YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 85

85
နိုင်​ငံ​၏​အ​ကျိုး​စီး​ပွား​အ​တွက်​ဆု​တောင်း
1အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် ပြည်​တော်​ကို စိတ်​နှင့်​တွေ့​တော်​မူ၍၊ ဖမ်း​ဆီး​သိမ်း​သွား​ခြင်း​ကို ခံ​ရ​သော ယာ​ကုပ်​အ​မျိုး​သား​တို့​ကို ပြန်​ပို့​စေ​တော်​မူ​ပြီ။ 2ကိုယ်​တော်၏​လူ​တို့​အ​ပြစ်​ကို​လွှတ်၍၊ သူ​တို့၏​ဒု​စ​ရိုက်​အ​ပေါင်း​ကို​လည်း ဖုံး​အုပ်​တော်​မူ​ပြီ။ 3စိတ်​တော်​ရှင်း​ရှင်း​ပြေ၍၊ အ​မျက်​တော်​အ​ရှိန်​ကို လျော့​စေ​တော်​မူ​ပြီ။ 4အ​ကျွန်ုပ်​တို့​ကို ကယ်​တင်​တော်​မူ​သော​ဘု​ရား၊ တစ်​ဖန် အ​ကျွန်ုပ်​တို့​ကို​ပြောင်း​လဲ​စေ၍၊ ထွက်​ဖူး​သော​အ​မျက်​တော်​ကို ငြိမ်း​စေ​တော်​မူ​ပါ။ 5အ​ကျွန်ုပ်​တို့၌ အ​စဉ်​အ​မျက်​ထွက်​တော်​မူ​မည်​လော။ ကာ​လ​အ​စဉ်​အ​ဆက် စိတ်​တော်​မ​ပြေ​ဘဲ နေ​တော်​မူ​မည်​လော။ 6ကိုယ်​တော်၏​လူ​တို့​သည် ကိုယ်​တော်​ကို အ​မှီ​ပြု၍ ဝမ်း​မြောက်​ပါ​မည်​အ​ကြောင်း၊ တစ်​ဖန်​အ​ကျွန်ုပ်​တို့​ကို အ​သက်​ရှင်​စေ​တော်​မူ​မည် မ​ဟုတ်​လော။ 7အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​တို့​အား​က​ရု​ဏာ​တော်​ကို​ပြ၍၊ ကယ်​တင်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို ပြု​တော်​မူ​ပါ။
8ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင်​သည် အ​ဘယ်​သို့​မိန့်​တော်​မူ​မည်​ကို ငါ​နား​ထောင်​မည်။ အ​ကယ်​စင်​စစ် မိ​မိ​လူ၊ မိ​မိ​သန့်​ရှင်း​သူ​တို့​အား ငြိမ်​သက်​ခြင်း​အ​ကြောင်း​ကို မိန့်​တော်​မူ​လိမ့်​မည်။ သို့​ရာ​တွင်၊ နောက်​တစ်​ဖန် မိုက်​သော​အ​ကျင့်​ကို မ​ကျင့်​ကြ​ပါ​စေ​နှင့်။ 9ငါ​တို့​ပြည်၌ ဘုန်း​တော်​ကျိန်း​ဝပ်​မည်​အ​ကြောင်း၊ ကယ်​တင်​တော်​မူ​ခြင်း​ကျေး​ဇူး​သည်၊ ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​သော​သူ​တို့၏​အ​နီး​သို့ ဧ​ကန်​အ​မှန် ရောက်​လေ​ပြီ။ 10က​ရု​ဏာ​နှင့်​သ​စ္စာ ဆုံ​မိ​ပြီ။ တ​ရား​နှင့် ချမ်း​သာ​သည် တစ်​ပါး​ကို​တစ်​ပါး နမ်း​ကြ​ပြီ။ 11သ​စ္စာ​သည် မြေ​ကြီး​ထဲ​က ပေါက်​လိမ့်​မည်။ တ​ရား​သည်​လည်း ကောင်း​ကင်​ပေါ်​က ငုံ့​ကြည့်​လိမ့်​မည်။ 12အ​ကယ်​စင်​စစ် ထာ​ဝ​ရ​ဘု​ရား​သည် ကျေး​ဇူး​ပြု​တော်​မူ၍၊ ငါ​တို့​မြေ​သည် မိ​မိ​ဘ​ဏ္ဍာ​ကို ပေး​လိမ့်​မည်။ 13တ​ရား​သည်​ရှေ့​တော်၌​သွား၍ ခြေ​တော်​ရာ​တို့​ကို ပဲ့​ပြင်​လိမ့်​မည်။

လက်ရှိရွေးချယ်ထားမှု

ဆာလံ 85: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