YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရောမ 15:9-13

ရောမ 15:9-13 JBMLE

အ​ရေ​ဖျား​လှီး​ခြင်း​ကို​ခံ​သော သူ​တို့၏​အ​မှု​ကို ဆောင်​ရွက်​တော်​မူ၏။ တစ်​ပါး​အ​မျိုး​သား​တို့​သည်​လည်း၊ ဘု​ရား​သ​ခင်၏​က​ရု​ဏာ​တော်​ကို အံ့​ဩ​ချီး​မွမ်း​ကြ​လိမ့်​မည်။ ထို​သို့​နှင့်​အ​ညီ ကျမ်း​စာ​လာ​သည်​ကား၊ ထို​ကြောင့် တစ်​ပါး​အ​မျိုး​သား​တို့​တွင် ကျေး​ဇူး​တော်​ကို အ​ကျွန်ုပ်​ချီး​မွမ်း၍၊ နာ​မ​တော်​ကို ထော​မ​နာ​သီ​ချင်း ဆို​ပါ​မည်​ဟု လာ​သ​တည်း။- တစ်​ဖန်​လာ​သည်​ကား၊ တစ်​ပါး​အ​မျိုး​သား​တို့၊ သင်​တို့​သည် ဘု​ရား​သ​ခင်၏​လူ​မျိုး​နှင့်​အ​တူ ဝမ်း​မြောက်​ခြင်း ရှိ​ကြ​လော့​ဟု​လာ၏။- တစ်​ဖန်​ကား၊ လူ​မျိုး​အ​ပေါင်း​တို့၊ ထာ​ဝ​ရ​ဘု​ရား​ကို ချီး​မွမ်း​ကြ​လော့။ လူ​အ​နွယ်​အ​ပေါင်း​တို့၊ အ​လွန်​ချီး​မွမ်း​ကြ​လော့​ဟု​လာ၏။- တစ်​ဖန် ဟေ​ရှာ​ယ​ဆို​သည်​ကား၊ ယေ​ရှဲ၏​အ​မြစ်​ပေါက်၍ တစ်​ပါး​အ​မျိုး​သား​တို့​ကို အုပ်​စိုး​ခြင်း​ငှာ ပေါ်​ထွန်း​သော​သူ ဖြစ်​လိမ့်​မည်။ ထို​သူ​ကို တစ်​ပါး​အ​မျိုး​သား​တို့​သည် ကိုး​စား​ကြ​လိမ့်​မည်​ဟု ဆို​သ​တည်း။- သင်​တို့​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်၏ တန်​ခိုး​အား​ဖြင့် မျှော်​လင့်​ခြင်း​ပါ​ရ​မီ​နှင့် ကြွယ်​ဝ​စေ​ခြင်း​ငှာ၊ ယုံ​ကြည်​သော​စိတ်​ရှိ၍ ဝမ်း​မြောက်​သက်​သာ​ခြင်း​အ​မျိုး​မျိုး​တို့​နှင့် ပြည့်​စုံ​မည်​အ​ကြောင်း၊ မျှော်​လ​င့်​ခြင်း၏​အ​ရှင်၊ ဘု​ရား​သ​ခင်​သည် ကယ်​မ​သ​နား​တော်​မူ​ပါ​စေ​သော။