YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဗျာဒိတ် 1:1-3

ဗျာဒိတ် 1:1-3 JBMLE

ကာ​လ​မ​ကြာ​မ​မြင့်​မီ ဖြစ်​ရ​မည်​အ​မှု​အ​ရာ​များ​ကို ယေ​ရှု​ခ​ရစ်​သည် မိ​မိ​အ​စေ​ခံ​ကျွန်​တို့​အား ပြ​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင် အပ်​ပေး​တော်​မူ​သော ထို​သ​ခင်၏ ဗျာ​ဒိတ်​တော်​ကို ဆို​ပေ​အံ့။ ထို​သ​ခင်​သည် မိ​မိ​ကောင်း​ကင်​တ​မန်​ကို စေ​လွှတ်၍၊ မိ​မိ​အ​စေ​ခံ​ကျွန်​ယော​ဟန်​အား ဗျာ​ဒိတ်​တော်​အ​ရိပ်​ကို ပြ​တော်​မူ၏။- ယော​ဟန်​သည်​လည်း ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တော်​နှင့် ယေ​ရှု​ခ​ရစ်၏ သက်​သေ​ခံ​တော်​မူ​ချက်​ကို မြင်​သ​မျှ​အ​တိုင်း သက်​သေ​ခံ၏။- ကာ​လ​အ​ချိန် ရောက်​လု​နီး​ပြီ​ဖြစ်၍၊ ဤ​အ​နာ​ဂ​တ္တိ​ကျမ်း​စ​ကား​ကို ကြည့်​ရှု​ဖတ်​ရွတ် နား​ထောင်၍၊ ရေး​ထား​သ​မျှ​တို့​ကို စောင့်​ရှောက်​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။