YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဗျာဒိတ် 21

21
ကောင်း​ကင်​သစ်​နှင့်​မြေ​ကြီး​သစ်
1ကောင်း​ကင်​သစ်​နှင့် မြေ​ကြီး​သစ်​ကို​လည်း ငါ​မြင်၏။ အ​ဘယ်​သို့​နည်း ဟူ​မူ​ကား၊ ရှေး​ကောင်း​ကင်​နှင့် ရှေး​မြေ​ကြီး​သည် ရွေ့​သွား​ကြ​ပြီ။ ထို​အ​ခါ​မှ​စ၍ သ​မု​ဒ္ဒ​ရာ​မ​ရှိ။-#ဟေ​ရှာ၊ ၆၅:၁၇၊ ၆၆:၂၂။ ၂​ပေ၊ ၃:၁၃။ 2သန့်​ရှင်း​သော​မြို့​တည်း​ဟူ​သော ယေ​ရု​ရှ​လင်​မြို့ သစ်​သည် မိ​မိ​ခင်​ပွန်း​ဖို့ တန်​ဆာ​ဆင်​သော မင်္ဂ​လာ​ဆောင်​သ​တို့​သ​မီး​ကဲ့​သို့ ပြင်​ဆင်​လျက်၊ ဘု​ရား​သ​ခင် အ​ထံ​တော်၊ ကောင်း​ကင်​ဘုံ​မှ ဆင်း​သက်​သည်​ကို ငါ​မြင်၏။-#ဟေ​ရှာ၊ ၅၂:၁၊ ၆၁:၁၀။ ဗျာ၊ ၃:၁၂။ 3ကောင်း​ကင်​မှ​ကြီး​သော အ​သံ​ကား၊ ဘု​ရား​သ​ခင်၏ တဲ​တော်​သည် လူ​တို့​တွင်​ရှိ၏။ လူ​တို့​နှင့်​အ​တူ ကျိန်း​ဝပ်​တော်​မူ​မည်။ သူ​တို့​သည် ကိုယ်​တော်၏​လူ ဖြစ်​ကြ​လိမ့်​မည်။ ဘု​ရား​သ​ခင်​သည် ကိုယ်​တော်​တိုင် သူ​တို့​နှင့်​အ​တူ​ရှိ​နေ၍ သူ​တို့၏ ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​မည်။-#ယေ​ဇ၊ ၃၇:၂၇။ ဝတ်၊ ၂၆:၁၁-၁၂။ 4ဘု​ရား​သ​ခင်​သည် သူ​တို့၏ မျက်​စိ၌ မျက်​ရည်​ရှိ​သ​မျှ​တို့​ကို သုတ်​တော်​မူ​မည်။ နောက်​တစ်​ဖန် သေ​ဘေး​မ​ရှိ​ရ။ စိတ်​မ​သာ ညည်း​တွား​ခြင်း၊ အော်​ဟစ်​ခြင်း၊ ပင်​ပန်း​ခြင်း​လည်း မ​ရှိ​ရ။ အ​ကြောင်း​မူ​ကား၊ ရှေး​ဖြစ်​ဖူး​သော​အ​ရာ​တို့​သည် ရွေ့​သွား​ကြ​ပြီ။-#ဟေ​ရှာ၊ ၂၅:၈၊ ၃၅:၁၀၊ ၆၅:၁၉။ 5ပ​လ္လင်​တော်​ပေါ်​မှာ ထိုင်​တော်​မူ​သော​သူ​က​လည်း၊ ငါ​သည် ခပ်​သိမ်း​သော အ​ရာ​တို့​ကို အ​သစ် ဖန်​ဆင်း​သည်​ဟု မိန့်​တော်​မူ၏။ တစ်​ဖန်​တုံ၊ ရေး​ထား​လော့။ ဤ​စ​ကား​သည် သ​စ္စာ​စ​ကား၊ ဟုတ်​မှန်​သော​စ​ကား​ဖြစ်၏ ဟူ၍​လည်း​ကောင်း၊- 6အ​မှု​ပြီး​ပြီ။ ငါ​သည် အာ​လ​ဖ​ဖြစ်၏။ ဩ​မေ​ဃ​လည်း ဖြစ်၏။ အ​စ​နှင့်​အ​ဆုံး​လည်း ဖြစ်၏။ ရေ​ငတ်​သော​သူ​အား အ​သက်​စမ်း​ရေ​ကို အ​ဖိုး​မ​ယူ​ဘဲ ငါ​ပေး​မည်။-#ဟေ​ရှာ၊ ၅၅:၁။ 7အောင်​မြင်​သော​သူ​သည် ဤ​အ​ရာ​တို့​ကို အ​မွေ​ခံ​ရ​လိမ့်​မည်။ ငါ​သည် သူ၏ ဘု​ရား​သ​ခင် ဖြစ်​မည်။ သူ​သည်​လည်း ငါ၏​သား​ဖြစ်​လိမ့်​မည်။-#၂​ရာ၊ ၇:၁၄။ ဆာ၊ ၈၉:၂၆-၂၇။ 8ကြောက်​တတ်​သော​သူ၊ မ​ယုံ​ကြည်​သော​သူ၊ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော​သူ၊ လူ​အ​သက်​ကို သတ်​သော​သူ၊ မ​တ​ရား​သော မေ​ထုန်၌ မှီ​ဝဲ​သော​သူ၊ ပြု​စား​တတ်​သော​သူ၊ ရုပ်​တု​ကို ကိုး​ကွယ်​သော​သူ၊ သ​စ္စာ​ပျက်​သော​သူ အ​ပေါင်း​တို့​မူ​ကား၊ ဒု​တိ​ယ​သေ​ခြင်း​တည်း​ဟူ​သော ကန့်​နှင့်​လောင်​သော မီး​အိုင်​ထဲ၌ မိ​မိ​တို့​အ​ဖို့​ကို ရ​ကြ​လိမ့်​မည် ဟူ၍​လည်း​ကောင်း ငါ့​အား မိန့်​တော်​မူ၏။
ယေ​ရု​ရှ​လင်​မြို့​သစ်
9နောက်​ဆုံး​သော ဘေး​ဒဏ်​ခု​နစ်​ပါး​နှင့် ပြည့်​သော ဖ​လား​ခု​နစ်​လုံး​ကို ဆောင်​သော ကောင်း​ကင်​တ​မန် ခု​နစ်​ပါး​တွင် တစ်​ပါး​သည် လာ​ပြီး​လျှင် ငါ့​ကို​နှုတ်​ဆက်၍၊ လာ​ခဲ့​ပါ။ သိုး​သ​ငယ်၏ ခင်​ပွန်း​တည်း​ဟူ​သော မင်္ဂ​လာ​ဆောင်​သ​တို့​သ​မီး​ကို ငါ​ပြ​မည်​ဟု ပြော​ဆို​လျက်၊- 10ကြီး​မြင့်​သော​တောင်​သို့ ဝိ​ညာဉ်​တော်​အား​ဖြင့် ငါ့​ကို ဆောင်​သွား၍ သန့်​ရှင်း​သော ယေ​ရု​ရှ​လင်​မြို့​သည် ဘု​ရား​သ​ခင်၏ ဘုန်း​တော်​နှင့် ပြည့်​စုံ​လျက်၊ ဘု​ရား​သ​ခင့် အ​ထံ​တော်၊ ကောင်း​ကင်​ဘုံ​မှ ဆင်း​သက်​သည်​ကို ငါ့​အား​ပြ​လေ၏။- 11ထို​မြို့၏ အ​ရောင်​အ​ဝါ​သည်၊ ကျောက်​သ​လင်း န​ဂါး​သွဲ့​ကဲ့​သို့၊ အ​မြတ်​ဆုံး​သော ကျောက်​မျက်​မွန်​နှင့် တူ၏။- 12-13ကြီး​မြင့်​သော