YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဗျာဒိတ် 20:11-15

ဗျာဒိတ် 20:11-15 Judson Bible (JBMLE)

တစ်​ဖန်​တုံ၊ ဖြူ​သော​ပ​လ္လင်​ကြီး​ကို​လည်း​ကောင်း၊ ပ​လ္လင်​ပေါ်​မှာ ထိုင်​တော်​မူ​သော​သူ​ကို​လည်း​ကောင်း ငါ​မြင်၏။ ကောင်း​ကင်​နှင့် မြေ​ကြီး​သည် မျက်​နှာ​တော်​ရှေ့​မှ ပြေး​လွင့်၍ သူ​တို့ နေ​စ​ရာ​အ​ရပ်​မ​ရှိ။- သေ​လွန်​သော​သူ အ​ကြီး​အ​ငယ်​တို့​သည် ပ​လ္လင်​တော်​ရှေ့​မှာ ရပ်​န​ကြ​သည်​ကို ငါ​မြင်၏။ စာ​စောင်​များ​ကို ဖွင့်​ထား၏။ အ​သက်​စာ​စောင်​တည်း​ဟူ​သော အ​ခြား​တစ်​ပါး​သော စာ​စောင်​ကို​လည်း ဖွင့်​လေ၏။ သေ​လွန်​သော​သူ​တို့​သည် မိ​မိ​တို့​အ​ကျင့်​အ​တိုင်း၊ စာ​စောင်​တို့၌ ရေး​ထား​ချက်​များ​နှင့်​အ​ညီ တ​ရား​စီ​ရင်​ခြင်း​ကို ခံ​ရ​ကြ၏။- သ​မု​ဒ္ဒ​ရာ​သည် မိ​မိ၌​ရှိ​သော လူ​သေ​တို့​ကို အပ်​ပေး၏။ မ​ရ​ဏ​နှင့် မ​ရ​ဏ​နိုင်​ငံ​သည်​လည်း မိ​မိ​တို့၌​ရှိ​သော လူ​သေ​တို့​ကို အပ်​ပေး​ကြ၏။ လူ​အ​သီး​အ​သီး တို့​သည် မိ​မိ​တို့​အ​ကျင့်​အ​တိုင်း တ​ရား​စီ​ရင်​ခြင်း​ကို ခံ​ရ​ကြ၏။- ထို​အ​ခါ မ​ရ​ဏ​နှင့် မ​ရ​ဏ​နိုင်​ငံ​ကို မီး​အိုင်​ထဲ​သို့ ချ​ပစ်​လေ၏။ ထို​သေ​ခြင်း​ကား ဒု​တိ​ယ​သေ​ခြင်း ဖြစ်​သ​တည်း။- အ​သက်​စာ​စောင်၌ စာ​ရင်း​မ​ဝင်​သော​သူ ရှိ​သ​မျှ​တို့​ကို​လည်း မီး​အိုင်​ထဲ​သို့ ချ​ပစ်​လေ၏။

ဗျာဒိတ် 20:11-15 Common Language Bible (BCL)

