YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဗျာဒိတ် 16

16
ဘု​ရား​သ​ခင်၏​အ​မျက်​တော်​ဖ​လား
1ဗိ​မာန်​တော်​ထဲ​က ကြီး​သော​အ​သံ​ကား၊ သွား​ကြ​လော့။ ဘု​ရား​သ​ခင်၏ အ​မျက်​တော်​ဖ​လား ခု​နစ်​လုံး​ကို မြေ​ကြီး​ပေါ်​သို့ သွန်း​လောင်း​ကြ​လော့​ဟု ကောင်း​ကင်​တ​မန် ခု​နစ်​ပါး​တို့​အား ပြော​ဆို​သည်​ကို ငါ​ကြား၏။- 2ပ​ထ​မ​သူ​သည် သွား၍ မိ​မိ​ဖ​လား​ကို မြေ​ကြီး​ပေါ်​သို့ သွန်း​လောင်း​လျှင်၊ သား​ရဲ၏ တံ​ဆိပ်​လက်​မှတ်​ကို ခံ၍ သူ၏​ရုပ်​တု​ကို ကိုး​ကွယ်​သော လူ​တို့၌ အ​လွန်​ဆိုး​သော အ​နာ​စိမ်း​ပေါက်​လေ၏။-#ထွ၊ ၉:၁၀။ 3ဒု​တိ​ယ​ကောင်း​ကင်​တ​မန်​သည် မိ​မိ​ဖ​လား​ကို ပင်​လယ်​ပေါ်​သို့ သွန်း​လောင်း​လျှင်၊ ပင်​လယ်​သည် လူ​သေ၏ အ​သွေး​ကဲ့​သို့​သော အ​သွေး​ဖြစ်၏။ ပင်​လယ်၌ အ​သက်​ရှင်​သော သ​တ္တ​ဝါ​အ​ပေါင်း​တို့​သည် သေ​ကြ၏။- 4တ​တိ​ယ​ကောင်း​ကင်​တ​မန်​သည် မိ​မိ​ဖ​လား​ကို မြစ်​ပေါ်​သို့​လည်း​ကောင်း၊ စမ်း​ရေ​တွင်း ပေါ်​သို့​လည်း​ကောင်း သွန်း​လောင်း​လျှင် ထို​အ​ရာ​တို့​သည် အ​သွေး​ဖြစ်​ကြ၏။-#ထွ၊ ၇:၁၇-၂၁။ ဆာ။ ၇၈:၄၄။ 5ကောင်း​ကင်​တ​မန်​က​လည်း၊ ပ​စ္စု​ပ္ပန်၊ အ​တိတ်၊ အ​နာ​ဂတ်​ကာ​လ အ​စဉ်​ရှိ​တော်​မူ​သော အ​ရှင်၊ ကိုယ်​တော်​သည် ဤ​သို့ တ​ရား​စီ​ရင်​တော်​မူ​သည် အ​မှု​မှာ ဖြောင့်​မတ်​တော်​မူ၏။- 6ထို​သူ​တို့​သည် သန့်​ရှင်း​သူ​တို့၏ အ​သွေး၊ ပ​ရော​ဖက်​တို့၏ အ​သွေး​ကို သွန်း​လောင်း​ကြ​သည်​ဖြစ်၍၊ သူ​တို့​အား အ​သွေး​ကို တိုက်​တော်​မူ​ပြီ။ သူ​တို့​လည်း ခံ​ထိုက်​ကြ​ပါ၏​ဟု လျှောက်​ဆို​သည်​ကို ငါ​ကြား၏။- 7ယဇ်​ပ​လ္လင်​က​လည်း၊ မှန်​ပါ၏။ အ​န​န္တ​တန်​ခိုး​နှင့် ပြည့်​စုံ​တော်​မူ​သော ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​စီ​ရင်​တော်​မူ​ခြင်း အ​ရာ​တို့​သည် ဟုတ်​မှန်​ဖြောင့်​မတ် ကြ​ပါ၏​ဟု လျှောက်​ဆို​သော​အ​သံ​ကို ငါ​ကြား၏။