မြို့​ရိုး​လည်း​ရှိ၏။ အ​ရှေ့​ဘက်၌ တံ​ခါး​သုံး​ပေါက်၊ မြောက်​ဘက်၌ သုံး​ပေါက်၊ တောင်​ဘက်၌​သုံး​ပေါက်၊ အ​နောက်​ဘက်၌ သုံး​ပေါက်၊ တံ​ခါး တစ်​ဆယ်​နှစ်​ပေါက်​ရှိ၏။ ထို​တံ​ခါး တစ်​ဆယ်​နှစ်​ပေါက်၌ ကောင်း​ကင်​တ​မန် တစ်​ဆယ်​နှစ်​ပါး ရှိ၏။ ဣ​သ​ရေ​လ​အ​မျိုး တစ်​ဆယ်​နှစ်​မျိုး၏ နာ​မ​တို့​သည် ထို​တံ​ခါး​ပေါ်၌ ရေး​ထား​လျက်​ရှိ၏။-#ယေ​ဇ၊ ၄၈:၃၀-၃၅။ 14မြို့​ရိုး​အ​မြစ်​သည် တစ်​ဆယ်​နှစ်​ထပ်​ရှိ၏။ သိုး​သ​ငယ်၏​တ​မန်​တော် တစ်​ဆယ်​နှစ်​ပါး၏ နာ​မ​တို့​သည် မြို့​ရိုး​အ​မြစ်​ပေါ်၌ ရေး​ထား​လျက်​ရှိ​ကြ၏။
15ငါ​နှင့်​စ​ကား​ပြော​သော​သူ​သည်၊ မြို့​ကို​လည်း​ကောင်း၊ တံ​ခါး​တို့​ကို​လည်း​ကောင်း၊ မြို့​ရိုး​ကို​လည်း​ကောင်း တိုင်း​ခြင်း​ငှာ၊ တိုင်း​စ​ရာ ရွှေ​ကျူ​လုံး​ပါ၏။-#ယေ​ဇ၊ ၄၀:၃။ 16မြို့​သည် စ​တု​ရန်း လေး​ထောင့်​ဖြစ်၏။ ထို​သူ​သည် ကျူ​လုံး​နှင့် မြို့​ကို​တိုင်း၍ မြို့၏ အ​နံ၊ အ​လျား၊ အ​မြင့်၊ ယူ​ဇ​နာ​တ​ရာ​နှစ်​ဆယ်​စီ ရှိ၏။- 17မြို့​ရိုး​ဒု​ကို တိုင်း၍၊ လူ​အ​တောင်​ကဲ့​သို့​သော ကောင်း​ကင်​တ​မန် အ​တောင်​အား​ဖြင့်၊ တစ်​ရာ​လေး​ဆယ် လေး​တောင်​ရှိ၏။- 18မြို့​ရိုး​ကိုယ်​သည် န​ဂါး​သွဲ့​ကျောက်​ဖြစ်၏။ မြို့​သည်​လည်း ကြည်​လင်​သော​ဖန်​နှင့် တူ​သော ရွှေ​စင်​ဖြစ်၏။-#ဟေ​ရှာ၊ ၅၄:၁၁-၁၂။ 19မြို့​ရိုး​အ​မြစ်​တို့​သည် ကျောက်​မြတ်​အ​မျိုး​မျိုး​နှင့် ပြည့်​စုံ​ကြ၏။ ပ​ထ​မ​အ​မြစ်​ကား န​ဂါး​သွဲ့​ဖြစ်၏။ ဒု​တိ​ယ အ​မြစ်​ကား နီ​လာ၊ တ​တိ​ယ​အ​မြစ်​ကား မ​ဟူ​ရာ၊ စ​တု​တ္ထ​အ​မြစ်​ကား မြ၊- 20ပ​ဥ္စ​မ​အ​မြစ်​ကား ကြောင်၊ ဆ​ဋ္ဌ​မ​အ​မြစ်​ကား ကျောက်​နီ၊ သ​တ္တ​မ​အ​မြစ်​ကား ခ​ရု​သု​လိတ်၊ အ​ဋ္ဌ​မ အ​မြစ်​ကား မျက်​ရွဲ၊ န​ဝ​မ​အ​မြစ်​ကား