YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရောမ 16:17-27

ရောမ 16:17-27 JBMLE

ညီ​အစ်​ကို​တို့၊ သင်​တို့​ခံ​ရ​ပြီး​သော ဆုံး​မ​ဩ​ဝါ​ဒ​နှင့် ဆန့်​ကျင်​ဘက်​ဖြစ်​သော သင်း​ခွဲ​ခြင်း၊ မှား​ယွင်း​ခြင်း အ​ကြောင်း​ကို ပြု​တတ်​သော သူ​တို့​ကို​မှတ်၍ ရှောင်​ကြ​လော့​ဟု ငါ​သ​တိ​ပေး၏။- အ​ကြောင်း​မူ​ကား ထို​သို့​သော​သူ​တို့​သည် ငါ​တို့​သ​ခင်​ခ​ရစ်​တော်၏ အ​မှု​ကို​မ​ဆောင်​ရွက်​ဘဲ​လျက်၊ မိ​မိ​တို့​ဝမ်း၏​အ​မှု​ကို​သာ ဆောင်​ရွက်၍၊ လော​က​ဝတ်​စ​ကား​နှင့် ချော့​မော့​သော​စ​ကား​အား​ဖြင့် စိတ်​ကောင်း​သော​သူ​တို့​ကို လှည့်​ဖြား​တတ်​ကြ၏။- သင်​တို့ ယုံ​ကြည်​နား​ထောင်​ခြင်း အ​ကြောင်း​အ​ရာ​သည် လူ​အ​ပေါင်း​တို့​တွင် ကျော်​စော​သည်​ဖြစ်၍၊ ငါ​ဝမ်း​မြောက်​ခြင်း​ရှိ၏။ သို့​သော်​လည်း၊ သင်​တို့​သည် ကောင်း​သော​အ​မှု၌​ကား၊ ပ​ညာ​ရှိ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဆိုး​သော​အ​မှု၌​ကား၊ အ​ပြစ်​ကင်း​စေ​ခြင်း​ငှာ​လည်း​ကောင်း ငါ​အ​လို​ရှိ၏။- ငြိမ်​သက်​ခြင်း​အ​ရှင် ဘု​ရား​သ​ခင်​သည် မ​ကြာ​မ​မြင့်​မီ စာ​တန်​ကို သင်​တို့​ခြေ​အောက်၌ နှိပ်​စက်​တော်​မူ​မည်။ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်၏ ကျေး​ဇူး​တော်​သည် သင်​တို့၌ ရှိ​ပါ​စေ​သော။- ငါနှင့်​အ​တူ အ​မှု​တော်​ကို ဆောင်​ရွက်​သော တိမောသေမှစ၍ ငါ၏​အ​ဆွေ​အ​မျိုး​လု​ကိ၊ ယာ​သုန်၊ သော​သိ​ပ​တ​ရု​တို့​သည် သင်​တို့​ကို နှုတ်​ဆက်​ကြ၏။- ဤ​စာ​ကို​ရေး​သော ကျွန်ုပ်​တေ​ရ​တိ​သည် သ​ခင်​ဘု​ရား​ကို ထောက်၍ သင်​တို့​ကို နှုတ်​ဆက်​ပါ၏။- ငါ့​ကို​လည်း​ကောင်း၊ သင်း​ဝင်​သူ အ​ပေါင်း​တို့​ကို​လည်း​ကောင်း လက်​ခံ၍ ဧည့်​သည်​ဝတ်​ပြု​တတ်​သော ဂါ​ယု၊ မြို့​စာ​ရေး ဧ​ရ​တ္တု၊ သင်​တို့​ညီ ကွာ​တု​တို့​သည် သင်​တို့​ကို နှုတ်​ဆက်​ကြ၏။- ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်၏ ကျေး​ဇူး​တော်​သည် သင်​တို့​အ​ပေါင်း၌ ရှိ​စေ​သ​တည်း။ အာ​မင်။ ရှေး​ကပ်​ကာ​လ​ပတ်​လုံး ဝှက်​ထား​ပြီး​လျှင် ယ​ခု​မှာ ထင်​ရှား​သည်​ဖြစ်၍၊- လူ​မျိုး​အ​ပေါင်း​တို့​သည် ယုံ​ကြည်​နား​ထောင်​ကြ​မည်​အ​ကြောင်း ပ​ရော​ဖက်​တို့၏ ကျမ်း​စာ​များ​လာ​သည်​နှင့်​အ​ညီ၊ ထာ​ဝ​ရ​ဘု​ရား​သ​ခင်၏ ပ​ညတ်​တော်​အ​တိုင်း ထို​သူ​တို့​အား ဖော်​ပြ​ရ​သော နက်​နဲ​ရာ​ကို​ဖွင့်​ထား​ခြင်း ကျေး​ဇူး​တော်​နှင့်​လျော်​စွာ၊ ငါ​ဟော​သော ဧ​ဝံ​ဂေ​လိ​တ​ရား​တည်း​ဟူ​သော ယေ​ရှု​ခ​ရစ်၏​အ​ကြောင်း​ကို ဟော​ပြော​ခြင်း​အား​ဖြင့်၊ သင်​တို့​ကို မြဲ​မြံ​ခိုင်​ခံ့​စေ​ခြင်း​ငှာ တတ်​နိုင်​တော်​မူ​သော​အ​ရှင်၊- တစ်​ဆူ​တည်း​သာ​လျှင် ပ​ညာ​နှင့် ပြည့်​စုံ​တော်​မူ​သော ဘု​ရား​သ​ခင်​သည်၊ ယေ​ရှု​ခ​ရစ်​အား​ဖြင့် က​မ္ဘာ​အ​ဆက်​ဆက် ဘုန်း​ကြီး​တော်​မူ​စေ​သ​တည်း။ အာ​မင်။ ရော​မ​ဩ​ဝါ​ဒ​စာ​ပြီး၏။