YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရောမ 1:1-13

ရောမ 1:1-13 JBMLE

လူ​ဇာ​တိ​အား​ဖြင့် ဒါ​ဝိဒ်​အ​မျိုး​ဖြစ်​တော်​မူ​ထ​သော၊- သေ​ခြင်း​မှ​ထ​မြောက်​တော်​မူ၍၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​အား​ဖြင့်၊- တန်​ခိုး​နှင့်​တ​ကွ ဘု​ရား​သ​ခင်၏​သား​တော် ထင်​ရှား​ဖြစ်​တော်​မူ​သော ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​တည်း​ဟူ​သော မိ​မိ​သား​တော်​ကို အ​ကြောင်း​ပြု၍ ဘု​ရား​သ​ခင်​သည် ရှေး​က​မိ​မိ​ပ​ရော​ဖက်​များ​အား​ဖြင့်၊ သန့်​ရှင်း​သော​ကျမ်း​စာ၌ က​တိ​ထား​တော်​မူ​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​စေ​ခြင်း​ငှာ၊ ရွေး​ချယ်​ခွဲ​ထား၍ တ​မန်​တော်​အ​ရာ၌ ခန့်​ထား​သော ယေ​ရှု​ခ​ရစ်၏​ကျွန် ငါ​ပေါ​လု​သည်၊- ဘု​ရား​သ​ခင်​ချစ်​တော်​မူ၍၊ သန့်​ရှင်း​သူ​အ​ရာ၌ ခန့်​ထား​သော ရော​မ​မြို့​သူ​မြို့​သား​အ​ပေါင်း​တို့​ကို ကြား​လိုက်​ပါ၏။- သ​ခင်​ယေ​ရှု​ခ​ရစ်​နှင့် ငါ​တို့​အ​ဘ​တည်း​ဟူ​သော ဘု​ရား​သ​ခင့် အ​ထံ​တော်​က ကျေး​ဇူး​တော်​နှင့် ငြိမ်​သက်​ခြင်း​သည် သင်​တို့၌ ရှိ​ပါ​စေ​သော။ သ​ခင်​ယေ​ရှု​ခ​ရစ်၏ နာ​မ​တော်​ကို​အ​မှီ​ပြု၍ လူ​မျိုး​အ​ပေါင်း​တို့​သည် ယုံ​ကြည်​နား​ထောင်​စေ​ခြင်း​ငှာ ထို​သ​ခင်​ထံ၌ ကျေး​ဇူး​တော်​နှင့် တ​မန်​တော်​အ​ရာ​ကို ငါ​တို့​သည် ခံ​ရ​ကြ​ပြီ။ ထို​သ​ခင်​ခေါ်​ထား​တော်​မူ​သော သင်​တို့​သည်​လည်း ထို​လူ​မျိုး​တို့၌ အ​ပါ​အ​ဝင်​ဖြစ်​ကြ၏။ သင်​တို့၏​ယုံ​ကြည်​ခြင်း​အ​ရာ​သည် မြေ​တစ်​ပြင်​လုံး၌ အ​နှံ့​အ​ပြား ကျော်​စော​သည်​ဖြစ်၍၊ သင်​တို့​အ​ကြောင်း​ကြောင့် ယေ​ရှု​ခ​ရစ်​အား​ဖြင့်၊ ငါ၏​ဘု​ရား​သ​ခင်​ကျေး​ဇူး​တော်​ကို ရှေ့​ဦး​စွာ ငါ​ချီး​မွမ်း၏။- ငါ​သည်​သင်​တို့​ကို မ​ခြား​မ​လပ်​အောက်​မေ့၍ အ​စဉ်​မ​ပြတ် ဆု​တောင်း​ပ​တ္ထ​နာ​ပြု​သည်​ဟု သား​တော်၏ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​လျက်၊ အ​မှု​တော်​ကို စိတ်​ဝိ​ညာဉ်​နှင့်​တ​ကွ ငါ​ဆောင်​ရွက်၍ ငါ​ကိုး​ကွယ်​သော ဘု​ရား​သ​ခင်​သည် ငါ၏​သက်​သေ​ခံ​ဖြစ်​တော်​မူ၏။- မ​ကြာ​မ​မြင့်​မီ ဘု​ရား​သ​ခင်​အ​လို​တော်​အား​ဖြင့် အ​ဆင်​သင့်၍၊ သင်​တို့​ရှိ​ရာ​သို့ ငါ​လာ​ရ​သော​အ​ခွင့် တစ်​စုံ​တစ်​ခု​ရှိ​ပါ​မည်​အ​ကြောင်း ဆု​တောင်း​ပ​တ္ထ​နာ​ပြု၏။- သင်​တို့​သည် မြဲ​မြံ​ခိုင်​ခံ့​မည်​အ​ကြောင်း၊ ငါ​သည် သင်​တို့၌ ဝိ​ညာဉ်​ဆု​ကျေး​ဇူး​တစ်​စုံ​တစ်​ခု​ကို အပ်​ပေး​ခြင်း​ငှာ၊ သင်​တို့​ကို အ​လွန်​တွေ့​မြင်​ချင်​ပါ၏။- ထို​သို့​ဆို​သော်၊ ငါ​နှင့်​သင်​တို့​သည် ယုံ​ကြည်​သော​အား​ဖြင့် အ​ချင်း​ချင်း အား​ရ​သက်​သာ​ခြင်း​သို့ ရောက်​ကြ​မည်​အ​ကြောင်း​ကို ဆို​လို​သ​တည်း။ ညီ​အစ်​ကို​တို့၊ ငါ​သည်​အ​ခြား​သော တစ်​ပါး​အ​မျိုး​သား​တို့​တွင် အ​ကျိုး​ကို​ရ​သ​ကဲ့​သို့ သင်​တို့​တွင်​လည်း အ​ကျိုး​တစ်​စုံ​တစ်​ခု​ကို​ရ​ခြင်း​ငှာ၊ သင်​တို့​ရှိ​ရာ​သို့​သွား​မည်​ဟု အ​ဖန်​ဖန်​အ​ကြံ​ရှိ​ကြောင်း​ကို သင်​တို့​မ​သိ​ဘဲ​နေ​စေ​ခြင်း​ငှာ ငါ​အ​လို​မ​ရှိ၊ ထို​သို့​အ​ကြံ​ရှိ​သော်​လည်း၊ ယ​ခု​တိုင်​အောင် မြစ်​တား​သော အ​ကြောင်း​ရှိ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။