YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရောမ 15:14-21

ရောမ 15:14-21 JBMLE

ညီ​အစ်​ကို​တို့၊ သင်​တို့​သည် ကောင်း​သော​ပ​က​တိ​သ​ဘော​နှင့် ပြည့်​စုံ၍ အ​ရာ​ရာ​တို့​ကို သိ​နား​လည်​သ​ဖြင့်၊ အ​ချင်း​ချင်း​ဆုံး​မ​ခြင်း​ငှာ တတ်​နိုင်​သည်​ကို ငါ​သ​ဘော​ကျ​လျက်​ရှိ၏။- သို့​သော်​လည်း၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် သန့်​ရှင်း​စေ​တော်​မူ​သော နှစ်​သက်​ဖွယ်​ရာ ပူ​ဇော်​သ​ကာ​တည်း​ဟူ​သော တစ်​ပါး​အ​မျိုး​တို့​ကို ပူ​ဇော်​ခြင်း​ငှာ ငါ​သည် ဘု​ရား​သ​ခင်၏ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​ပြော​သော​အ​မှု​ကို ဆောင်​ရွက်၍၊ တစ်​ပါး​အ​မျိုး​သား​တို့​တွင် ယေ​ရှု​ခ​ရစ်၏ အ​မှု​ဆောင်​ဖြစ်​မည်​အ​ကြောင်း၊ ဘု​ရား​သ​ခင်​သည် ငါ၌​အပ်​ပေး​တော်​မူ​သော ကျေး​ဇူး​တော်​ကို ငါ​အ​မှီ​ပြု၍၊ ညီ​အစ်​ကို​တို့၊ သင်​တို့​ကို သ​တိ​ပေး​လျက် သာ၍​ရဲ​ရင့်​စွာ ရေး​လိုက်​ပါ၏။- ထို​ကြောင့်၊ ဘု​ရား​သ​ခင်​နှင့် စပ်​ဆိုင်​သော​အ​ရာ​တို့၌ ငါ​သည် ယေ​ရှု​ခ​ရစ်​ကို အ​မှီ​ပြု၍ ဝါ​ကြွား​ဝမ်း​မြောက်​ခြင်း အ​ကြောင်း​ရှိ၏။- တစ်​ပါး​အ​မျိုး​သား​တို့​သည် စ​ကား​အား​ဖြင့်​လည်း​ကောင်း၊ အ​ကျင့်​အား​ဖြင့်​လည်း​ကောင်း၊ နား​ထောင်​စေ​ခြင်း​ငှာ၊ ခ​ရစ်​တော်​သည် နိ​မိတ်​လ​က္ခ​ဏာ၊ အံ့​ဖွယ်​သော​အ​မှု​များ၌ ပါ​သော​တန်​ခိုး၊ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်၏​တန်​ခိုး​ကို ပြ၍၊ ငါ့​အား​ဖြင့် ပြု​တော်​မူ​သ​မျှ​တို့​ကို​သာ ငါ​ပြော​ဝံ့၏။ ထို​ကျေး​ဇူး​တော်​ကို အ​မှီ​ပြု​လျက်၊ ငါ​သည် ယေ​ရု​ရှ​လင်​မြို့​မှ​စ၍ ဣ​လု​ရိတ်​ပြည်​တိုင်​အောင် ပတ်​ဝန်း​ကျင်​အ​ရပ်​တို့၌ ခ​ရစ်​တော်၏ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို အ​ကုန်​အ​စင် ဟော​ပြော​ခဲ့​ပြီ။- ထို​သို့ အ​ခြား​သူ​တည်​သော တိုက်​မြစ်​အ​ပေါ်​မှာ ငါ​ထပ်၍ မ​တည်​မ​ဆောက်။ ခ​ရစ်​တော်၏​နာ​မ​ကို မ​ကြား​ဖူး​သော​အ​ရပ်၌ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို​ဟော​ခြင်း​ငှာ စေ​တ​နာ​စိတ်​နှင့် ငါ​ကြိုး​စား​အား​ထုတ်​လေ့​ရှိ၏။- ထို​သို့​နှင့်​အ​ညီ ကျမ်း​စာ​လာ​သည်​ကား၊ ထို​သူ၏​အ​ကြောင်း​ကို အ​ဘယ်​သူ​မျှ​မ​ပြ​ဖူး​သော်​လည်း၊ သူ​တို့​သည် မြင်​ကြ​လိမ့်​မည်။ မ​ကြား​ဖူး​သော​သူ​တို့​သည် နား​လည်​ကြ​လိမ့်​မည်​ဟု လာ​သ​တည်း။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။