8စ​တု​တ္ထ​ကောင်း​ကင်​တ​မန်​သည် မိ​မိ​ဖ​လား​ကို နေ​ပေါ်​သို့ သွန်း​လောင်း​လျှင်၊ နေ​သည် လူ​တို့​ကို မီး​လောင်​ရ​သော အ​ခွင့်​ကို​ရ၏။- 9ပူ​အား​ကြီး​သော​အ​ရှိန်​ဖြင့် လူ​တို့​သည် လောင်​ခြင်း​ကို​ခံ​ရ၍၊ ထို​ဘေး​ဒဏ်​တို့​ကို အ​စိုး​ပိုင်​တော်​မူ​သော ဘု​ရား​သ​ခင်၏ နာ​မ​တော်​ကို ကျိန်​ဆဲ​ကြ၏။ ဘု​ရား​သ​ခင်​ကို ချီး​မွမ်း​ခြင်း​အ​လို​ငှာ နောင်​တ​မ​ရ​ကြ။- 10ပ​ဥ္စ​မ​ကောင်း​ကင်​တ​မန်​သည် မိ​မိ​ဖ​လား​ကို သား​ရဲ၏ ပ​လ္လင်​ပေါ်​သို့ သွန်း​လောင်း​လျှင်၊ သူ၏​နိုင်​ငံ​သည် မှောင်​မိုက်​အ​တိ ဖြစ်​လေ၏။ နိုင်​ငံ​သား​တို့​သည် ပင်​ပန်း​အား​ကြီး​သည်​နှင့် မိ​မိ​တို့​လျှာ​ကို ကိုက်​ခဲ​ကြ၏။-#ထွ၊ ၁၀:၂၁။ 11မိ​မိ​တို့​ခံ​ရ​သော ဝေ​ဒ​နာ​နှင့် အ​နာ​စိမ်း​များ​ကြောင့် ကောင်း​ကင်​ဘုံ၏​အ​ရှင် ဘု​ရား​သ​ခင်​ကို ကျိန်​ဆဲ​ကြ၏။ မိ​မိ​တို့​အ​ကျင့်​ကို​လည်း နောင်​တ​မ​ရ​ကြ။
12ဆ​ဋ္ဌ​မ​ကောင်း​ကင်​တ​မန်​သည် မိ​မိ​ဖ​လား​ကို ဥ​ဖ​ရတ်​မြစ်​ကြီး​ပေါ်​သို့ သွန်း​လောင်း​လျှင်၊ အ​ရှေ့ မျက်​နှာ​ဘု​ရင်​တို့ သွား​ရာ​လမ်း​ကို ပြင်​ဆင်​စေ​ခြင်း​အ​လို​ငှာ ထို​မြစ်​ရေ​သည် ခန်း​ခြောက်​လေ၏။-#ဟေ​ရှာ၊ ၁၁:၁၅။ 13ထို​အ​ခါ၊ န​ဂါး၏ ခံ​တွင်း​ထဲ​က​လည်း​ကောင်း၊ သား​ရဲ၏ ခံ​တွင်း​ထဲ​က​လည်း​ကောင်း၊ မိ​စ္ဆာ​ပ​ရော​ဖက်၏ ခံ​တွင်း​ထဲ​က​လည်း​ကောင်း၊ ဖား​ကောင်​ကဲ့​သို့ ညစ်​ညူး​သော ဝိ​ညာဉ်​သုံး​ပါး​ထွက်​သည်​ကို ငါ​မြင်၏။- 14နိ​မိတ်​လ​က္ခ​ဏာ​တို့​ကို​ပြ​သော နတ်​ဆိုး၏​ဝိ​ညာဉ် ဖြစ်​သ​တည်း။ ထို​ဝိ​ညာဉ်​တို့​သည် လော​ကီ​တစ်​နိုင်​ငံ လုံး​တွင်​ရှိ​သော ရှင်​ဘု​ရင်​တို့​ထံ​သို့ ထွက်​သွား၍ အ​န​န္တ​တန်​ခိုး​နှင့် ပြည့်​စုံ​တော်​မူ​သော