​ပြစ်​ရှိ​ကြောင်း​ကို စီ​ရင်​ဆုံး​ဖြတ်​ရာ​ရောက်၏။- ဘု​ရား​သ​ခင်​သည် ထို​သို့​ပြု​သော​သူ​တို့​ကို စီ​ရင်​တော်​မူ​ခြင်း​အ​ရာ​သည် သ​မ္မာ​တ​ရား​နှင့် ညီ​သည်​ကို ငါ​တို့​သိ​ကြ၏။- ထို​သို့​သော​အ​မှု​ကို ကိုယ်​တိုင်​ပြု​လျက်​ပင်၊ သူ​တစ်​ပါး​ပြု​သည်​ကို စစ်​ကြော​စီ​ရင်​သော​သူ၊ သင်​သည် ဘု​ရား​သ​ခင်​စီ​ရင်​တော်​မူ​ခြင်း​နှင့် လွတ်​မည်​ဟု ထင်​မှတ်​သ​လော။- ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​သည် သင့်​ကို နောင်​တ​လမ်း​သို့ သွေး​ဆောင်​သည်​ကို မ​သိ​မ​မှတ်​ဘဲ၊ ကြွယ်​ဝ​စွာ ကျေး​ဇူး​ပြု​တော်​မူ​ခြင်း၊ သည်း​ခံ​တော်​မူ​ခြင်း၊ စိတ်​ရှည်​တော်​မူ​ခြင်း​တို့​ကို မ​ထီ​မဲ့​မြင်​ပြု​သ​လော။- ထို​သို့​ပြု​လျှင် စိတ်​ခိုင်​မာ၍ နောင်​တ​မ​ရ​သည်​နှင့်​အ​ညီ ဒေါ​သ​နေ့​တည်း​ဟူ​သော ဘု​ရား​သ​ခင်၏ တ​ရား​တော်​ထင်​ရှား​သော​နေ့၌ ကိုယ်​ခံ​စ​ရာ​ဖို့ အ​မျက်​ဒေါ​သ​ကို ဆည်း​ပူး​သ​လော။- ဘု​ရား​သ​ခင်​သည် လူ​အ​သီး​အ​သီး​တို့​အား မိ​မိ​တို့ အ​ကျင့်​နှင့်​အ​လျောက် အ​ကျိုး​အ​ပြစ်​ကို ဆပ်​ပေး​တော်​မူ​လ​တ္တံ့၊- ကောင်း​သော​အ​ကျင့်​ကို အ​မြဲ​ကျင့်၍၊ ဘုန်း​အ​သ​ရေ​ကို​လည်း​ကောင်း၊ မ​ဖောက်​ပြန်​သော ဇာ​တိ​ကို​လည်း​ကောင်း၊ ရှာ​သော​သူ​တို့​အား ထာ​ဝ​ရ​အ​သက်​ကို ပေး​တော်​မူ​လ​တ္တံ့၊- ငြင်း​ဆန်​သော​သ​ဘော​ရှိ၍၊ သ​မ္မာ​တ​ရား​ကို နား​မ​ထောင်​ဘဲ မ​တ​ရား​သ​ဖြင့် ကျင့်​သော​သူ​တို့​ကို​ကား၊ ပြင်း​စွာ​သော ဒေါ​သ​အ​မျက်​ထွက်​တော်​မူ​လ​တ္တံ့၊- ရှေ့​ဦး​စွာ၌ ယု​ဒ​လူ၊ နောက်၌​ဟေ​လ​သ​လူ၊ ဆိုး​ညစ်​သော​အ​မှု​ကို ပြု​သော​သူ​ရှိ​သ​မျှ​တို့​သည် ကြီး​စွာ​သော ဆင်း​ရဲ​ဒု​က္ခ​ဝေ​ဒ​နာ​ကို ခံ​ရ​ကြ​လ​တ္တံ့၊- ရှေ့​ဦး​စွာ၌ ယု​ဒ​လူ၊ နောက်၌​ဟေ​လ​သ​လူ၊ ကောင်း​သော​အ​ကျင့်​ကို ကျင့်​သော​သူ​ရှိ​သ​မျှ​တို့​သည် ဘုန်း​အ​သ​ရေ​ချမ်း​သာ​ကို ခံ​စား​ရ​ကြ​လ​တ္တံ့။- ဘု​ရား​သ​ခင်​သည် အ​ဘယ်​သူ၏​မျက်​နှာ​ကို​မျှ မှတ်​တော်​မ​မူ။