YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဗျာဒိတ် 20:11-15

ဗျာဒိတ် 20:11-15 JBMLE

တစ်​ဖန်​တုံ၊ ဖြူ​သော​ပ​လ္လင်​ကြီး​ကို​လည်း​ကောင်း၊ ပ​လ္လင်​ပေါ်​မှာ ထိုင်​တော်​မူ​သော​သူ​ကို​လည်း​ကောင်း ငါ​မြင်၏။ ကောင်း​ကင်​နှင့် မြေ​ကြီး​သည် မျက်​နှာ​တော်​ရှေ့​မှ ပြေး​လွင့်၍ သူ​တို့ နေ​စ​ရာ​အ​ရပ်​မ​ရှိ။- သေ​လွန်​သော​သူ အ​ကြီး​အ​ငယ်​တို့​သည် ပ​လ္လင်​တော်​ရှေ့​မှာ ရပ်​န​ကြ​သည်​ကို ငါ​မြင်၏။ စာ​စောင်​များ​ကို ဖွင့်​ထား၏။ အ​သက်​စာ​စောင်​တည်း​ဟူ​သော အ​ခြား​တစ်​ပါး​သော စာ​စောင်​ကို​လည်း ဖွင့်​လေ၏။ သေ​လွန်​သော​သူ​တို့​သည် မိ​မိ​တို့​အ​ကျင့်​အ​တိုင်း၊ စာ​စောင်​တို့၌ ရေး​ထား​ချက်​များ​နှင့်​အ​ညီ တ​ရား​စီ​ရင်​ခြင်း​ကို ခံ​ရ​ကြ၏။- သ​မု​ဒ္ဒ​ရာ​သည် မိ​မိ၌​ရှိ​သော လူ​သေ​တို့​ကို အပ်​ပေး၏။ မ​ရ​ဏ​နှင့် မ​ရ​ဏ​နိုင်​ငံ​သည်​လည်း မိ​မိ​တို့၌​ရှိ​သော လူ​သေ​တို့​ကို အပ်​ပေး​ကြ၏။ လူ​အ​သီး​အ​သီး တို့​သည် မိ​မိ​တို့​အ​ကျင့်​အ​တိုင်း တ​ရား​စီ​ရင်​ခြင်း​ကို ခံ​ရ​ကြ၏။- ထို​အ​ခါ မ​ရ​ဏ​နှင့် မ​ရ​ဏ​နိုင်​ငံ​ကို မီး​အိုင်​ထဲ​သို့ ချ​ပစ်​လေ၏။ ထို​သေ​ခြင်း​ကား ဒု​တိ​ယ​သေ​ခြင်း ဖြစ်​သ​တည်း။- အ​သက်​စာ​စောင်၌ စာ​ရင်း​မ​ဝင်​သော​သူ ရှိ​သ​မျှ​တို့​ကို​လည်း မီး​အိုင်​ထဲ​သို့ ချ​ပစ်​လေ၏။