YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 77:9-13

ဆာလံ 77:9-13 JBMLE

ဘု​ရား​သ​ခင်​သည် သ​နား​ခြင်း​ငှာ မေ့​လျော့​တော်​မူ​သ​လော။ အ​မျက်​ထွက်​သ​ဖြင့် စုံ​စမ်း​ခြင်း​က​ရု​ဏာ​တော်​ကို ချုပ်​တည်း​တော်​မူ​သ​လော။ ထို​သို့​ဆို​သော် ငါ​သည် ကိုယ်​မိုက်​ကြောင်း​ကို ဝန်​ခံ​ရ၏။ ဤ​အ​မှု​ကား၊ အ​မြင့်​ဆုံး​သော​ဘု​ရား၏ လက်​ယာ​လက်​တော်​နှင့် ပြု​ပြင်​တော်​မူ​ခြင်း​ပေ​တည်း။ ထာ​ဝ​ရ​ဘု​ရား၏​အ​မှု​တော်​တို့​ကို အောက်​မေ့​ပါ​မည်။ ရှေး​ကာ​လ၌ ကိုယ်​တော်​ပြု​ဖူး​သော အံ့​ဩ​ဖွယ်​တို့​ကို အောက်​မေ့​ပါ​မည်။ ပြု​တော်​မူ​သ​မျှ​တို့​ကို​ဆင်​ခြင်၍ စီ​ရင်​တော်​မူ​သော အ​ရာ​တို့​ကို မြွက်​ဆို​ပါ​မည်။ အို​ဘု​ရား​သ​ခင်၊ ကိုယ်​တော်၏​လမ်း​သည် သန့်​ရှင်း​ခြင်း​နှင့် ယှဉ်​ပါ၏။ ဘု​ရား​သ​ခင်​ကဲ့​သို့ အ​ဘယ်​မည်​သော ဘု​ရား​သည် ကြီး​မြတ်​သ​နည်း။