YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဗျာဒိတ် 17

17
ပြည့်​တန်​ဆာ​ကြီး​နှင့်​သား​ရဲ
1ဖ​လား​ခု​နစ်​လုံး​ရှိ​သော ကောင်း​ကင်​တ​မန် ခု​နစ်​ပါး​တို့​တွင် တစ်​ပါး​သည်​လာ​ပြီး​လျှင်၊ ငါ့​ကို​နှုတ်​ဆက်၍၊ လာ​ခဲ့​ပါ။ ရေ​အ​ပေါ်​မှာ ထိုင်​သော ပြည့်​တန်​ဆာ​ကြီး၌ စီ​ရင်​ခြင်း​အ​မှု​ကို ငါ​ပြ​မည်။-#ယေ၊ ၅၁:၁၃။ 2လော​ကီ​ရှင်​ဘု​ရင်​တို့​သည် မ​တ​ရား​သော မေ​ထုန်​ကို သူ​နှင့်​ပြု​ကြ​ပြီ။ မြေ​ကြီး​သား​တို့​သည် သူ၏ မ​တ​ရား​သော​မေ​ထုန်၏ စ​ပျစ်​ရည်​နှင့် ယစ်​မူး​ကြ​ပြီ​ဟု ပြော​ဆို​လျက်၊-#ဟေ​ရှာ၊ ၂၃:၁၇။ ယေ၊ ၅၁:၇။ 3ငါ့​ကို ဝိ​ညာဉ်​တော်​အား​ဖြင့် တော​သို့​ဆောင်​သွား​လေ၏။ ခေါင်း​ခု​နစ်​လုံး​နှင့် ချို​ဆယ်​ချောင်း​ရှိ၍၊ ဘု​ရား​သ​ခင်၏ အ​သ​ရေ​တော်​ကို ရှုတ်​ချ​သော နာ​မ​တို့​နှင့်​အ​ပြည့်​ရှိ​သော သား​ရဲ​နီ​အ​ပေါ်​မှာ ထိုင်​လျက်​ရှိ​သော မိန်း​မ​တစ်​ဦး​ကို ငါ​မြင်၏။-#ဗျာ၊ ၁၃:၁။ 4ထို​မိန်း​မ​သည် အ​ဝတ်​နီ၊ အ​ဝတ်​မောင်း​ကို ဝတ်​လျက်၊ ရွှေ​တန်​ဆာ၊ ကျောက်​မြတ်​တန်​ဆာ၊ ပု​လဲ​တန်​ဆာ​ကို ဆင်​လျက်​ရှိ၏။ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော အ​ရာ​နှင့်​လည်း​ကောင်း၊ မိ​မိ​မ​တ​ရား​သော မေ​ထုန်၏ ညစ်​ညူး​ခြင်း နှင့်​လည်း​ကောင်း ပြည့်​သော​ရွှေ​ဖ​လား​ကို ကိုင်​လျက်​ရှိ၏။-#ယေ၊ ၅၁:၇။ 5န​ဖူး၌ အ​က္ခ​ရာ​တင်​သော ဘွဲ့​မူ​ကား၊ နက်​နဲ​သော​အ​ရာ၊ ဗာ​ဗု​လုန်​မြို့​ကြီး၊ ပြည့်​တန်​ဆာ​တို့၏ အ​မိ၊ မြေ၌ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော အ​ရာ​တို့၏​အ​မိ ပေ​တည်း။- 6ထို​မိန်း​မ​သည် သန့်​ရှင်း​သူ​တို့၏ အ​သွေး၊ ယေ​ရှု၏ သက်​သေ​ခံ​တို့၏ အ​သွေး​နှင့် ယစ်​မူး​သည်​ကို ငါ​မြင်၏။ ထို​သို့​မြင်​သော​အ​ခါ အ​လွန်​အံ့​ဩ​မိန်း​မော၍ နေ၏။
7ကောင်း​ကင်​တ​မန်​က​လည်း၊ အ​ဘယ်​ကြောင့် အံ့​ဩ​သ​နည်း။ ထို​မိန်း​မ၏ နက်​နဲ​သော အ​ရာ​ကို​လည်း​ကောင်း၊ ခေါင်း​ခု​နစ်​လုံး​နှင့် ချို​ဆယ်​ချောင်း​ရှိ၍ ထို​မိန်း​မ​ကို ဆောင်​သော သား​ရဲ၏ နက်​နဲ​သော​အ​ရာ​ကို​လည်း​ကောင်း၊ ငါ​ပြော​မည်။- 8ယ​ခု​မြင်​သော သား​ရဲ​သည် ဖြစ်​ဖူး​ပြီ၊ ဖြစ်​ဆဲ​မ​ရှိ၊ အ​နက်​ဆုံး​သော တွင်း​ထဲ​က​တက်၍ ဖျက်​ဆီး​ခြင်း​သို့ ရောက်​လိမ့်​မည်။ က​မ္ဘာ​ဦး​က​ပင် အ​သက်​စာ​စောင်၌ စာ​ရင်း​မ​ဝင်​သော မြေ​ကြီး​သား​တို့​သည် ဖြစ်​ဖူး၍၊ ဖြစ်​ဆဲ​မ​ရှိ၊ ဖြစ်​လ​တ္တံ့​သော​သား​ရဲ​ကို