YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဗျာဒိတ် 5:1-14

ဗျာဒိတ် 5:1-14 JBMLE

ထို​အ​ခါ တစ်​ဖက်​တစ်​ချက်၌ အ​က္ခ​ရာ​တင်၍ တံ​ဆိပ်​ခု​နစ်​ချက်​ခတ်​သော စာ​စောင်​ကို ပ​လ္လင်​တော်​ပေါ်​မှာ ထိုင်​တော်​မူ​သော​သူ၏ လက်​ယာ​လက်၌ ငါ​မြင်၏။- အား​ကြီး​သော ကောင်း​ကင်​တ​မန်​တစ်​ပါး​က၊ ထို​စာ​စောင်​ကို​ဖွင့်၍ တံ​ဆိပ်​တို့​ကို​ခွာ​ခြင်း​ငှာ အ​ဘယ်​သူ​ထိုက် သ​နည်း​ဟု ကြီး​သော​အ​သံ​နှင့် ကြွေး​ကြော်​လျက်​ရှိ​သည်​ကို ငါ​မြင်၏။- ထို​စာ​စောင်​ကို ဖွင့်၍​ကြည့်​ခြင်း​ငှာ ကောင်း​ကင်၊ မြေ​ကြီး၊ မြေ​ကြီး​အောက်၌ အ​ဘယ်​သူ​မျှ​မ​တတ်​နိုင်။ ထို​စာ​စောင်​ကို​ဖွင့်၍ ကြည့်​ထိုက်​သော​သူ တစ်​ယောက်​ကို​မျှ ရှာ၍​မ​တွေ့​သော​ကြောင့်၊ ငါ​သည် များ​စွာ​ငို​ကြွေး​လေ၏။- ထို​အ​ခါ​အ​သက်​ကြီး​သော​သူ​တစ်​ပါး​က၊ မ​ငို​ကြွေး​နှင့်၊ ယု​ဒ​အ​မျိုး ခြင်္သေ့​တည်း​ဟူ​သော ဒါ​ဝိဒ်၏​အ​မြစ်​သည် ထို​စာ​စောင်​ကို​လည်း​ကောင်း၊- တံ​ဆိပ် ခု​နစ်​ချက်​တို့​ကို​လည်း​ကောင်း၊ ဖွင့်​ခြင်း​ငှာ အောင်​မြင်​လေ​ပြီ​ဟု ငါ့​ကို​ပြော​ဆို၏။ ထို​အ​ခါ ပ​လ္လင်​တော်​မှ​စ​သော သ​တ္တ​ဝါ​လေး​ပါး​နှင့် အ​သက်​ကြီး သူ​တို့​အ​လယ်၌၊ အ​သေ​သတ်​ပြီး​သ​ကဲ့​သို့​သော သိုး​သ​ငယ်​သည် ရပ်​လျက်​ရှိ​သည်​ကို ငါ​မြင်၏။ ထို​သိုး​သ​ငယ်​သည် မြေ​ကြီး​တစ်​ပြင်​လုံး၌ လွှတ်​သော ဘု​ရား​သ​ခင်၏ ဝိ​ညာဉ်​ခု​နစ်​ပါး​တည်း​ဟူ​သော မျက်​စိ​ခု​နစ်​လုံး​နှင့် ချို​ခု​နစ်​ချောင်း​ရှိ၏။- သူ​သည်​လာ၍ ပ​လ္လင်​တော်​ပေါ်​မှာ ထိုင်​တော်​မူ​သော သူ၏ လက်​ယာ​လက်​မှ​စာ​စောင်​ကို ခံ​ယူ​လေ၏။- ထို​စာ​စောင်​ကို ခံ​ယူ​သော​အ​ခါ၊ သ​တ္တ​ဝါ​လေး​ပါး​နှင့် အ​သက်​ကြီး​သူ နှစ်​ဆယ်​လေး​ပါး​တို့​သည်၊ သန့်​ရှင်း​သူ​တို့၏ ပ​တ္ထ​နာ​တည်း​ဟူ​သော မီး​ရှို့​ရာ နံ့​သာ​ပေါင်း​နှင့်​ပြည့်​သော ရွှေ​ဖ​လား​တို့​ကို​လည်း​ကောင်း၊ စောင်း​တို့​ကို​လည်း​ကောင်း၊ အ​သီး​အ​သီး​ကိုင်၍ သိုး​သ​ငယ်​ရှေ့၌ ပျပ်​ဝပ်​လျက်၊- ကိုယ်​တော်​သည် အ​သေ​သတ်​ခြင်း​ကို ခံ​တော်​မူ​သော​အား​ဖြင့်၊ အ​သီး​အ​သီး ဘာ​သာ​စ​ကား​ကို ပြော​သော လူ​အ​မျိုး​အ​နွယ် ခပ်​သိမ်း​တို့​အ​ထဲ​မှ အ​ကျွန်ုပ်​တို့​ကို​ယူ၍၊ အ​သွေး​တော်​နှင့် ဘု​ရား​သ​ခင်​အ​ဖို့ ရွေး​နုတ်​တော်​မူ၏။ အ​ကျွန်ုပ်​တို့၏ ဘု​ရား​သ​ခင့်​ရှေ့​မှာ၊ ရှင်​ဘု​ရင်​အ​ရာ၌​လည်း​ကောင်း၊ ယဇ်​ပု​ရော​ဟိတ်​အ​ရာ၌​လည်း​ကောင်း၊ ခန့်​ထား၍၊ မြေ​ကြီး​ပေါ်​မှာ စိုး​စံ​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ၏။ ထို​ကြောင့်၊ ကိုယ်​တော်​သည် စာ​စောင်​ကို​ခံ​ယူ၍ တံ​ဆိပ်​တို့​ကို ဖွင့်​ထိုက်​တော်​မူ၏​ဟု အ​သစ်​သော​သီ​ချင်း​ကို​သီ၍ လျှောက်​ဆို​ကြ၏။- ထို​အ​ခါ ငါ​ကြည့်၍ ပ​လ္လင်​တော်​မှ​စ​သော သ​တ္တ​ဝါ​တို့​နှင့် အ​သက်​ကြီး​သူ​တို့၏ ပတ်​ဝန်း​ကျင်၌ ကု​ဋေ​သင်္ချေ​မ​က အ​တိုင်း​မ​သိ များ​စွာ​သော ကောင်း​ကင်​တ​မန်​တို့၏ အ​သံ​ကို ငါ​ကြား၏။- ထို​သူ​တို့​က​လည်း၊ အ​သေ​သတ်​ခြင်း​ကို​ခံ​ခဲ့​ပြီး​သော သိုး​သ​ငယ်​သည်၊ တန်​ခိုး၊ စည်း​စိမ်၊ ပ​ညာ၊ အ​စွမ်း​သ​တ္တိ၊ ဂုဏ်​အ​သ​ရေ၊ ဘုန်း​အာ​နု​ဘော်၊ ကောင်း​ချီး​မင်္ဂ​လာ​ကို ခံ​ထိုက်​တော်​မူ၏​ဟု ကြီး​သော​အ​သံ​နှင့် ပြော​ဆို​ကြ၏။- ကောင်း​ကင်၊ မြေ​ကြီး၊ မြေ​ကြီး​အောက်၊ သ​မု​ဒ္ဒ​ရာ​အ​ထဲ၊ အ​ရပ်​ရပ်​တို့၌ ရှိ​ရှိ​သ​မျှ​သော ဝေ​နေ​ယျ​သ​တ္တ​ဝါ အ​ပေါင်း​တို့​က၊ ပ​လ္လင်​တော်​ပေါ်​မှာ ထိုင်​တော်​မူ​သော​သူ​နှင့် သိုး​သ​ငယ်​သည် က​မ္ဘာ​အ​ဆက်​ဆက် ကောင်း​ချီး​မင်္ဂ​လာ၊ ဂုဏ်​အ​သ​ရေ၊ ဘုန်း​အာ​နု​ဘော်၊ အ​စွမ်း​သ​တ္တိ​ရှိ​တော်​မူ​စေ​သ​တည်း​ဟု ပြော​ဆို​ကြ​သည်​ကို ငါ​ကြား​လေ၏။- သ​တ္တ​ဝါ​လေး​ပါး​တို့​က​လည်း အာ​မင်​ဟု ခေါ်​ဝေါ်​ကြ၏။ အ​သက်​ကြီး​သူ​တို့​သည်​လည်း ပျပ်​ဝပ်၍ ကိုး​ကွယ်​ကြ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။