YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဗျာဒိတ် 10:5-11

ဗျာဒိတ် 10:5-11 JBMLE

ထို​အ​ခါ ငါ​မြင်၍ မြေ​နှင့်​ပင်​လယ်​ပေါ်​မှာ ရပ်​နေ​သော ကောင်း​ကင်​တ​မန်​သည်၊ လက်​ယာ​လက်​ကို ကောင်း​ကင်​သို့​ချီ​ပြီး​လျှင်၊- ဘု​ရား​သ​ခင်၏ ကျွန်​တော်​မျိုး​ပ​ရော​ဖက်​တို့​အား ဝမ်း​မြောက်​စ​ရာ​သ​တင်း​ကို ဗျာ​ဒိတ်​ထား​တော်​မူ​သည်​နှင့် စပ်​ဆိုင်​သော ဘု​ရား​သ​ခင်၏ နက်​နဲ​သော​အ​ရာ​သည်၊ ကာ​လ​မ​နှေး​ဘဲ သ​တ္တ​မ​ကောင်း​ကင်​တ​မန် တံ​ပိုး​မှုတ်​ခြင်း အ​သံ​မြည်​သော နေ့​ရက်​ကာ​လ၌ ပြည့်​စုံ​ခြင်း​သို့ ရောက်​မည်​ဟု ကောင်း​ကင်၊ မြေ​ကြီး၊ သ​မု​ဒ္ဒ​ရာ​ကို​လည်း​ကောင်း၊ အ​ရပ်​ရပ်၌ ရှိ​ရှိ​သ​မျှ​တို့​ကို​လည်း​ကောင်း၊ ဖန်​ဆင်း၍ က​မ္ဘာ​အ​ဆက်​ဆက် အ​သက်​ရှင်​တော်​မူ​သော သူ​ကို တိုင်​တည်၍ ကျိန်​ဆို​ခြင်း​ကို ပြု​လေ၏။ ငါ​ကြား​ရ​သော ကောင်း​ကင်​အ​သံ​သည် တစ်​ဖန် ငါ့​အား​ပြော​သည်​ကား၊ မြေ​နှင့်​ပင်​လယ်​ပေါ်​မှာ ရပ်​နေ​သော ကောင်း​ကင်​တ​မန်၏ လက်၌ ဖွင့်​ထား​လျက်​ရှိ​သော စာ​စောင်​ငယ်​ကို သွား၍ ယူ​လော့​ဟု​ဆို​လျှင်၊- ငါ​သည် ကောင်း​ကင်​တ​မန်​ထံ​သို့​သွား၍ စာ​စောင်​ငယ်​ကို ပေး​ပါ​ဟု တောင်း၏။ သူ​က​လည်း ယူ၍​စား​လော့။ ဝမ်း​ကို ခါး​စေ​လိမ့်​မည်။ သို့​သော်​လည်း ပါး​စပ်၌ ပျား​ရည်​ကဲ့​သို့ ချို​လိမ့်​မည်​ဟု​ဆို​လျှင်၊ ငါသည် စာ​စောင်​ကို ကောင်း​ကင်​တ​မန်၏​လက်​မှ ယူ၍​စား၏။ ပါး​စပ်၌ ပျား​ရည်​ကဲ့​သို့​ချို၏။ စား​ပြီး​မှ ဝမ်း၌​ခါး၏။- ကောင်း​ကင်​တ​မန်​က​လည်း၊ သင်​သည် အ​သီး​အ​သီး ဘာ​သာ​စ​ကား​ကို ပြော​သော လူ​အ​မျိုး​မျိုး​တို့၌​လည်း​ကောင်း၊ ရှင်​ဘု​ရင်​တို့၌​လည်း​ကောင်း၊ တစ်​ဖန် ပ​ရော​ဖက်​ပြု၍ ဟော​ပြော​ရ​မည်​ဟု ဆို​လေ၏။