YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဗျာဒိတ် 22:12-21

ဗျာဒိတ် 22:12-21 JBMLE

ငါ​သည် အ​လျင်​အ​မြန်​လာ​မည်။ ငါ​သည် အ​ကျိုး​အ​ပြစ်​ကို ဆောင်​ခဲ့​သည်​ဖြစ်၍၊ လူ​အ​သီး​အ​သီး​တို့​အား မိ​မိ​တို့​အ​ကျင့်​အ​တိုင်း ဆပ်​ပေး​မည်။- ငါ​သည် အာ​လ​ဖ​ဖြစ်၏။ ဩ​မေ​ဃ​လည်း​ဖြစ်၏။ အ​ဦး​ဆုံး​သော​သူ၊ နောက်​ဆုံး​သော​သူ ဖြစ်၏။ အ​စ​နှင့်​အ​ဆုံး​လည်း ဖြစ်၏။- အ​သက်​ပင်​နှင့်​ဆိုင်၍၊ မြို့​တံ​ခါး​အ​တွင်း​သို့ ဝင်​အံ့​သော​ငှာ ပ​ညတ်​တော်​တို့​ကို ကျင့်​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။- ပြင်၌​ကား၊ ခွေး​ဖြစ်​သော​သူ၊ ပြု​စား​တတ်​သော​သူ၊ မ​တ​ရား​သော​မေ​ထုန်၌ မှီ​ဝဲ​သော​သူ၊ လူ​အ​သက်​ကို သတ်​သော​သူ၊ ရုပ်​ထု​ကို ကိုး​ကွယ်​သော​သူ၊ သ​စ္စာ​ပျက်​ခြင်း​ကို​နှစ်​သက်၍ ပြု​သော​သူ​အ​ပေါင်း​တို့​သည် ရှိ​ကြ၏။- ငါ​ယေ​ရှု​သည် အ​သင်း​တော်​တို့​အ​ဖို့ ဤ​အ​ရာ​များ​ကို သင်​တို့​အား​သက်​သေ​ခံ​စေ​ခြင်း​ငှာ၊ ငါ၏​ကောင်း​ကင်​တ​မန်​ကို စေ​လွှတ်၏။ ငါ​သည်​ကား၊ ဒါ​ဝိဒ်၏​အ​မြစ်​ဖြစ်၏။ အ​နွယ်​လည်း​ဖြစ်၏။ ထွန်း​တောက်​သော မိုး​သောက်​ကြယ်​လည်း​ဖြစ်၏။- ဝိ​ညာဉ်​တော်​နှင့် မင်္ဂ​လာ​ဆောင်​သ​တို့​သ​မီး​က လာ​ခဲ့​ပါ​ဟု ဆို​ကြ၏။ ကြား​သော​သူ​က​လည်း၊ လာ​ခဲ့​ပါ​ဟု​ဆို​ပါ​စေ၊ ရေ​ငတ်​သော​သူ​သည် လာ​ပါ​စေ။ အ​လို​ရှိ​သော​သူ​သည် အ​ဖိုး​ကို​မ​ပေး​ဘဲ အ​သက်​ရေ​ကို ယူ​ပါ​စေ။- ဤ​စာ​စောင်၏​အ​နာ​ဂ​တ္တိ​စ​ကား​ကို ကြား​သော​သူ​အ​ပေါင်း​တို့​အား ငါ​သက်​သေ​ခံ​သည်​ကား၊ အ​ကြင်​သူ​သည် ဤ​အ​ရာ​တို့၌​ထပ်၍ အ​သစ်​သွင်း၏။ ဤ​စာ​စောင်၌​ရေး​ထား​သော​ဘေး​ဒဏ်​တို့​ကို ထို​သူ​အ​ပေါ်​သို့ ဘု​ရား​သ​ခင်​သက်​ရောက်​စေ​တော်​မူ​မည်။- အ​ကြင်​သူ​သည် ဤ​စာ​စောင်၏​အ​နာ​ဂ​တ္တိ​စ​ကား အ​ချို့​ကို​နုတ်​ပယ်၏။ ဤ​စာ​စောင်၌​ရေး​ထား​သော အ​သက်​ပင်​နှင့်​လည်း​ကောင်း၊ သန့်​ရှင်း​သော​မြို့​တော်​နှင့်​လည်း​ကောင်း၊ ထို​သူ​စပ်​ဆိုင်​သော​အ​ခွင့်​ကို ဘု​ရား​သ​ခင်​နုတ်​ပယ်​တော်​မူ​မည်။- ငါ​သည် အ​လျင်​အ​မြန်​လာ​မည်​မှန်​ပေ၏​ဟု၊ ဤ​အ​ရာ​များ​ကို သက်​သေ​ခံ​သော​သူ​မိန့်​တော်​မူ၏ အာ​မင်။ သ​ခင်​ယေ​ရှု​ကြွ​လာ​တော်​မူ​ပါ။ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်၏ ကျေး​ဇူး​တော်​သည် သန့်​ရှင်း​သူ​အ​ပေါင်း​တို့၌ ရှိ​စေ​သ​တည်း။ ဓ​မ္မ​သစ်​ကျမ်း​တို့​တွင် နောက်​ဆုံး​ကျမ်း​တည်း​ဟူ​သော ရှင်​ယော​ဟန် စီ​ရင်​ရေး​ထား​သော​ဗျာ​ဒိတ်​ကျမ်း​ပြီး၏။

​ဗျာဒိတ် 22:12-21 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။