ဗျာဒိတ် 12:9-17
ဗျာဒိတ် 12:8-17 Judson Bible (JBMLE)
ထိုအခါ ဤလောကတစ်နိုင်ငံလုံးကို လှည့်ဖြား၍ မာရ်နတ်စာတန် အမည်ရှိသော ရှေးမြွေဟောင်းတည်း ဟူသော နဂါးကြီးကိုလည်းကောင်း၊ သူနှင့်အတူ သူ၏တမန်တို့ကိုလည်းကောင်း၊ မြေကြီးသို့ ချလိုက်ကြ၏။- ကောင်းကင်ဘုံ၌ ကြီးသောအသံကား၊ ယခုမှာ ကယ်တင်ခြင်း ဖြစ်၏။ တန်ခိုးတော်လည်း ဖြစ်၏။ ငါတို့ ဘုရားသခင်၏ နိုင်ငံတော်နှင့် သူ၏ခရစ်တော်၏ အာဏာတော်စက်လည်း ဖြစ်၏။ အကြောင်းမူကား၊ ငါတို့ညီအစ်ကိုများကို ငါတို့ဘုရားသခင်ရှေ့တော်၌ နေ့ညမပြတ် အပြစ်တင်သောရန်သူကို အောက်သို့ ချလေပြီ။- သူတို့သည် သိုးသငယ်၏ အသွေးအားဖြင့်လည်းကောင်း၊ မိမိတို့သက်သေခံချက် နှုတ်ကပတ်တရားအားဖြင့်လည်းကောင်း အောင်မြင်၍၊ အသေခံသည်တိုင်အောင် ကိုယ်အသက်ကို မနှမြောကြ။- ထိုကြောင့် ကောင်းကင်နှင့် ကောင်းကင်သားတို့ ရွှင်လန်းကြလော့။ မြေကြီးနှင့် ပင်လယ်သည် အမင်္ဂလာရှိ၏။ အကြောင်းမူကား၊ မာရ်နတ်သည် မိမိကာလ တစ်ခဏသာရှိသည်ကို သိ၍၊ ပြင်းစွာသော ဒေါသအမျက်နှင့်တကွ သင်တို့ရှိရာသို့ ဆင်းလေပြီဟု ဆိုကြသည်ကို ငါကြား၏။ ထိုနဂါးသည် မြေကြီးသို့ ကိုယ်ကျသည်ကို သိမြင်လေသော်၊ သားယောက်ျားကို ဖွားမြင်သော မိန်းမကို ညှဉ်းဆဲ၏။- မိန်းမသည် ထိုမြွေနှင့်လွတ်၍၊ တစ်ကာလ၊ နှစ်ကာလ၊ ကာလတစ်ဝက်ပတ်လုံး ကျွေးမွေးခြင်းကို ခံရာ အရပ်တည်းဟူသော တောအရပ်သို့ ပျံနိုင်မည့်အကြောင်း၊ ရွှေလင်းတကြီး၏ အတောင်နှစ်ဖက်ကို ရလေ၏။- ထိုအခါ၊ မိန်းမကို ရေအဟုန်ဖြင့် မျောသွားစေခြင်းငှာ၊ နဂါးသည် မိမိခံတွင်းထဲကမြစ်ရေစီးသကဲ့သို့ ရေကို မိန်းမနောက်၌ ထုတ်ပစ်လေ၏။- မြေကြီးသည် မိန်းမကို မစ၍ မိမိခံတွင်းကို ဖွင့်ပြီးလျှင်၊ နဂါး၏ ခံတွင်းထဲက ထုတ်ပစ်သောမြစ်ရေကို မျိုလေ၏။- နဂါးသည် မိန်းမကို အငြိုးထား၏။ ဘုရားသခင်၏ ပညတ်တော်တို့ကို ကျင့်၍ ယေရှု၏ သက်သေခံတော်မူချက်ကို စွဲလမ်းသောသူတည်းဟူသော ထိုမိန်းမ၌ ကြွင်းသော အမျိုးအနွယ်ကို စစ်တိုက်ခြင်းငှာ သွား၏။
ဗျာဒိတ် 12:9-17 Common Language Bible (BCL)
