ထိုအခါ ငါမြင်၍ မြေနှင့်ပင်လယ်ပေါ်မှာ ရပ်နေသော ကောင်းကင်တမန်သည်၊ လက်ယာလက်ကို ကောင်းကင်သို့ချီပြီးလျှင်၊- ဘုရားသခင်၏ ကျွန်တော်မျိုးပရောဖက်တို့အား ဝမ်းမြောက်စရာသတင်းကို ဗျာဒိတ်ထားတော်မူသည်နှင့် စပ်ဆိုင်သော ဘုရားသခင်၏ နက်နဲသောအရာသည်၊ ကာလမနှေးဘဲ သတ္တမကောင်းကင်တမန် တံပိုးမှုတ်ခြင်း အသံမြည်သော နေ့ရက်ကာလ၌ ပြည့်စုံခြင်းသို့ ရောက်မည်ဟု ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာကိုလည်းကောင်း၊ အရပ်ရပ်၌ ရှိရှိသမျှတို့ကိုလည်းကောင်း၊ ဖန်ဆင်း၍ ကမ္ဘာအဆက်ဆက် အသက်ရှင်တော်မူသော သူကို တိုင်တည်၍ ကျိန်ဆိုခြင်းကို ပြုလေ၏။ ငါကြားရသော ကောင်းကင်အသံသည် တစ်ဖန် ငါ့အားပြောသည်ကား၊ မြေနှင့်ပင်လယ်ပေါ်မှာ ရပ်နေသော ကောင်းကင်တမန်၏ လက်၌ ဖွင့်ထားလျက်ရှိသော စာစောင်ငယ်ကို သွား၍ ယူလော့ဟုဆိုလျှင်၊- ငါသည် ကောင်းကင်တမန်ထံသို့သွား၍ စာစောင်ငယ်ကို ပေးပါဟု တောင်း၏။ သူကလည်း ယူ၍စားလော့။ ဝမ်းကို ခါးစေလိမ့်မည်။ သို့သော်လည်း ပါးစပ်၌ ပျားရည်ကဲ့သို့ ချိုလိမ့်မည်ဟုဆိုလျှင်၊ ငါသည် စာစောင်ကို ကောင်းကင်တမန်၏လက်မှ ယူ၍စား၏။ ပါးစပ်၌ ပျားရည်ကဲ့သို့ချို၏။ စားပြီးမှ ဝမ်း၌ခါး၏။- ကောင်းကင်တမန်ကလည်း၊ သင်သည် အသီးအသီး ဘာသာစကားကို ပြောသော လူအမျိုးမျိုးတို့၌လည်းကောင်း၊ ရှင်ဘုရင်တို့၌လည်းကောင်း၊ တစ်ဖန် ပရောဖက်ပြု၍ ဟောပြောရမည်ဟု ဆိုလေ၏။
ဗျာဒိတ် 10 ကိုဖတ်ပါ။
နားထောင်ပါ။ ဗျာဒိတ် 10
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဗျာဒိတ် 10:5-11
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