ဘု​ရား​သ​ခင်၏ နေ့​ကြီး၌ စစ်​တိုက်​ခြင်း​အ​လို​ငှာ စု​ဝေး​စေ​ကြ၏။- 15ဟေ​ဗြဲ​ဘာ​သာ​အား​ဖြင့် အာ​မ​ဂေ​ဒုန် အ​မည်​ရှိ​သော အ​ရပ်၌ စု​ဝေး​စေ​ကြ၏။-#မ၊ ၂၄:၄၃-၄၄။ လု၊ ၁၂:၃၉-၄၀။ ဗျာ၊ ၃:၃။ 16အ​သံ​တော်​ကား၊ သူ​ခိုး​ကဲ့​သို့ ငါ​လာ၏။ အ​ဝတ်​အ​ချည်း​စည်း​နှင့် သွား​လာ၍ သူ​တစ်​ပါး​ရှေ့၌ ရှက်​စ​ရာ​အ​ကြောင်း မ​ရှိ​စေ​ခြင်း​ငှာ နိုး​လျက်​နေ၍၊ ကိုယ်​အ​ဝတ်​ကို စောင့်​သော​သူ​သည် မင်္ဂ​လာ​ရှိ၏။#ဇာ၊ ၁၂:၁၁။
17သ​တ္တ​မ​ကောင်း​ကင်​တ​မန်​သည် မိ​မိ​ဖ​လား​ကို အာ​က​သ​ကောင်း​ကင်​ပေါ်​သို့ သွန်း​လောင်း​လျှင်၊ ပြီး​ပြီ​ဟု ကြီး​သော​အ​သံ​သည် ကောင်း​ကင်​ဗိ​မာန်​တော်၌ ရှိ​သော ပ​လ္လင်​တော်​ထဲ​က ထွက်၏။- 18လျှပ်​စစ်​ပြက်​ခြင်း၊ အ​သံ​မြည်​ခြင်း၊ မိုး​ချုန်း​ခြင်း၊ ကြီး​စွာ​သော မြေ​လှုပ်​ခြင်း​ဖြစ်​ကြ၏။ မြေ​ကြီး​အ​ပေါ်​မှာ လူ​တို့​ဖြစ်​သည့် ကာ​လ​မှ​စ၍ ထို​သို့​သော လ​က္ခ​ဏာ​နှင့် ထို​မျှ​လောက် ပြင်း​ထန်​စွာ​သော မြေ​လှုပ်​ခြင်း​သည် မ​ဖြစ်​စ​ဖူး။#ဗျာ၊ ၈:၅၊ ၁၁:၁၃၊၁၉။
19မြို့​ကြီး​သည် သုံး​ဖြာ​ကွဲ​ပြား၍ လူ​အ​မျိုး​မျိုး​နေ​သော မြို့​တို့​သည် ပြို​လဲ​ကြ၏။ ဘု​ရား​သ​ခင်​သည် ပြင်း​စွာ​သော ဒေါ​သ​အ​မျက်​တော်၏ စ​ပျစ်​ရည်​ဖ​လား​ကို တိုက်​ခြင်း​ငှာ ဗာ​ဗု​လုန်​မြို့​ကြီး​ကို အောက်​မေ့​တော်​မူ၏။ ကျွန်း​ရှိ​သ​မျှ​တို့​သည် လွင့်​ပြေး​ကြ၏။ တောင်​များ​တို့​သည် ကွယ်​ပျောက်​ကြ၏။-#ဟေ​ရှာ၊ ၅၁:၁၇။ 20အ​ချိန် အ​ခွက်​တစ်​ဆယ်​ရှိ​သော မိုး​သီး​သည် ကောင်း​ကင်​က လူ​တို့​အ​ပေါ်​သို့ ကျ​လေ၏။- 21ထို​မိုး​သီး​ဘေး​ဒဏ် အ​လွန်​ကြီး​သည်​ဖြစ်၍၊ လူ​တို့​သည် မိုး​သီး​ဘေး​ဒဏ်​ကြောင့် ဘု​ရား​သ​ခင်​ကို ကျိန်​ဆဲ​ကြ၏။

လက်ရှိရွေးချယ်ထားမှု

ဗျာဒိတ် 16: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