YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဗျာဒိတ် 12:8-17

ဗျာဒိတ် 12:8-17 JBMLE

ထို​အ​ခါ ဤ​လော​က​တစ်​နိုင်​ငံ​လုံး​ကို လှည့်​ဖြား၍ မာရ်​နတ်​စာ​တန် အ​မည်​ရှိ​သော ရှေး​မြွေ​ဟောင်း​တည်း ဟူ​သော န​ဂါး​ကြီး​ကို​လည်း​ကောင်း၊ သူ​နှင့်​အ​တူ သူ၏​တ​မန်​တို့​ကို​လည်း​ကောင်း၊ မြေ​ကြီး​သို့ ချ​လိုက်​ကြ၏။- ကောင်း​ကင်​ဘုံ၌ ကြီး​သော​အ​သံ​ကား၊ ယ​ခု​မှာ ကယ်​တင်​ခြင်း ဖြစ်၏။ တန်​ခိုး​တော်​လည်း ဖြစ်၏။ ငါ​တို့ ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​နှင့် သူ၏​ခ​ရစ်​တော်၏ အာ​ဏာ​တော်​စက်​လည်း ဖြစ်၏။ အ​ကြောင်း​မူ​ကား၊ ငါ​တို့​ညီ​အစ်​ကို​များ​ကို ငါ​တို့​ဘု​ရား​သ​ခင်​ရှေ့​တော်၌ နေ့​ည​မ​ပြတ် အ​ပြစ်​တင်​သော​ရန်​သူ​ကို အောက်​သို့ ချ​လေ​ပြီ။- သူ​တို့​သည် သိုး​သ​ငယ်၏ အ​သွေး​အား​ဖြင့်​လည်း​ကောင်း၊ မိ​မိ​တို့​သက်​သေ​ခံ​ချက် နှုတ်​က​ပတ်​တ​ရား​အား​ဖြင့်​လည်း​ကောင်း အောင်​မြင်၍၊ အ​သေ​ခံ​သည်​တိုင်​အောင် ကိုယ်​အ​သက်​ကို မ​နှ​မြော​ကြ။- ထို​ကြောင့် ကောင်း​ကင်​နှင့် ကောင်း​ကင်​သား​တို့ ရွှင်​လန်း​ကြ​လော့။ မြေ​ကြီး​နှင့် ပင်​လယ်​သည် အ​မင်္ဂ​လာ​ရှိ၏။ အ​ကြောင်း​မူ​ကား၊ မာရ်​နတ်​သည် မိ​မိ​ကာ​လ တစ်​ခ​ဏ​သာ​ရှိ​သည်​ကို သိ၍၊ ပြင်း​စွာ​သော ဒေါ​သ​အ​မျက်​နှင့်​တ​ကွ သင်​တို့​ရှိ​ရာ​သို့ ဆင်း​လေ​ပြီ​ဟု ဆို​ကြ​သည်​ကို ငါ​ကြား၏။ ထို​န​ဂါး​သည် မြေ​ကြီး​သို့ ကိုယ်​ကျ​သည်​ကို သိ​မြင်​လေ​သော်၊ သား​ယောက်ျား​ကို ဖွား​မြင်​သော မိန်း​မ​ကို ညှဉ်း​ဆဲ၏။- မိန်း​မ​သည် ထို​မြွေ​နှင့်​လွတ်၍၊ တစ်​ကာ​လ၊ နှစ်​ကာ​လ၊ ကာ​လ​တစ်​ဝက်​ပတ်​လုံး ကျွေး​မွေး​ခြင်း​ကို ခံ​ရာ အ​ရပ်​တည်း​ဟူ​သော တော​အ​ရပ်​သို့ ပျံ​နိုင်​မည့်​အ​ကြောင်း၊ ရွှေ​လင်း​တ​ကြီး၏ အ​တောင်​နှစ်​ဖက်​ကို ရ​လေ၏။- ထို​အ​ခါ၊ မိန်း​မ​ကို ရေ​အ​ဟုန်​ဖြင့် မျော​သွား​စေ​ခြင်း​ငှာ၊ န​ဂါး​သည် မိ​မိ​ခံ​တွင်း​ထဲ​က​မြစ်​ရေ​စီး​သ​ကဲ့​သို့ ရေ​ကို မိန်း​မ​နောက်၌ ထုတ်​ပစ်​လေ၏။- မြေ​ကြီး​သည် မိန်း​မ​ကို မ​စ၍ မိ​မိ​ခံ​တွင်း​ကို ဖွင့်​ပြီး​လျှင်၊ န​ဂါး၏ ခံ​တွင်း​ထဲ​က ထုတ်​ပစ်​သော​မြစ်​ရေ​ကို မျို​လေ၏။- န​ဂါး​သည် မိန်း​မ​ကို အ​ငြိုး​ထား၏။ ဘု​ရား​သ​ခင်၏ ပ​ညတ်​တော်​တို့​ကို ကျင့်၍ ယေ​ရှု၏ သက်​သေ​ခံ​တော်​မူ​ချက်​ကို စွဲ​လမ်း​သော​သူ​တည်း​ဟူ​သော ထို​မိန်း​မ၌ ကြွင်း​သော အ​မျိုး​အ​နွယ်​ကို စစ်​တိုက်​ခြင်း​ငှာ သွား၏။