YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 73

73
အ​တွဲ ၃
(ဆာ​လံ၊ ၇၃-၈၉)
ဖိ​နှိပ်​မှု​အ​တွက်​တောင်း​လျှောက်​ခြင်း
1အ​ကယ်​စင်​စစ် ဘု​ရား​သ​ခင်​သည် နှ​လုံး​သန့်​ရှင်း​သော​သူ​တည်း​ဟူ​သော ဣ​သ​ရေ​လ​အ​မျိုး၌ ကျေး​ဇူး​ကြီး​တော်​မူ၏။ 2ငါ​မူ​ကား၊ ခြေ​ချော်​လု​လျက်၊ ခြေ​ရာ​လွဲ​လု​လျက် ရှိ​မိ​ပြီ။ 3အ​ကြောင်း​မူ​ကား၊ မ​တ​ရား​သော​သူ​တို့၏ စည်း​စိမ်​ကို​မြင်​သော​အ​ခါ၊ မိုက်​သော​သူ​တို့​ကို​ပင် ငါ​ငြူ​စူ​မိ​ပြီ။ 4ထို​သူ​တို့​သည် မ​သေ​မီ​တိုင်​အောင် နာ​ကြင်​ခြင်း​ဝေ​ဒ​နာ​မ​ရှိ။ ခိုင်​မာ​သော​အ​စွမ်း​သ​တ္တိ ရှိ​ကြ၏။ 5သူ​တို့​သည် လော​က​ဓံ​ဒု​က္ခ မ​ရှိ။ လူ​များ​ကဲ့​သို့ အ​နှောင့်​အ​ယှက်​ကို​မ​ခံ​ရ​ကြ။ 6ထို​ကြောင့် မာ​န​ကို လည်​ဆွဲ​တန်​ဆာ​ကဲ့​သို့​ဆင်၍၊ ညှဉ်း​ဆဲ​ခြင်း​အ​ဝတ်​ကို​လည်း ဝတ်​တတ်​ကြ၏။ 7ဆူ​ဝ​သော​ကြောင့် မျက်​နှာ​မော်​လျက်​ရှိ​ကြ၏။ စိတ်​နှ​လုံး​ကြံ​စည်​ခြင်း​အား​ဖြင့် လွန်​ကျူး​တတ်​ကြ၏။ 8ဆိုး​သော​ညှဉ်း​ဆဲ​ခြင်း​ကို​ပင် ပြက်​ရယ်​ပြု၍ ပြော​တတ်​ကြ၏။ ထောင်​လွှား​သော​စ​ကား​ကို​လည်း သုံး​တတ်​ကြ၏။ 9သူ​တို့​နှုတ်​သည် ကောင်း​ကင်​နှင့် ဆန့်​ကျင်​ဘက်​ပြု၍၊ လျှာ​သည်​လည်း မြေ​ကြီး​ကို လှည့်​လည်​တတ်၏။ 10ထို​ကြောင့် ဘု​ရား​သ​ခင်၏​လူ​တို့​သည် သူ​တို့​ထံ​သို့ ပြန်​သွား၍ များ​စွာ​သော​ရေ​ကို မျို​ရ​ကြ၏။ 11ဘု​ရား​သ​ခင်​သည် အ​ဘယ်​သို့​သိ​တော်​မူ​မည်​နည်း။ အ​မြင့်​ဆုံး​သော​ဘု​ရား၌ ဉာဏ်​ရှိ​ပါ​လိမ့်​မည်​လော​ဟု ဆို​တတ်​ကြ၏။ 12ထို​မ​တ​ရား​သော​သူ​တို့​သည် အ​စဉ်​ကောင်း​စား၍ ဥ​စ္စာ​ပွား​များ​ကြ၏။ 13အ​ကယ်​စင်​စစ် ငါ့​နှ​လုံး​ကို ငါ​သန့်​ရှင်း​စေ​သော်​လည်း အ​ကျိုး​မ​ရှိ။ အ​ပြစ်​ကင်း​ခြင်း​နှင့် ငါ့​လက်​ကို ဆေး​ကြော​သော်​လည်း အ​ကျိုး​မ​ရှိ။ 14နေ့​တိုင်း နှောင့်​ယှက်​ခြင်း​နှင့် နံ​နက်​တိုင်း​ဆုံး​မ​ခြင်း​ကို​ငါ​ခံ​ရ၏။
