YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 92

92
ထော​မ​နာ​သီ​ချင်း
ဥ​ပုသ်​နေ့​အ​ဖို့ ဆာ​လံ​သီ​ချင်း။
1ထာ​ဝ​ရ​ဘု​ရား၏​ကျေး​ဇူး​တော်​ကို ချီး​မွမ်း၍၊ 2အ​မြင့်​ဆုံး​သော​ဘု​ရား၏​နာ​မ​တော်​ကို ထော​မ​နာ​သီ​ချင်း​ဆို​ခြင်း​ငှာ​လည်း​ကောင်း၊ 3စောင်း​နှင့်​တ​ကွ ကြိုး​ဆယ်​ပင်​ရှိ​သော တူ​ရိ​ယာ၊ တ​ယော၊ မိ​ကျောင်း​တို့​ကို​တီး၍၊ က​ရု​ဏာ​တော်​နှင့် သ​စ္စာ​တော်​ကို နံ​နက်​အ​ချိန်၊ ည​အ​ချိန် အ​စဉ်​အ​တိုင်း​ပြ​ခြင်း​ငှာ​လည်း​ကောင်း လျောက်​ပတ်​ပေ၏။ 4အို ထာ​ဝ​ရ​ဘု​ရား၊ အ​မှု​တော်​များ​အား​ဖြင့် အ​ကျွန်ုပ်​ကို ဝမ်း​မြောက်​စေ​တော်​မူ​သည်​ဖြစ်၍၊ လက်​တော်​နှင့် ပြု​ပြင်​တော်​မူ​သ​မျှ​တို့​ကြောင့် ရွှင်​လန်း​စွာ သီ​ချင်း​ဆို​ပါ​မည်။ 5အို ထာ​ဝ​ရ​ဘု​ရား၊ စီ​ရင်​တော်​မူ​သော​အ​မှု​တို့​သည် ကြီး​မား၍၊ အ​ကြံ​အ​စည်​တော်​လည်း အ​လွန်​နက်​လှ​ပါ၏။ 6တိ​ရ​စ္ဆာန်​သ​ဘော​ရှိ​သော​သူ​မ​သိ၊ မိုက်​သော​သူ နား​မ​လည်​သော​အ​မှု​အ​ရာ​ဟူ​မူ​ကား၊ 7မ​တ​ရား​သော သူ​တို့​သည် မြက်​ပင်​ကဲ့​သို့​ပေါက်၍၊ အ​ဓ​မ္မ​အ​မှု​ကို ပြု​သော​သူ​တို့​သည် ပွင့်​လန်း​ကြ​သော​အ​ခါ၊ ထာ​ဝ​ရ​ပျက်​စီး​ခြင်း​သို့​ရောက်​ရ​သော အ​ကြောင်း​ပေ​တည်း။ 8ကိုယ်​တော်​မူ​ကား၊ အ​စဉ်​အ​မြဲ ကြီး​မြင့်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ၏။ 9အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်၏​ရန်​သူ​တို့​သည် ပျက်​စီး​ခြင်း​သို့ ရောက်၍၊ အ​ဓ​မ္မ​အ​မှု​ကို​ပြု​သော​သူ အ​ပေါင်း​တို့​သည် အ​ရပ်​ရပ်​ကွဲ​ပြား​ကြ​လိမ့်​မည်။ 10အ​ကျွန်ုပ်၏​ချို​ကို​ကား၊ ကြံ့​ချို​ကဲ့​သို့ ချီး​မြှောက်၍၊ အ​ကျွန်ုပ်​ကို အ​သစ်​သော​ဆီ​နှင့် လိမ်း​တော်​မူ​လိမ့်​မည်။ 11အ​ကျွန်ုပ်၏​ရန်​သူ​တို့​ကို အ​ကျွန်ုပ်​မျက်​စိ​မြင်​လျက်၊ ရန်​ဘက်​ပြု​သော လူ​ဆိုး​တို့​အ​ကြောင်း​ကို နား​ကြား​လျက်၊ အ​ကျွန်ုပ်​သည် အား​ရ​ပါ​လိမ့်​မည်။
12ဖြောင့်​မတ်​သော​သူ​သည် စွန်​ပ​လွံ​ပင်​ကဲ့​သို့​ပွင့်​လန်း၍ လေ​ဗ​နုန်​တောင်​ပေါ်​မှာ အာ​ရဇ်​ပင်​ကဲ့​သို့ ကြီး​ပွား​လိမ့်​မည်။ 13ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်၌ စိုက်​ပျိုး​သော​သူ​တို့​သည် ငါ​တို့​ဘု​ရား​သ​ခင်၏ တံ​တိုင်း​တော်​တွင် ပွင့်​လန်း​ကြ​လိမ့်​မည်။ 14အ​သက်​ကြီး​သော​ကာ​လ​တွင်​ပင်၊ အ​သီး​ကို​သီး၍ ကြွယ်​ဝ​စိမ်း​လန်း​ကြ​လိမ့်​မည်။ 15ထို​သို့​သော​အား​ဖြင့် ငါ၏​ကျောက်၊ ထာ​ဝ​ရ​ဘု​ရား​သည် ဖြောင့်​မတ်​တော်​မူ၍၊ မ​တ​ရား​သော​အ​မှု​နှင့် ကင်း​လွတ်​တော်​မူ​သည်​ဟု ထင်​ရှား​လိမ့်​သ​တည်း။

လက်ရှိရွေးချယ်ထားမှု

ဆာလံ 92: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။