ကမ္ဘာသူကမ္ဘာသားတို့အားလှည့်ဖြားသူနတ် မိစ္ဆာဘုရင်ဟူ၍လည်းကောင်း၊ စာတန်ဟူ၍ လည်းကောင်းခေါ်ဝေါ်ခြင်းခံရသူရှေးမြွေ နဂါးကြီးသည် မိမိ၏ဘက်သားကောင်းကင် တမန်များနှင့်အတူကမ္ဘာမြေပေါ်သို့ပစ်ချ ခြင်းကိုခံရလေသည်။ ထိုနောက်ကောင်းကင်မှကျယ်စွာသောအသံ က``ယခုအခါဘုရားသခင်၏ကယ်တင် ခြင်းသက်ရောက်လာလေပြီ။ ယခုအခါ ဘုရားသခင်သည်ဘုရင်ဖြစ်ကြောင်းပြသ တော်မူပြီ။ ခရစ်တော်သည်လည်းသူ၏အာ ဏာတော်စက်ကိုပြတော်မူပြီ။ အဘယ် ကြောင့်ဆိုသော်ငါတို့၏ညီအစ်ကိုများ အားနေ့ရောညဥ့်ပါ ငါတို့၏ဘုရားသခင် ရှေ့တော်တွင် ပြစ်တင်စွပ်စွဲလျက်နေသူကို ကောင်းကင်ဘုံမှနှင်ထုတ်လိုက်ပြီဖြစ်သော ကြောင့်တည်း။- ငါတို့၏ညီအစ်ကိုများသည်သိုးသူငယ် တော်၏သွေးတော်အားဖြင့်လည်းကောင်း၊ မိမိ တို့ဟောပြောကြေညာသည့်နှုတ်ကပတ် တရားတော်အားဖြင့်လည်းကောင်းစာတန် ကိုအောင်မြင်ခဲ့ကြ၏။ သူတို့သည်အသေ ခံသည်တိုင်အောင်မိမိတို့အသက်ကို မနှမြောကြ။- သို့ဖြစ်၍အချင်းမိုးကောင်းကင်နှင့်ကောင်းကင် သားတို့၊ ဝမ်းမြောက်ရွှင်မြူးကြလော့။ ကုန်းမြေ နှင့်ပင်လယ်တို့အတွက်အမင်္ဂလာဖြစ်ပါသည် တကား။ အဘယ်ကြောင့်ဆိုသော်နတ်မိစ္ဆာဘုရင် သည် မိမိ၏နေ့ရက်ကာလအနည်းငယ်သာ ကျန်ရှိသည်ကိုသိသဖြင့်ပြင်းစွာအမျက် ထွက်လျက် သင်တို့ထံသို့ရောက်ရှိလာပြီ ဖြစ်သောကြောင့်တည်း'' ဟုပြောသည်ကို ငါကြားရ၏။ မိမိသည်ကမ္ဘာမြေပေါ်သို့ပစ်ချခြင်းခံရ သည်ကိုနဂါးသိသောအခါ သားယောကျာ်း လေးဖွားမြင်သူအမျိုးသမီးအားလိုက် ၍ဖမ်းလေ၏။- အမျိုးသမီးသည်တောကန္တာရရှိမိမိအရပ် သို့ပျံသန်းသွားနိုင်ရန် လင်းယုန်ကြီး၏အတောင် နှစ်ခုကိုရရှိထားသည်။ သူသည်ထိုအရပ်တွင် သုံးနှစ်ခွဲတိုင်တိုင် နဂါး၏ဘေးမှကင်းလွတ် လုံခြုံလျက်ပြုစုစောင့်ရှောက်ခြင်းကိုခံရ မည်ဖြစ်၏။- နဂါးသည်အမျိုးသမီးအားရေအဟုန်တွင် မျောပါသွားစေရန် မိမိ၏ခံတွင်းမှရေကို မြစ်သဖွယ်မှုတ်ထုတ်လိုက်၏။- သို့ရာတွင်မြေကြီးသည်မိမိ၏ခံတွင်းကို ဖွင့်၍ နဂါးမှုတ်ထုတ်လိုက်သောမြစ်ရေကို မျိုချကာအမျိုးသမီးအားကယ်ဆယ် လိုက်သည်။- ထိုအခါနဂါးသည်အမျက်ထွက်သဖြင့် အမျိုးသမီး၏ကျန်ကြွင်းနေသေးသော သားမြေးများတည်းဟူသော ဘုရားသခင် ၏ပညတ်တော်တို့ကိုစောင့်ရှောက်၍သခင် ယေရှုဖော်ပြတော်မူသော သမ္မာတရားတော် ကိုသစ္စာရှိစွာထိန်းသိမ်းသူများအားတိုက် ခိုက်ရန်ထွက်ခွာသွား၏။
