YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဗျာဒိတ် 1:1-3

ဗျာဒိတ် 1:1-3 Judson Bible (JBMLE)

ကာ​လ​မ​ကြာ​မ​မြင့်​မီ ဖြစ်​ရ​မည်​အ​မှု​အ​ရာ​များ​ကို ယေ​ရှု​ခ​ရစ်​သည် မိ​မိ​အ​စေ​ခံ​ကျွန်​တို့​အား ပြ​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင် အပ်​ပေး​တော်​မူ​သော ထို​သ​ခင်၏ ဗျာ​ဒိတ်​တော်​ကို ဆို​ပေ​အံ့။ ထို​သ​ခင်​သည် မိ​မိ​ကောင်း​ကင်​တ​မန်​ကို စေ​လွှတ်၍၊ မိ​မိ​အ​စေ​ခံ​ကျွန်​ယော​ဟန်​အား ဗျာ​ဒိတ်​တော်​အ​ရိပ်​ကို ပြ​တော်​မူ၏။- ယော​ဟန်​သည်​လည်း ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တော်​နှင့် ယေ​ရှု​ခ​ရစ်၏ သက်​သေ​ခံ​တော်​မူ​ချက်​ကို မြင်​သ​မျှ​အ​တိုင်း သက်​သေ​ခံ၏။- ကာ​လ​အ​ချိန် ရောက်​လု​နီး​ပြီ​ဖြစ်၍၊ ဤ​အ​နာ​ဂ​တ္တိ​ကျမ်း​စ​ကား​ကို ကြည့်​ရှု​ဖတ်​ရွတ် နား​ထောင်၍၊ ရေး​ထား​သ​မျှ​တို့​ကို စောင့်​ရှောက်​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။

ဗျာဒိတ် 1:1-3 Common Language Bible (BCL)

ဤ​ကျမ်း​စောင်​တွင်​ယေ​ရှု​ခ​ရစ်​ပေး​တော်​မူ သော ဗျာ​ဒိတ်​တော်​အ​ကြောင်း​ကို​မှတ်​တမ်း တင်​ထား​၏။ ဘု​ရား​သ​ခင်​သည်​ခ​ရစ်​တော် အား​ဤ​ဗျာ​ဒိတ်​တော်​ကို​ပေး​ရ​ခြင်း​မှာ များ မ​ကြာ​မီ​ဖြစ်​ပျက်​ရ​မည့်​အ​မှု​အ​ရာ​များ ကို မိ​မိ​၏​အ​စေ​ခံ​တို့​အား​သိ​စေ​ရန်​ဖြစ် ပေ​သည်။ ခ​ရစ်​တော်​သည်​မိ​မိ​၏​အ​စေ​ခံ ယော​ဟန်​ထံ​သို့​ကောင်း​ကင်​တ​မန်​ကို​စေ လွှတ်​၍ ဤ​ဗျာ​ဒိတ်​တော်​ကို​ပြန်​ကြား​စေ တော်​မူ​၏။- ယော​ဟန်​သည်​ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ် တော်​နှင့် ယေ​ရှု​ခ​ရစ်​ဖော်​ပြ​တော်​မူ​သည့် သမ္မာ​တ​ရား​ကို မိ​မိ​တွေ့​မြင်​ကြား​သိ​ရ​သည် အ​တိုင်း​ဤ​စာ​စောင်​တွင်​ရေး​သား​ထား​ပေ သည်။- ဖော်​ပြ​ပါ​အ​မှု​အ​ရာ​များ​ဖြစ်​ပျက်​မည့် အ​ချိန်​နီး​ကပ်​လျက်​ရှိ​ပြီ​ဖြစ်​ရာ ဤ​ဗျာ​ဒိတ် ကျမ်း​ကို​ဖတ်​ရှု​သူ​များ​နှင့်​အ​ဆို​ပါ​အ​နာ ဂတ်​ကျမ်း​တွင် ရေး​သား​ပါ​ရှိ​သည့်​တ​ရား စ​ကား​များ​ကို​နာ​ယူ​ကျင့်​သုံး​သူ​တို့​သည် မင်္ဂလာ​ရှိ​ကြ​၏။

ဗျာဒိတ် 1:1-3 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ဤသည်ကား ယေရှု​ခရစ်တော်​၏​ဗျာဒိတ်​တော်​ဖြစ်​၏။ ဤ​ဗျာဒိတ်​တော်​သည် မကြာမီ​အတွင်း​ဖြစ်ပျက်​ရ​မည့်​အရာ​များ​ကို မိမိ​၏​အစေအပါး​တို့​အား​ပြသ​ရန် ခရစ်တော်​၌ ဘုရားသခင်​ပေးအပ်​တော်မူ​သော​အရာ​ဖြစ်​၏။ ခရစ်တော်​သည် မိမိ​၏​ကောင်းကင်​တမန်​ကို​စေလွှတ်​၍ မိမိ​အစေအပါး​ယောဟန်​အား ဤ​ဗျာဒိတ်​တော်​အရိပ်အယောင်​ကို ဖော်ပြ​တော်မူ​၏။ ယောဟန်​သည်​လည်း သူ​တွေ့မြင်​သမျှ​သော ဘုရားသခင်​၏​နှုတ်ကပတ်တော်​နှင့် ယေရှု​ခရစ်တော်​နှင့်​ဆိုင်သည့် သက်သေခံ​ချက်​တို့​ကို သက်သေခံ​လေ​၏။ အချိန်​နီးကပ်​ပြီ​ဖြစ်၍ ဤ​ပရောဖက်ပြု​ဟောပြော​သော​စကား​ကို ဖတ်ကြား​သော​သူ​နှင့် ဤ​စကား​ကို​ကြားနာ​၍ ၎င်း​တွင်​ရေး​ထား​သော​အရာ​များ​ကို လိုက်နာ​စောင့်ထိန်း​သော​သူ​တို့​သည် မင်္ဂလာရှိ​ကြ​၏။