ဥဿ​ဖ​ရား၊ ဒ​သ​မ​အ​မြစ်​ကား ခ​ရု​သု​ပြတ်၊ ဧ​က​ဒ​သ​မ အ​မြစ်​ကား ဝှါ​ကိ​န္သု၊ ဒွါ​ဒ​သ​မ​အ​မြစ်​ကား ဂေါ်​မိတ်​ဖြစ်​သ​တည်း။- 21တံ​ခါး​ရွက် တစ်​ဆယ်​နှစ်​ရွက် အ​သီး​အ​သီး​တို့​သည် ပု​လဲ​တစ်​ပြား​စီ​ဖြင့်​ပြီး၍ ပု​လဲ​တစ်​ဆယ်​နှစ်​ပြား ဖြစ်​ကြ၏။ မြို့​လမ်း​မ​သည် ကြည်​လင်​သော ဖန်​ကဲ့​သို့​သော ရွှေ​စင်​ဖြစ်၏။ 22မြို့​ထဲ၌ ဗိ​မာန်​တော်​ကို​ငါ​မ​မြင်၊ အ​ကြောင်း​မူ​ကား၊ အ​န​န္တ​တန်​ခိုး​နှင့် ပြည့်​စုံ​တော်​မူ​သော ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင်​နှင့် သိုး​သ​ငယ်​သည် ထို​မြို့၏ ဗိ​မာန်​ဖြစ်​တော်​မူ၏။- 23ထို​မြို့​သည် နေ၏​အ​ရောင်၊ လ၏​အ​ရောင်​ကို အ​လို​မ​ရှိ။ အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်၏ ဘုန်း​တော်​သည် ထို​မြို့​ကို လင်း​စေ၏။ သိုး​သ​ငယ်​သည်​လည်း ထို​မြို့၏ ဆီ​မီး​ဖြစ်၏။-#ဟေ​ရှာ၊ ၆၀:၁၉-၂၀။ 24လူ​အ​မျိုး​မျိုး​တို့​သည် ထို​မြို့၏​အ​လင်း​ကို အ​မှီ​ပြု၍ သွား​လာ​ကြ​လိမ့်​မည်။ လော​ကီ​ရှင်​ဘု​ရင် တို့​သည်​လည်း မိ​မိ​တို့​ဘုန်း​အ​သ​ရေ​ကို ထို​မြို့​ထဲ​သို့ ဆောင်​ခဲ့​ကြ​လိမ့်​မည်။-#ဟေ​ရှာ၊ ၆၀:၃။ 25မြို့​တံ​ခါး​တို့​ကို နေ့​အ​ချိန်၌ အ​လျှင်း​မ​ပိတ်​တတ်။ ည​မူ​ကား မ​ရှိ။-#ဟေ​ရှာ၊ ၆၀:၁၁။ 26လူ​အ​မျိုး​မျိုး​တို့​သည် မိ​မိ​တို့ ဘုန်း​အ​သ​ရေ​ကို ထို​မြို့​ထဲ​သို့ ဆောင်​ခဲ့​ကြ​လိမ့်​မည်။- 27ညစ်​ညူး​သော​အ​ရာ၊ စက်​ဆုပ်​ဖွယ်​သော​အ​ရာ၊ သ​စ္စာ​ပျက်​သော​အ​ရာ တစ်​စုံ​တစ်​ခု​မျှ​မ​ဝင်​ရ​ဘဲ၊ သိုး​သ​ငယ်၏ အ​သက်​စာ​စောင်၌ စာ​ရင်း​ဝင်​သော သူ​တို့​သာ​လျှင် ဝင်​ရ၏။

လက်ရှိရွေးချယ်ထားမှု

ဗျာဒိတ် 21: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။