15ထို​သို့​သ​ဘော​ကျ​မည်​ဟု အ​ကျွန်ုပ်​ဆို​လျှင်၊ ကိုယ်​တော်၏​အ​မျိုး​သား​တို့​ကို ပြစ်​မှား​ရာ​သို့ ရောက်​ပါ​လိမ့်​မည်။ 16ထို​အ​မှု​ကို​နား​လည်​ရ​အောင် ဆင်​ခြင်​သော​အ​ခါ အ​လွန်​ခက်​သည်​ဟု ထင်​ပါ၏။ 17နောက်​မှ ဘု​ရား​သ​ခင်၏ သန့်​ရှင်း​ရာ​ဌာ​န​ထဲ​သို့​ဝင်၍၊ သူ​တို့၏​အ​ဆုံး​ကို နား​လည်​ရ​ပါ၏။ 18အ​ကယ်​စင်​စစ် ကိုယ်​တော်​သည် သူ​တို့​ကို ချော​သော​အ​ရပ်၌ ထား​တော်​မူ​ပြီ။ ဖျက်​ဆီး​ရာ​အ​ရပ်​သို့ ချ​တော်​မူ၏။ 19တစ်​ခ​ဏ​ချင်း​တွင် အ​ကျိုး​နည်း​ကြ​ပါ​ပြီ​တ​ကား။ ဘေး​ဥ​ပဒ်​များ​အား​ဖြင့် ရှင်း​ရှင်း​ပယ်​ပျောက်​လျက် ရှိ​ကြ​ပါ​ပြီ​တ​ကား။ 20အို​ထာ​ဝ​ရ​ဘု​ရား၊ လူ​သည် နိုး​သော​အ​ခါ အိပ်​မက်​ကို​မှတ်​သ​ကဲ့​သို့ သူ​တို့​ကို နှိုး​တော်​မူ​သော​အ​ခါ၊ သူ​တို့​အ​ကြံ​အ​စည်​ကို မ​ထီ​မဲ့​မြင်​ပြု​တော်​မူ​မည်။ 21ထို​သို့ အ​ကျွန်ုပ်​သည်​နှ​လုံး​နာ​လျက်၊ ကျောက်​ကပ်​မွှေ​နှောက်​လျက်​ရှိ၍၊ 22မိုက်​သော​သူ၊ ပ​ညာ​မဲ့​သော​သူ ဖြစ်​ပါ၏။ ရှေ့​တော်၌ တိ​ရ​စ္ဆာန်​ကဲ့​သို့ ဖြစ်​ပါ၏။ 23သို့​သော်​လည်း အ​ကျွန်ုပ်​သည် ကိုယ်​တော်​ထံ​မှာ​အ​စဉ်​ရှိ၍၊ အ​ကျွန်ုပ်၏​လက်​ယာ​လက်​ကို ဆွဲ​ကိုင်​တော်​မူ၏။ 24အ​ကျွန်ုပ်​ကို ဉာဏ်​ပေး၍ ပဲ့​ပြင်​တော်​မူ​မည်။ နောက်​တစ်​ဖန် ဘုန်း​အ​သ​ရေ၌ သိမ်း​ယူ​တော်​မူ​မည်။ 25ကိုယ်​တော်​မှ​တစ်​ပါး၊ ကောင်း​ကင်​ဘုံ​မှာ အ​ကျွန်ုပ်၌ အ​ဘယ်​သူ​ရှိ​ပါ​သ​နည်း။ ကိုယ်တော်ကိုအလိုရှိသည်နှင့်အမျှ မြေကြီးပေါ်မှာအကျွန်ုပ်သည် အဘယ်အလိုရှိပါသနည်း။ 26အ​ကျွန်ုပ်၏​အ​သား​နှင့် နှ​လုံး​သည်​ပျက်​ကြ​ပါ၏။ သို့​သော်​လည်း၊ ဘု​ရား​သ​ခင်​သည် အ​ကျွန်ုပ်​နှ​လုံး၏ အ​စွမ်း​သ​တ္တိ၊ အ​ကျွန်ုပ်​အ​စဉ်​အ​မြဲ ခံ​စား​ရာ​အ​ဖို့ ဖြစ်​တော်​မူ၏။ 27အ​ကယ်​စင်​စစ် ကိုယ်​တော်​နှင့် ဝေး​ဝေး​နေ​သော​သူ​တို့​သည် ပျက်​စီး​ခြင်း​သို့ ရောက်​ရ​ကြ​ပါ၏။ ကိုယ်​တော်​နှင့်​ကွာ၍ မှား​ယွင်း​သော​သူ​အ​ပေါင်း​တို့​ကို ပယ်​ရှင်း​တော်​မူ၏။ 28အ​ကျွန်ုပ်​မူ​ကား၊ ဘု​ရား​သ​ခင့်​ထံ​တော်​သို့ ချဉ်း​ကပ်၍ အ​ကျိုး​ရှိ​ပါ၏။ အ​မှု​တော်​ရှိ​သ​မျှ​တို့​ကို ကြား​ပြော​ခြင်း​အ​လို​ငှာ၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၌ ခို​လှုံ​လျက်​နေ​ပါ၏။

လက်ရှိရွေးချယ်ထားမှု

ဆာလံ 73: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