ထို​နောက်​ပလ္လင်​ဖြူ​ကြီး​ကို​လည်း​ကောင်း၊ ယင်း ပလ္လင်​ပေါ်​တွင်​စံ​နေ​တော်​မူ​သော​အ​ရှင်​ကို လည်း​ကောင်း​ငါ​မြင်​ရ​၏။ ထို​အ​ရှင်​၏​ရှေ့ တော်​မှောက်​မှာ​ကမ္ဘာ​မြေ​ကြီး​နှင့်​မိုး​ကောင်း ကင်​သည်​လျင်​မြန်​စွာ​ရွေ့​လျား​ပျောက်​လွင့် ၍​သွား​ကြ​ကုန်​၏။- သေ​လွန်​သူ​အ​ကြီး​အ​ငယ်​တို့​သည်​ပလ္လင် တော်​ရှေ့​၌​ရပ်​လျက်​နေ​ကြ​သည်​ကို​လည်း ကောင်း၊ စာ​စောင်​များ​ကို​ဖွင့်​သည်​ကို​လည်း ကောင်း​ငါ​မြင်​ရ​၏။ ထို​နောက်​အ​သက်​စာ စောင်​တည်း​ဟူ​သော​အ​ခြား​စာ​စောင်​ကို ဖွင့်​လိုက်​၏။ သေ​လွန်​သူ​တို့​သည်​ထို​စာ စောင်​များ​တွင်​မှတ်​တမ်း​တင်​ထား​သည့် မိ​မိ​တို့​အ​ကျင့်​များ​နှင့်​အ​ညီ​တ​ရား စီ​ရင်​ခြင်း​ကို​ခံ​ရ​ကြ​၏။- သ​မုဒ္ဒ​ရာ​သည်​မိ​မိ​၌​ရှိ​သော​သေ​သူ​တို့​ကို ပေး​အပ်​ကြ​၏။ သေ​မင်း​နှင့်​မ​ရ​ဏာ​နိုင်​ငံ သည်​လည်း မိ​မိ​တို့​၌​ရှိ​သော​သေ​သူ​တို့​ကို ပေး​အပ်​ကြ​၏။ လူ​အ​ပေါင်း​တို့​သည် မိ​မိ​တို့ အ​ကျင့်​အ​လျောက်​တ​ရား​စီ​ရင်​ခြင်း​ကို ခံ​ရ​ကြ​၏။- ထို​နောက်​သေ​မင်း​နှင့်​မ​ရ​ဏာ​နိုင်​ငံ​သည် မီး အိုင်​ထဲ​သို့​ပစ်​ချ​ခြင်း​ကို​ခံ​ရ​ကြ​၏။- (ထို​မီး​အိုင်​ကား​ဒု​တိ​ယ​သေ​ခြင်း​တည်း။) အ​သက် စာ​စောင်​တွင်​စာ​ရင်း​မ​ဝင်​သူ​ရှိ​သ​မျှ​တို့​သည် မီး​အိုင်​ထဲ​သို့​ပစ်​ချ​ခြင်း​ကို​ခံ​ရ​ကြ​၏။

ဗျာဒိတ် 20:11-15 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့နောက် ဖြူ​သော​ပလ္လင်​ကြီး​နှင့် ထို​ပလ္လင်​ပေါ်တွင်​ထိုင်​တော်မူ​သော​အရှင်​ကို ငါ​မြင်​ရ​၏။ ကောင်းကင်​နှင့်​မြေကြီး​သည် ထို​အရှင်​၏​မျက်မှောက်​မှ ပျောက်လွင့်​သွား​၍ ၎င်း​တို့​အတွက်​နေရာ​မ​ရှိ​တော့​ပေ။ တစ်ဖန် သေလွန်​သော​သူ​အကြီး​အငယ်​တို့​သည် ပလ္လင်​တော်​ရှေ့​၌​ရပ်​နေ​ကြ​သည်​ကို ငါ​မြင်​ရ​၏။ စာစောင်​များ​ကို​ဖွင့်​ထား​၍ အသက်​စာစောင်​တည်းဟူသော အခြား​သော​စာစောင်​ကို​လည်း​ဖွင့်​ထား​၏။ သေလွန်​သော​သူ​တို့​သည် ထို​စာစောင်​များ​တွင်​ရေး​ထား​သည့်​အတိုင်း မိမိ​တို့​ပြု​သော​အမှု​များ​နှင့်အညီ တရား​စီရင်​ခြင်း​ကို​ခံရ​ကြ​၏။ ပင်လယ်​သည် မိမိ​၌​ရှိ​သော​လူသေ​တို့​ကို ပေးအပ်​လေ​၏။ သေ​ခြင်း​နှင့်​မရဏာ​နိုင်ငံ​တို့​သည်​လည်း မိမိ​၌​ရှိ​သော​လူသေ​တို့​ကို ပေးအပ်​ကြ​၏။ ထိုအခါ လူ​အသီးသီး​တို့​သည် မိမိ​တို့​ပြု​သော​အမှု​များ​နှင့်အညီ တရား​စီရင်​ခြင်း​ကို​ခံရ​ကြ​၏။ ထို့နောက် သေ​ခြင်း​နှင့်​မရဏာ​နိုင်ငံ​တို့​သည် မီး​အိုင်​ထဲသို့ ပစ်ချ​ခြင်း​ခံရ​ကြ​၏။ ဤ​မီး​အိုင်​သည် ဒုတိယ​သေ​ခြင်း​ဖြစ်​၏။ အသက်​စာစောင်​၌ စာရင်း​မ​ဝင်​သော​သူ​ရှိသမျှ​တို့​သည်​လည်း မီး​အိုင်​ထဲသို့ ပစ်ချ​ခြင်း​ခံရ​ကြ​၏။