YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဗျာဒိတ် 6:1-8

ဗျာဒိတ် 6:1-8 JBMLE

သိုး​သ​ငယ်​သည် တံ​ဆိပ်​ခု​နစ်​ချက်​တွင် တစ်​ချက်​ကို​ဖွင့်​သော​အ​ခါ ငါ​ကြည့်​လျှင်၊ မိုး​ကြိုး​သံ မြည်​သ​ကဲ့​သို့၊ သ​တ္တ​ဝါ​လေး​ပါး​တွင် တစ်​ပါး​က၊ လာ၍ ကြည့်​လော့​ဟု ဆို​သည်​ကို ငါ​ကြား၏။- ထို​အ​ခါ ငါ​ကြည့်​လျှင်၊ မြင်း​ဖြူ​တစ်​စီး​ရှိ၏။ မြင်း​စီး​သော​သူ​သည် လေး​ကို​ကိုင်၏။ သူ၌​သ​ရ​ဖူ​ကို ပေး​တော်​မူ၏။ အောင်​မြင်​လျက်​လည်း​ကောင်း၊ အောင်​မြင်​ခြင်း​ငှာ​လည်း​ကောင်း ထွက်​သွား၏။ ဒု​တိ​ယ​တံ​ဆိပ်​ကို ဖွင့်​သော​အ​ခါ၊ ဒု​တိ​ယ သ​တ္တ​ဝါ​က၊ လာ၍​ကြည့်​လော့​ဟု ဆို​သည်​ကို ငါ​ကြား၏။- ထို​အ​ခါ မြင်း​နီ​တစ်​စီး​ထွက်၍၊ စီး​သော​သူ​သည် ငြိမ်​ဝပ်​ခြင်း​ကို မြေ​ကြီး​က​ရုပ်​သိမ်း​ခြင်း​ငှာ​လည်း​ကောင်း၊ မြေ​ကြီး​သား​တို့​ကို အ​ချင်း​ချင်း အ​သေ​သတ်​စေ​ခြင်း​ငှာ​လည်း​ကောင်း အ​ခွင့်​ရ၏။ သူ၌​ဓား​ကြီး​ကို ပေး​တော်​မူ၏။ တ​တိ​ယ​တံ​ဆိပ်​ကို​ည​ဖွင့်​သော​အ​ခါ၊ တ​တိ​ယ​သ​တ္တ​ဝါ​က၊ လာ၍​ကြည့်​လော့​ဟု ဆို​သည်​ကို ငါ​ကြား၏။ ထို​အ​ခါ ငါ​ကြည့်​လျှင် မြင်း​နက်​တစ်​စီး​ရှိ၏။ မြင်း​စီး​သော​သူ​သည် ချိန်​ခွင်​ကို​ကိုင်၏။- သ​တ္တ​ဝါ​လေး​ပါး​အ​လယ်၌ ပြော​သံ​ဟူ​မူ​ကား၊ ဒေ​နာ​ရိ​တစ်​ပြား​နှင့် ဂျုံ​ဆန်​တစ်​ခွက်​ကို​ရ၏။ မု​ယော​ဆန် သုံး​ခွက်​ကို​ရ၏။ ဆီ​နှင့်​စ​ပျစ်​ရည်​ကို မ​ပျက်​စေ​နှင့်​ဟု ဆို​သည်​ကို​ငါ​ကြား၏။ စ​တု​တ္ထ​တံ​ဆိပ်​ကို ဖွင့်​သော​အ​ခါ၊ စ​တု​တ္ထ​သ​တ္တ​ဝါ​က၊ လာ၍ ကြည့်​လော့ ဟု​ဆို​သည်​ကို ငါ​ကြား၏။- ထို​အ​ခါ​ငါ​ကြည့်​လျှင်၊ မြင်း​မွဲ​တစ်​စီး​ရှိ၏။ မြင်း​စီး​သော​သူ​သည် မ​ရ​ဏ​ဟူ​သော​အ​မည်​ရှိ၏။ မ​ရ​ဏနိုင်​ငံ​သည် ထို​သူ​နောက်​သို့ လိုက်​လေ၏။ သူ​သည် မြေ​ကြီး လေး​စိတ်​တစ်​စိတ်​ကို အ​စိုး​ရ၍ ဓား​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး၊ နာ၍​သေ​ဘေး၊ မြေ​သား​ရဲ​ဘေး​အား​ဖြင့် သတ်​ပိုင်​သော အ​ခွင့်​ကို​ရ၏။