YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 98:4-9

ဆာလံ 98:4-9 JBMLE

မြေ​ကြီး​သား​အ​ပေါင်း​တို့၊ ထာ​ဝ​ရ​ဘု​ရား​အား ကြွေး​ကြော်​ကြ​လော့။ အ​သံ​ဗ​လံ​ကို​ပြု၍ ရွှင်​လန်း​စွာ သီ​ချင်း​ဆို​လျက် ချီး​မွမ်း​ကြ​လော့။ စောင်း​တီး၍ ထာ​ဝ​ရ​ဘု​ရား​အား သီ​ချင်း​ဆို​ကြ​လော့။ စောင်း​တီး၍ တူ​ရိ​ယာ​သံ​ကို ပြု​ကြ​လော့။ တံ​ပိုး​နှဲ​ခ​ရာ​ကို​မှုတ်၍၊ ရှင်​ဘု​ရင်​တည်း​ဟူ​သော ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ကြွေး​ကြော်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌၊ ပင်​လယ်​နှင့် ပင်​လယ်​တန်​ဆာ​သည် အ​သံ​ဗ​လံ​ကို ပြု​စေ။ လော​က​ဓာတ်​နှင့် လော​က​သား​တို့​သည် ထို​နည်း​တူ၊ မြစ်​တို့​သည် လက်​ခုပ်​တီး၍၊ တောင်​ရှိ​သ​မျှ​တို့​သည်​လည်း ရွှင်​လန်း​ကြ​စေ။ အ​ကြောင်း​မူ​ကား၊ မြေ​ကြီး​သား​တို့​ကို တ​ရား​စီ​ရင်​ခြင်း​ငှာ ကြွ​လာ​တော်​မူ၏။ လော​က​သား​တို့​ကို ဖြောင့်​မတ်​စွာ​စီ​ရင်၍၊ လူ​များ​ကို ဟုတ်​မှန်​ခြင်း​တ​ရား​အ​တိုင်း စီ​ရင်​ဆုံး​ဖြတ်​တော်​မူ​လ​တ္တံ့။