ဗျာဒိတ် 12:9-17 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ထိုအခါ တစ်ကမ္ဘာလုံးကိုလှည့်ဖြား၍ မာရ်နတ်ဟူ၍လည်းကောင်း၊ စာတန်ဟူ၍လည်းကောင်း အခေါ်ခံရသည့် ရှေးမြွေဟောင်းတည်းဟူသောနဂါးကြီးသည် မြေကြီးပေါ်သို့ပစ်ချခြင်းခံရလေ၏။ သူနှင့်အတူ သူ၏စေတမန်တို့သည်လည်း ပစ်ချခြင်းခံရကြ၏။ ထို့နောက် ကောင်းကင်မှကျယ်လောင်သောအသံက “ငါတို့ဘုရားသခင်၏ကယ်တင်ခြင်း၊ တန်ခိုးတော်၊ နိုင်ငံတော်နှင့် ကိုယ်တော်၏ခရစ်တော်၌ရှိသောအာဏာစက်တို့သည် ယခုပေါ်ထွန်းလေပြီ။ အကြောင်းမူကား ငါတို့၏ညီအစ်ကိုများကိုစွပ်စွဲသောသူတည်းဟူသော ငါတို့ဘုရားသခင်၏ရှေ့တော်၌ နေ့ရောညပါ သူတို့ကိုစွပ်စွဲသောသူသည် ပစ်ချခြင်းခံရလေပြီ။ ညီအစ်ကိုများသည် သိုးသငယ်တော်၏သွေးတော်အားဖြင့်လည်းကောင်း၊ မိမိတို့သက်သေခံသောနှုတ်ကပတ်တော်အားဖြင့်လည်းကောင်း၊ သူ့ကိုအောင်နိုင်ခဲ့ကြ၏။ သူတို့သည် အသေခံရသည့်တိုင်အောင် မိမိတို့အသက်ကိုနှမြောခြင်းမရှိကြ။ သို့ဖြစ်၍ ကောင်းကင်နှင့် ကောင်းကင်၌စံမြန်းသောသူတို့၊ ပျော်ရွှင်ကြလော့။ မြေကြီးနှင့်ပင်လယ်တို့သည် အမင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် မာရ်နတ်သည် သူ၏အချိန်အနည်းငယ်သာရှိကြောင်းကိုသိလျက် ပြင်းစွာသောဒေါသဖြင့် သင်တို့ထံသို့ဆင်းလာပြီ”ဟု ဆိုသည်ကို ငါကြားရ၏။ နဂါးသည် မြေကြီးပေါ်သို့ ပစ်ချခြင်းခံရသည်ကို သိမြင်သောအခါ သားယောက်ျားကိုဖွားမြင်သောအမျိုးသမီးအား လိုက်လံညှဉ်းဆဲလေ၏။ သို့သော် ထိုအမျိုးသမီးသည် တောကန္တာရထဲရှိ မိမိ၏နေရာအရပ်သို့ ပျံသန်းသွားနိုင်ရန် ကြီးမားသောလင်းယုန်၏အတောင်နှစ်ခုကိုရရှိ၏။ သူသည် ထိုအရပ်တွင် မြွေ၏ရှေ့မှောက်မှလွတ်၍ တစ်ကာလ၊ နှစ်ကာလနှင့် ကာလတစ်ဝက်အတွင်း ပြုစုစောင့်ရှောက်ခြင်းကိုခံရ၏။ မြွေသည် ထိုအမျိုးသမီးကို ရေ၌မျောပါသွားစေရန် သူ၏နောက်တွင် ရေကို မြစ်သဖွယ် မိမိခံတွင်းထဲမှ မှုတ်ထုတ်လိုက်၏။ သို့သော် မြေကြီးသည် ထိုအမျိုးသမီးကိုကူညီလေ၏။ မြေကြီးသည် မိမိခံတွင်းကိုဖွင့်၍ နဂါး၏ခံတွင်းမှ မှုတ်ထုတ်လိုက်သောမြစ်ရေကို မျိုချလိုက်၏။ ထိုအခါ နဂါးသည် ထိုအမျိုးသမီးအပေါ်အမျက်ထွက်၍ ဘုရားသခင်၏ပညတ်တော်တို့ကို စောင့်ထိန်းသောသူများနှင့် ယေရှုနှင့်ဆိုင်သည့်သက်သေခံချက်ကိုရရှိထားသောသူများဖြစ်ကြသည့် ထိုအမျိုးသမီး၏အမျိုးအနွယ်ထဲမှ ကျန်ရှိသောသူတို့နှင့်စစ်တိုက်ရန် ထွက်သွားပြီး