YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 82

82
တ​ရား​မျှ​တ​မှု​အ​တွက်​ဆု​တောင်း
1ဘု​ရား​သ​ခင်​သည် ဘု​ရား​တို့၏​ပ​ရိ​သတ်၌ ရပ်​လျက်​နေ​တော်​မူ၍၊ ဘု​ရား​တို့​အ​လယ်၌ စီ​ရင်​တော်​မူ၏။
2သင်​တို့​သည် မ​တ​ရား​သော​သူ​တို့၏​မျက်​နှာ​ကို​ထောက်၍၊ အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး မ​တ​ရား​သ​ဖြင့် စီ​ရင်​ကြ​မည်​နည်း။ 3ဆင်း​ရဲ​သော​သူ​နှင့် မိ​ဘ​မ​ရှိ​သော​သူ​တို့​ကို စောင့်​မ​ကြ​လော့။ ငြို​ငြင်​သော​သူ​နှင့် ငတ်​မွတ်​သော​သူ​တို့​ဘက်၌ တ​ရား​စီ​ရင်​ကြ​လော့။ 4ဆင်း​ရဲ​သော​သူ​နှင့် ငတ်​မွတ်​သော​သူ​တို့​ကို မ​တ​ရား​သော​သူ၏​လက်​မှ ကယ်​နုတ်​ကြ​လော့။ 5သူ​တို့​သည် မ​သိ၊ နား​မ​လည်​ကြ။ မှောင်​မိုက်၌ ကျင်​လည်​ကြ၏။ မြေ​ကြီး​တိုက်​မြစ်​အ​ပေါင်း​တို့​သည် လှုပ်​ရှား​လျက်​ရှိ​ကြ၏။ 6သင်​တို့​သည် ဘု​ရား​ဖြစ်​ကြ၏။ ရှိ​သ​မျှ​တို့​သည် အ​မြင့်​ဆုံး​သော​ဘု​ရား၏​သား​ဖြစ်​ကြ၏ ဟု​ငါ​ဆို​သ​တည်း။#ယော၊ ၁၀:၃၄။ 7သို့​သော်​လည်း၊ သင်​တို့​သည် လူ​ကဲ့​သို့​သေ၍၊ အ​ခြား​သော​မင်း​ကဲ့​သို့ ဆုံး​ရှုံး​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။
8အို​ဘု​ရား​သ​ခင်၊ ထ၍ မြေ​ကြီး​ကို တ​ရား​စီ​ရင်​တော်​မူ​ပါ။ ကိုယ်​တော်​သည် လူ​မျိုး​အ​ပေါင်း​တို့​ကို အ​ပိုင်​ရ​တော်​မူ၏။

လက်ရှိရွေးချယ်ထားမှု

ဆာလံ 82: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