မြင်​ရ​သော​အ​ခါ၊ အံ့​ဩ​ကြ​လိမ့်​မည်။-#ဒံ၊ ၇:၇။ ဗျာ၊ ၁၁:၇။ ဆာ၊ ၆၉:၂၈။ 9ဤ​အ​ရာ၌ ပ​ညာ​နှင့်​ပြည့်​စုံ​သော ဉာဏ်​ရှိ၏။ ခေါင်း​ခု​နစ်​လုံး​ကား၊ မိန်း​မ​ထိုင်​သော တောင်​ခု​နစ်​လုံး ဖြစ်၏။- 10ရှင်​ဘု​ရင်​ခု​နစ်​ပါး​လည်း ဖြစ်၏။ ငါး​ပါး​ကျ​ပြီး၊ တစ်​ပါး​ရှိ​သေး၏။ တစ်​ပါး ဖြစ်​လေ​ဦး​မည်။ ဖြစ်​သော​အ​ခါ တစ်​ခ​ဏ​သာ​တည်​လိမ့်​မည်။- 11ဖြစ်​ဖူး၍ ဖြစ်​ဆဲ​မ​ရှိ​သော သား​ရဲ​သည် ရှစ်​ပါး​မြောက်​သော ရှင်​ဘု​ရင်​ဖြစ်၏။ ခု​နစ်​ပါး​အ​ဝင်​လည်း ဖြစ်၏။ ဖျက်​ဆီး​ခြင်း​သို့ ရောက်​ရ​လိမ့်​မည်။- 12ယ​ခု​မြင်​သော ချို​ဆယ်​ချောင်း​ကား၊ မင်း​အာ​ဏာ​စက်​ကို မ​ရ​သေး​သော ရှင်​ဘု​ရင်​ဆယ်​ပါး ဖြစ်၏။ ရှင်​ဘု​ရင်၏ အာ​ဏာ​စက်​ကို သား​ရဲ​နှင့်​အ​တူ တစ်​ချက်​တည်း ရ​ကြ​လိမ့်​မည်။-#ဒံ၊ ၇:၂၄။ 13ထို​သူ​တို့​သည် သ​ဘော​တူ၍ မိ​မိ​တို့​တန်​ခိုး အာ​ဏာ​စက်​ကို သား​ရဲ၌ အပ်​ပေး​ကြ​လိမ့်​မည်။- 14သူ​တို့​သည် သိုး​သ​ငယ်​ကို စစ်​တိုက်၍ သိုး​သ​ငယ်​သည် နိုင်​တော်​မူ​မည်။ အ​ကြောင်း​မူ​ကား၊ သိုး​သ​ငယ်​သည် သ​ခင်​တို့၏​သ​ခင်၊ ဘု​ရင်​တို့၏​ဘု​ရင် ဖြစ်​တော်​မူ၏။ ကိုယ်​တော်​နှင့် အ​တူ​ရှိ​သော သူ​တို့​သည်​လည်း ခေါ်​တော်​မူ​သော​သူ၊ ရွေး​ချယ်​တော်​မူ​သော​သူ၊ သ​စ္စာ​ရှိ​သော​သူ ဖြစ်​ကြ၏။- 15ယ​ခု​မြင်၍ ပြည့်​တန်​ဆာ​ထိုင်​သော ရေ​ကား၊ အ​သီး​အ​သီး ဘာ​သာ​စ​ကား​ကို ပြော​သော လူ​အ​မျိုး​မျိုး​အ​စု​စု ဖြစ်​သ​တည်း။- 16ယ​ခု​မြင်​သော ချို​ဆယ်​ချောင်း​နှင့် သား​ရဲ​သည် ပြည့်​တန်​ဆာ​ကို မုန်း၍ သူ၏​စည်း​စိမ်​ကို ဖျက်​ဆီး​လိမ့်​မည်။ သူ၏​အ​ဝတ်​တန်​ဆာ​ကို ချွတ်၍ သူ၏​အ​သား​ကို ကိုက်​စား​လိမ့်​မည်။- 17သူ၏​ကိုယ်​ကို​လည်း မီး​ရှို့​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် ဘု​ရား​သ​ခင်၏ အ​လို​တော်​ကို ပြု​ခြင်း​ငှာ​လည်း​ကောင်း၊ နှုတ်​က​ပတ်​တော် မ​ပြည့်​စုံ​မီ​တိုင်​အောင် သ​ဘော​တူ၍ မိ​မိ​တို့​နိုင်​ငံ​များ​ကို သား​ရဲ၌ အပ်​ပေး​ခြင်း​ငှာ​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​သည် သူ​တို့၌ အ​ကြံ​ပေး​တော်​မူ၏။- 18ယ​ခု​မြင်​သော မိန်း​မ​သည်​လည်း၊ လော​ကီ​ရှင်​ဘု​ရင်​တို့​ကို အုပ်​စိုး​သော မြို့​ကြီး​ဖြစ်​သ​တည်း​ဟု ကောင်း​ကင်​တ​မန် ပြော​ဆို၏။

လက်ရှိရွေးချယ်ထားမှု

ဗျာဒိတ် 17: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။