YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 9:1-6

ဆာလံ 9:1-6 JBMLE

အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ ကိုယ်​တော်​ကို ချီး​မွမ်း​ပါ​မည်။ အံ့​ဖွယ်​သော​အ​မှု​တော်​ရှိ​သ​မျှ​တို့​ကို ပြ​ညွှန်​ပါ​မည်။ ကိုယ်​တော်​ကို အ​မှီ​ပြု၍ ဝမ်း​သာ​ရွှင်​လန်း​ပါ​မည်။ နာ​မ​တော်​ကို ထော​မ​နာ​သီ​ချင်း​ဆို​ပါ​မည်။ အ​မြင့်​ဆုံး​သော​ဘု​ရား။ အ​ကြောင်း​မူ​ကား၊ အ​ကျွန်ုပ်၏​ရန်​သူ​တို့​သည် ပြန်​ဆုတ်၍ လဲ​ကြ​ပါ၏။ ရှေ့​တော်၌ ပျက်​စီး​ကြ​ပါ၏။ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ဘက်​မှာ တ​ရား​ဆုံး​ဖြတ်​တော်​မူ​ပြီ။ ပ​လ္လင်​တော်​ပေါ်​မှာ​ထိုင်၍ ဖြောင့်​မတ်​စွာ စီ​ရင်​တော်​မူ​ပြီ။ တစ်​ပါး​အ​မျိုး​သား​တို့​ကို ဆုံး​မ​တော်​မူ​ပြီ။ ဆိုး​သော​သူ​တို့​ကို​ဖျက်​ဆီး၍ သူ​တို့​နာ​မ​ကို ကာ​လ​အ​စဉ်​အ​ဆက် ချေ​ဖျောက်​တော်​မူ​ပြီ။ ရန်​သူ​တို့​သည် အ​ကုန်​အ​စင် ပျက်​စီး​ခြင်း​သို့ ရောက်​ကြ​ပါ​ပြီ။ မြို့​တို့​ကို ဖြို​ဖျက်​တော်​မူ၍၊ သူ​တို့​အ​မှတ်​မျှ​မ​ရှိ ပျောက်​ပါ​ပြီ။