YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 68:4-10

ဆာလံ 68:4-10 JBMLE

ဘု​ရား​သ​ခင်​အား သီ​ချင်း​ဆို​ကြ​လော့။ နာ​မ​တော်​ကို ထော​မ​နာ​သီ​ချင်း ဆို​ကြ​လော့။ သဲ​က​န္တာ​ရ​တစ်​လျောက်​စီး၍ ကြွ​တော်​မူ​သော​အ​ရှင်​ဖို့ လမ်း​ကို​ပြင်​ကြ​လော့။ ထို​အ​ရှင်၏​နာ​မ​တော်​ကား၊ ထာ​ဝ​ရ​ဘု​ရား​တည်း။ ရှေ့​တော်၌ ရွှင်​လန်း​ကြ​လော့။ ဘု​ရား​သ​ခင်​သည် သန့်​ရှင်း​သော ဘုံ​ဗိ​မာန်​တော်၌ စံ​ပယ်​လျက်၊ မိ​ဘ​မ​ရှိ​သော သူ​တို့၏​အ​ဘ​ဖြစ်၍၊ မု​ဆိုး​မ​တို့​ဘက်​မှာ တ​ရား​စီ​ရင်​တော်​မူ၏။ ဘု​ရား​သ​ခင်​သည် ပေါက်​ဖော်​မ​ရှိ​သော သူ​တို့​အား အိမ်​ထောင်​ချ​ခြင်း​အ​ခွင့်​ကို ပေး​တော်​မူ၍၊ ချုပ်​ထား​သော​သူ​တို့​ကို​လည်း ကြွယ်​ဝ​ခြင်း​ထဲ​သို့ သွင်း​တော်​မူ၏။ ငြင်း​ဆန်​သော​သူ​တို့​မူ​ကား၊ သွေ့​ခြောက်​သော အ​ရပ်၌ နေ​ရ​ကြ၏။ အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်၏​လူ​စု​ရှေ့​မှာ​ကြွ၍၊ တော၌​ချီ​တော်​မူ​သော​အ​ခါ၊ ဘု​ရား​သ​ခင်၏​မျက်​နှာ​တော်​ကြောင့်၊ မြေ​ကြီး​လှုပ်၍ မိုး​ကောင်း​ကင်​သည် ယို​စီး​လေ၏။ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​မျက်​နှာ​တော်​ကြောင့် သိ​နာ​တောင်​သည်​လည်း တုန်​လှုပ်၏။ အို​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည် မိုး​ကို​များ​စွာ​ရွာ​စေ၍၊ ပင်​ပန်း​သော အ​မွေ​တော်​လူ​တို့​ကို ထောက်​မ​တော်​မူ၏။ ကိုယ်​တော်၏ အ​လုံး​အ​ရင်း​သည် နေ​ရာ​ကျ​ရ​ကြ​ပါ၏။ အို​ဘု​ရား​သ​ခင်၊ ဆင်း​ရဲ​သော​သူ​တို့​အ​ဖို့ ကျေး​ဇူး​တော်​အား​ဖြင့် ပြင်​ဆင်​တော်​မူ၏။